မကွေးဈေးကွက်မှာ ဒီတစ်ပတ် ပဲစင်းငုံနီကို ရန်ကုန်ဝယ်လက်က အိန္ဒိယအဆွဲပြန်လိုက်လာတဲ့အပေါ် မူတည်ပြီး ဈေးပေးအဝယ်ရှိတာ ကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ်ပိဿာကို ၁၀၅၅ ကျပ်(တစ်တန်ကို ၆၄၆၀၇၁ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၅၀၀ ခန့်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ပဲဈေးကျတဲ့အခါမှာ အရောင်းနည်းခဲ့တဲ့ ရောင်းလက်တွေက ခုလိုဈေးမြင့်လာတဲ့အခါမှာ ထုတ်ရောင်းမှုတွေရှိလာတာကြောင့် အရောင်းအဝယ်ဖြစ်မှုပမာဏ တွေလည်း အနည်းငယ်တိုးလာတယ်လို့ ဆိုပါတယ်။ ကုလားပဲ (ထိုင်ဝမ်) ကို ရန်ကုန်ဝယ်လက်တချို့နဲ့ မြို့ခံခွဲစက်တွေက ဝယ်အား ပုံမှန်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးအနည်းငယ်မြင့်လာ တယ်လို့ သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၉၁၆ ကျပ်(တစ်တန်ကို ၅၆၀၉၄၉ ကျပ်)ဈေးနဲ့ တစ်ရက်ကို အိတ် ၂၀၀ မှ ၃၀၀ ကြားဖြစ်ခဲ့တယ်လို့ သိရပါတယ်။
Background