Main menu

Background

ရေခဲငါး၊ ပုစွန်များနဲ့ ရောနှောဖုံးအုပ်ပြီး သယ်ဆောင်လာတဲ့ ထိုင်း ကြက်သဲ၊ ကြက်မြစ်၊ ကြက်သားများ

Thu, 04/11/2013 - 11:36 -- ydnar

စားသုံးသူ အကာအကွယ်ပေး ရေးနဲ့ တရားမဝင်ကုန်သွယ်မှုများ လျော့နည်းကျဆင်းစေရေးအတွက် မြဝတီ-ရန်ကုန် ကုန်သွယ်မှုလမ်း ကြောင်းမှာ တာဝန်ထမ်းဆောင်နေတဲ့ Mobile Team အဖွဲ့-၂ ဟာ မတ်လ ၃၀ ရက်နေ့ ၀၂း၅၅ အချိန်မှာ ဒိုင်နာ အမျိုးအစားယာဉ်အမှတ် ၂ခ/xxxx  ဟာ ရေခဲငါးပုံးများတင်ဆောင်ပြီး သြဘငူန ွှနော စစ်ဆေးမှုကိုခံယူခဲ့ပါတယ်။ ထိုယာဉ်အားစစ်ဆေးရာမှာ ယာဉ်ပေါ် မှာပါရှိလာတဲ့ ရေခဲပုံးများအတွင်းမှာ ထိုင်းနိုင်ငံမှကြက်သဲ၊ ကြက်မြစ်၊ ကြက်သားများကို ရေခဲငါး၊ ပုစွန်တို့နဲ့ ရောနှောဖုံးအုပ်ထားတာကို စစ်ဆေး တွေ့ရှိခဲ့ရတယ်လို့ သတင်းရရှိပါတယ်။ သြဘငူန ွှနော အဖွဲ့အနေနဲ့ ယာဉ်ပေါ်မှာတွေ့ရှိရတဲ့ ပုစွန်များမှာ မွေးမြူရေးနဲ့ရေလုပ်ငန်းဝန်ကြီးဌာန၊ ငါး လုပ်ငန်းဦးစီးဌာနရဲ့ မျှောစာပါရှိတဲ့ အတွက် ပုစွန်များကိုတော့သိမ်းဆည်း ခြင်းမပြုဘဲ ခန့်မှန်းကျပ် ၈၁၃၀၀၀ တန်ဖိုးရှိ ကြက်သဲကြက်မြစ် ၅၄၀ ကီလိုဂရမ်နဲ့ ကြက်သားကီလို ၁၁၀ ကို သိမ်းဆည်းခဲ့ပါတယ်။

 
ထိုဖမ်းဆီးရမိပုပ်သိုးပျက်စီးလွယ် ပစ္စည်းများကို မတ်လ ၃၁ ရက် ၁၈း၀၀ ချိန်မှာ စစ်တောင်းတံတားလမ်း ဟောင်းနဲ့ လမ်းသစ်ဆုံရပ်လမ်း ဟောင်းဘေးမှာ ကျင်းတူးထုံးဖြူး၊ မြေမြှုပ်ဖျက်ဆီးမှုအား Mobile Team အဖွဲ့စုံနဲ့ ဝေါမြို့နယ်စည်ပင်သာယာ ရေးဦးစီးဌာန ကိုယ်စားလှယ်များ ပါဝင် သောအဖွဲ့နဲ့ ဖျက်ဆီးပြီးဖြစ်တယ်လို့ သိရပါတယ်။ အလားတူ ဧပြီလ ၁ ရက်နေ့ ၂၁း၀၀ ချိန်မှလည်း ဝင်ရောက်စစ်ဆေး ခံတဲ့ ကင်တာယာဉ် ၁ခ/xxxx ပေါ်မှာ ဖုံးအုပ်သယ်ဆောင်လာတဲ့ ရေခဲငါး၊ ပုစွန်နဲ့ကြက်အသဲကြက်မြစ်၊ ကြက်သား ၂၄၀ ကီလိုဂရမ်၊ ခန့်မှန်း တန်ဖိုးကျပ်၂၈၈၀၀၀ ကိုလည်း ရှာဖွေ တွေ့ရှိခဲ့တဲ့အတွက် ဧပြီလ ၂ ရက်နေ့ ၀၈း၃၀ အချိန်မှာ Mobile Team  အဖွဲ့-၂၊ ဝေါမြို့နယ် စည်ပင်ယာသာ ရေးဦးစီးဌာန ကိုယ်စားလှယ်၊ သတင်းနဲ့ စာနယ်ဇင်းအဖွဲ့တို့နဲ့ အစည်းအဝေး ဆုံးဖြတ်ပြီး စစ်တောင်းတံတားလမ်း ဟောင်းနဲ့လမ်းသစ်ဆုံရာလမ်းဟောင်း ဘေးမှာမြေမြှုပ်ဖျက်ဆီးပြီးဖြစ်တယ်လို့ သတင်းရရှိပါတယ်။Source;လရ-၂                                                                                                         MTN