မြဝတီ-ရန်ကုန် လမ်းကြောင်းပေါ်ရှိကသရ (လရ-၂) အဖွဲ့ဟာ၂၀၁၃ ခုနှစ် မတ်လ ၂၂ ရက်နေ့ နံနက် ၀၉း၁၅ ချိန်ခန့်မှာ ဝေါမြို့နယ် ညောင်ခါးရှည်ကျေးရွာ အနီးရှိ ယာဉ်အမှတ် ၈ဂ/xxxx ပေါ်မှ ထိုင်းနိုင်ငံ ထုတ် ပုစွန် ၁၂၄ ကီလိုနဲ့ ကြက်မြစ်ကြက်သဲ ၂၀၀ ကီလို တရားမဝင်သယ်ဆောင်လာတဲ့အတွက် Mobile Team အဖွဲ့-၂ အဖွဲ့ဝင်များမှ ဟန့်တားထိန်းသိမ်းရပြီး အများပြည်သူ စားသုံးဖို့ အန္တရာယ်ရှိတဲ့အတွက်ကြောင့် မီးရှို့ဖျက်ဆီးဖို့ဆုံးဖြတ်ကြပါတယ်။ တားဆီးထားတဲ့အန္တရာယ်ရှိ စားသောက်ကုန်ပစ္စည်းကို အကောက်ခွန် ဦးစီးဌာနသို့ အမှုတွဲအမှတ် ၁၁-လရ-၂/၂၀၁၃ (၅၁၅) ဖြင့်အမှုဖွင့်ဆောင်ရွက်ခဲ့ ခြင်းဖြစ်ကြောင်း၊ ခန့်မှန်းကာလတန်ဖိုးဟာ ပုစွန် ၁၂၄ ကီလို (၂၇၂၈၀၀ ကျပ်)၊ ကြက်မြစ်ကြက်သဲ ၂၀၀ ကီလိုအတွက် (၂၄၀၀၀၀ ကျပ်) စုစုပေါင်း (၅၁၂၈၀၀ ကျပ်) ရှိကြောင်း အဖွဲ့စုံရဲ့ရှေ့မှောက်မှာမီးရှို့ဖျက်ဆီးပြီးဖြစ်ကြောင်း သတင်းရရှိပါ တယ်။ Source:ကသရ (လရ-၂)ဒသက
Background