Main menu

Background

အမျိုးသားရေးအမြင်ဖြင့် ဆောင်ရွက်ရန်လို

Thu, 04/11/2013 - 11:38 -- ydnar

ယခုအခါ စိုက်ပျိုးရေးသွင်းအားစု ဓာတ်မြေသြဇာနဲ့ပိုးသတ်ဆေး များ အရည်အသွေးမပြည့်မီမှု၊ အတုအပ ပြုလုပ်မှု၊ သက်တမ်းလွန်မှု များကြောင့် တောင်သူများအခက်အခဲနဲ့ ကြုံတွေ့နေရခြင်းနဲ့ စပ်လျဉ်းပြီး အရောင်းဆိုင်တွေအနေနဲ့ အမျိုးသားရေးအမြင်နဲ့ လာ ရောက်ချပေးတဲ့ပစ္စည်းတွေဟာ မှတ်ပုံတင်ထားခြင်းရှိမရှိ၊ Life ရှိမရှိ အားExpirary Date  များကိုစစ်ဆေးပြီးမှ လက်ခံရောင်းပေးသင့် ပါတယ်။ တောင်သူတွေကို လျင်လျင်မြန်မြန် စီးပွားဖြစ်စေ၊ အောင်မြင် စေရန် ထုတ်လုပ်သူ၊ ဖြန့်ဖြူးသူ၊ ရောင်းချသူ၊ သုံးစွဲသူများ အားလုံး စည်းနဲ့ကမ်းနဲ့လိုက်နာ လုပ်ဆောင်ကြဖို့လိုတယ်လို့ အသိပေးလိုပါ တယ်။

သံသယဖြစ်ဖွယ်ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေးစာရင်းများပေါ် ထွက်လာတဲ့အခါမှာတော့ တောင်သူတွေ သုံးစွဲမှုရပ်သွားတဲ့အတွက် ကုန်သည်၊ ဖြန့်ဖြူးသူ၊ ဆိုင်ပိုင်ရှင်အနေနဲ့ အရောင်းအဝယ်တွေခေတ္တ ဆိုင်းငံ့ သွားကြပါတယ်။ ဒီလိုသတင်းထုတ်ပြန်ခြင်းဖြင့် မှန်မှန်ကန် ကန်လုပ်ဆောင်မှုကိုရှိလာနိုင်စေမှာဖြစ်ပါတယ်၊ တရားဝင်တင်သွင်း သူကလည်း အာမခံရှိရှိနဲ့သွင်းနိုင်သလို တရားမဝင်တင်သွင်းသူတွေ လည်း ရပ်တန့်သွားကြ မှာ ဖြစ်ပါတယ်။ အချို့တောင်သူများကလည်း အရည်အသွေးမကောင်းမှန်း သိပေမဲ့ အေ<ကးရလို့သုံးကြတာမျိုးတွေကတော့ မိအေး နှစ်ခါ မဟုတ်ဘူး သုံးခါနာတယ်လို့ ထောက်ပြမှုကိုကြားသိခဲ့ရပါတယ်။ "သီးနှံအထွက် ထိခိုက်ခြင်း၊ အရည် အသွေးမကောင်းခြင်း၊ သီးနှံ ပျက်စီးမှုရှိခြင်း"၊ " မကောင်းမှန်းသိလျက်နဲ့သုံးရခြင်း" '' တစ်ရာသီစာ အချိန် ဆိုတာဆုံးရှုံးသွားရခြင်း" ဆိုပြီး သုံးခါနာသွားရတာပဲဖြစ်ပါ တယ်။ နယ်စပ်ကတရားမဝင် ဝင်လာတဲ့ပစ္စည်းတွေမှာ နိုင်ငံတကာမှာ တားမြစ်ထားတဲ့လူကိုအန္တရာယ်ဖြစ်စေ တာပါနေပါတယ်။ တရုတ်စာ နဲ့ရိုက်ထားတဲ့အတွက် မဖတ်တတ်ပါ၊ ဘာအတွက်ဘယ်လိုသုံးရမယ်၊ ဘယ်လို အချိုးအဆနဲ့ ရေရောရမယ်ဆိုတာတွေမပါ ပါဘူး၊ အရုပ်ကို ကြည့်ပြီးယူဆသုံးစွဲနေရတာဖြစ် ပါတယ်။ နိုင်ငံတကာ က တားမြစ် ထားတာကို မြန်မာပြည်ကိုဝင်လာပြီး ဈေးပေါပေါ နဲ့ရောင်းနေကြတာ ဖြစ်ပါ တယ်။ ထိုင်း၊ တရုတ်နဲ့အိန္ဒိယ နယ်စပ်များမှ တရားမဝင် ဝင်လာတာတွေများပါတယ်။ ပိုးသတ်ဆေးကတော့စားသုံးသူရော ကိုင်တွယ် အသုံးပြုသူများပါအန္တရာယ်ရှိပါတယ်။ ယခုလို  NGO အဖွဲ့အစည်းများနဲ့ အစိုးရတို့ပူးပေါင်း ရပ်တည် ဆောင်ရွက်နိုင်တာ နဲ့အမျှ မဟုတ်မမှန်ဖြန့်ဖြူးရောင်းချသူ၊ အရည်အသွေးမမှန် တာတွေ ပြည်ပက တင် သွင်း လာတာတွေရပ်တန့်လာမှာ ဖြစ်ပါတယ်။ အနာဂတ်မှာလယ်သမားတွေရဲ့ ကုန်ထုတ်လုပ်ငန်းတွေ ဝိုင်းဝန်း ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်တော့မယ်လို့ စိုက်ပျိုးရေးဦးစီးဌာန Plant Protection ဌာနညွှန်ကြားေ ရးမှူး ဦးတင်စိုးက မတ်လ ၃၀ ရက်နေ့ကပြုလုပ်တဲ့မီဒီယာများ နဲ့ တွေ့ဆုံပွဲမှာပြောကြားခဲ့ တာဖြစ်ပါ တယ်။                                              ဂန္ဓမာ