Main menu

Background

အိန္ဒိယ မွန်ဘိုင်းဈေးကွက်တွင် မြန်မာပဲစင်းငုံဈေးပြန်တက်၊ မတ်ပဲအဝယ်နည်း၍ဈေးကျ

Mon, 04/29/2013 - 10:42 -- ydnar

ယခုရက်ပိုင်းအတွင်း အိန္ဒိယမွန်ဘိုင်းဈေးကွက်မှာ မြန်မာပဲစင်းငုံနီကို အကျဈေးဖြင့် ပဲခွဲစက်နှင့် ကုန်သည်များမှ ဝယ် လိုအားများလာတဲ့အတွက် ဈေးမြင့်တက်လာခဲ့ပြီး မတ်ပဲကို ဈေးမေးစုံစမ်းဝယ်ယူမှု မရှိသေး တာေ ကြာင့် ဈေးငြိမ်နေပါတယ်။ ၂၀၁၃ ခုနှစ်၊ ဧပြီလ ၂၄ ရက်နေ့က အိန္ဒိယနိုင်ငံရဲ့ ဘာသာရေးပွဲတော်နေ့ဖြစ်၍ မွန်ဘိုင်းေ ဈးကွက် အပါအဝင် ပြည်တွင်း ပဲဈေးကွက်အများစု ပိတ်ထားခဲ့ပါတယ်။

မွန်ဘိုင်းဆိပ်ကမ်းမှာ မာလာဝီပဲစင်းငုံ ကွန်တိန်နာ ၁ လုံး၊ မိုဇမ်ဘစ်ပဲစင်းငုံ အလုံး ၅၀၊ ပါကစ္စတန် ပဲတီစိမ်းအခြမ်း ၄ လုံး၊ အာဂျင်တီးနား ပဲတီစိမ်း ၄ လုံး၊ ကင်ညာပဲတီစိမ်း ၄၁ လုံး၊ အီသီယိုးပီးယားမြေထောက် ၅ လုံး၊ ကနေဒါပဲနီလေး ၁၁ လုံး ဝင်ရောက်လာခဲ့ပါတယ်။ ချန်နိုင်းဆိပ်ကမ်းမှာ မတ်ပဲကွန်တိန်နာ ၁၂၉ လုံး၊ ပဲစင်းငုံ ၃၉ လုံး၊ ပဲကြီး ၁၂ လုံး၊ ပဲလွန်း ၆ လုံး၊ ပဲဝါလေး ၂၀ လုံး၊ ပဲနီလေး ၇၆ လုံး၊ ပဲတီစိမ်း ၉၅ လုံးဝင်ရောက်လာခဲ့ပါတယ်။ အိန္ဒိယအစိုးရပိုင်အေဂျင်စီဖြစ်တဲ့ STC မှ မြန်မာ ပဲစင်းငုံနီလီမွန်ကို အရောင်းတင်ဒါခေါ်ယူထားပြီး အနည်းဆုံး တန်ချိန် ၂၀၀ အဆိုတင်သွင်းရမှာဖြစ်ကြောင်း၊ တင်ဒါပိတ် ရက်မှာ ၂၀၁၃ ခုနှစ် ဧပြီလ ၂၆ ရက်နေ့ဖြစ်ကြောင်း သိရပါတယ်။                နှင်းဧကရီ -DTP