Main menu

Background

ကမ္ဘာ့ ပဲမျိုးစုံဈေးကွက် အရောင်းအဝယ် ညီမျှလျက်ရှိ

Mon, 04/29/2013 - 10:38 -- ydnar

အဓိကပဲများဖြစ်တဲ့ ကုလားပဲ၊ စား တော်ပဲနဲ့ ပဲနီလေးအပါအဝင် ကမ္ဘာ့ ပဲမျိုးစုံစုစုပေါင်းထုတ်လုပ်မှုက လက်ရှိ ရာသီထက် ၂၀၁၃-၁၄ မှာ အနည်း ငယ် မြင့်တက်နိုင်ကြောင်း အပြည်ပြည် ဆိုင်ရာ ကုန်သည်နဲ့ ပဲလုပ်ငန်း သုတေ သနအဖွဲ့အစည်းနှစ်ပတ်လည် ညီလာခံ ကို တက်ရောက်ခဲ့တဲ့ ကျွမ်းကျင်သူများ က ခန့်မှန်းခဲ့ပါတယ်။ ကမ္ဘာ့ပဲမျိုး စုံ ရောင်းလိုအားနဲ့ ဝယ်လိုအားကို ဆွေး နွေးကြပြီး ညီလာခံမှာ ၂၀၁၃-၁၄ အတွင်းစားတော်ပဲထုတ်လုပ်တဲ့ အဓိက ဒေသများဖြစ်တဲ့ ကနေဒါ၊ ရုရှား၊ ပြင်သစ်၊ အမေရိကန်နဲ့ သြစတြေးလျ နိုင်ငံများမှ ပိုမိုထုတ်လုပ်ခြင်းကြောင့် တန်ချိန် ၁၀ ဒသမ ၈ သန်း ရှိလာနိုင် မယ်လို့ ခန့်မှန်းကြပါတယ်။ ဒါပေမဲ့ ကမ္ဘာ့ပဲနီလေးစိုက်ပျိုးထုတ်လုပ်မှုမှာ အနည်းငယ် ကျဆင်းပြီး တန်ချိန် ၃ ဒသမ ၆ သန်းသာ ထုတ်လုပ်နိုင်မှာဖြစ် ပါတယ်။ ကုလားပဲစိုက်ပျိုးမှု များလာ တာကြောင့် ကုလားပဲ ထုတ်လုပ်မှုမှာ ၂၀၁၂-၁၃ ရာသီမှာ တန်ချိန် ၉ ဒသမ ၄ သန်းမှ လာမယ့် နှစ်မှာ တန်ချိန် ၉ ဒသမ ၇ သန်းကို တိုးမြှင့် ထုတ်လုပ် နိုင်မှာဖြစ်ပါတယ်။

ပဲနီလေးဈေးနှုန်းက ရောင်းလို အား နည်းပါးပြီး ဝယ်လိုအားကောင်း နေရာ လာမယ့်နှစ်မှာ ဆက်လက် အား ကောင်းနေမှာဖြစ်ပြီး အခြားပဲမျိုးစုံ ဈေးနှုန်းမှာလည်း မြင့်တက်နိုင်ကြောင်း ခန့်မှန်းကြပါတယ်။ ပဲမျိုးစုံဈေးကွက် က အရောင်းအဝယ်ညီမျှနေတာကြောင့် ပဲဈေးနှုန်းများ အတက်အကျခန့်မှန်း ရ ခက်ကြောင်း သိရှိရပါတယ်။ ကမ္ဘာ့ ပဲမျိုးစုံ ဈေးကွက်ကို ကိုင်လှုပ်လျက်ရှိတဲ့ အိန္ဒိယနိုင်ငံက ပဲမျိုးစုံထုတ်လုပ်မှုကို ၂၀၁၂-၁၃ ရာသီက တန်ချိန် ၁၇ ဒသမ ၆ သန်းရရှိခဲ့ရာမှ ၂၀၁၃-၁၄ ရာသီမှာ တန်ချိန် ၁၉ သန်းထိ ထုတ် လုပ်ဖို့ ခန့်မှန်းထားကြောင်း သိရှိရ ပါ တယ်။                နှင်းပန်းဖြူ