Main menu

Background

မုံရွာကုန်စည်ဒိုင် နှစ်သစ်ကူးပဲဈေးကွက် ပဲအများစု ဈေးတက်လာ

Mon, 04/29/2013 - 10:45 -- ydnar

မြန်မာ့ရိုးရာ သြင်္ကန်ပွဲတော်အပြီး မုံရွာကုန်စည်ဒိုင် နှစ်ဆန်းပဲဈေးကွက်မှာ ပဲအများစု ဈေးတက်လာခဲ့ ပါတယ်။ နထစသမအ ဆွဲအားကြောင့်မဟုတ်ဘဲ မနှစ် ကရာသီဥတုအခြေအနေကြောင့် သီးနှံ အများစု အထွက်နှုန်း ထိခိုက်ခဲ့ပြီး၊ အခု လိုပဲလက်ကျန်နည်းချိန်မှာ ဝယ်လိုအား ကောင်းနေတဲ့အတွက် တက်ဈေးဖြစ်ခဲ့ တာလို့ ကုန်စည်ဒိုင် အသိုင်းအဝန်းဆိုပါ တယ်။

ယခု နှစ်ဆန်းကာစ ပထမပတ်ပဲ ဈေးကွက်မှာ ကုလားပဲမျိုးကွဲအားလုံး အခုလို တက်ဈေးဖြစ်ပေါ်ခဲ့ပါတယ်။ ထိုင်ဝမ် တစ်တင်း ၁၈၀၀၀ ကျပ်မှ ၁၉၁၀၀ ကျပ်၊ V2 တစ်တင်း ၁၈၄၀၀ ကျပ်မှ ၁၉၆၀၀ ကျပ်၊ 929 တစ်တင်း ၁၈၃၀၀ ကျပ်မှ ၁၉၅၀၀ ကျပ်သို့ အသီး သီးဈေးတက်လာခဲ့ပြီး၊ အရောင်းအဝယ် ပမာဏမှာ တစ်ရက် ထိုင်ဝမ်အိတ် ၃၀၀ ခန့်၊ V2 အိတ် ၁၀၀၀ ခန့်နဲ့ 929 အိတ် ၅၀၀ ခန့်ဖြစ်ခဲ့တယ်လို့ဆိုပါတယ်။ ဝယ် လက်အနေနဲ့ V2 ကို ရန်ကုန်လက် အနည်းငယ်နဲ့ ဒေသလှောင်လက်များ၊ လုပ်ငန်းသုံးသမားများ ပုံမှန်ဝယ်ယူ မှု ရှိခဲ့တယ်လို့ ကုန်စည်ဒိုင်ရပ်ကွက်က သိ ရပါတယ်။ ပဲတီစိမ်း ဈေးကွက်အနေနဲ့ နယ် အဝင် ပစ္စည်းမရှိဘဲ ပဲလက်ကျန် ရှိသူ တချို့ ကြိုက်ဈေးရတဲ့အခါ ရောင်းချ မှုသာရှိခဲ့ပြီး ယခုတစ်ပတ်မှာ စိမ်းကြီး တစ်တင်း ၂၀၀၀၀ကျပ်မှ ၂၃၀၀၀ ကျပ်၊ စိမ်းသေးတစ်တင်း ၂၀၀၀၀ ကျပ် မှ ၂၁၀၀၀ ကျပ် အသီးသီးဈေးတက်ခဲ့ ပါတယ်။ စွန်တာနီပဲအနေနဲ့ ဒေသတွင်း လုပ်ငန်းသုံးသာမက၊Export  အတွက် ရန်ကုန်ဝယ်လက်ဆွဲလို့ တစ်တင်း ၁၅၀၀၀ ကျပ်မှ ၁၆၇၀၀ ကျပ်ထိ ဈေး မာလာ  ခဲ့ကာ တစ်ရက်မှာ အိတ် ၅၀၀ မှ ၁၀၀၀ ကြား အရောင်းအဝယ်ဖြစ်နိုင် တယ်လို့ သိရပါတယ်။ မြေထောက်ပဲဈေးကွက်မှာတော့ ရန်ကုန်ဝယ်လက်ပုံမှန်ဆွဲနေဆဲဖြစ်လို့ တစ်တင်း ထိပ်စ ၂၉၅၀၀ ကျပ်နဲ့ အောက်စ ၂၇၀၀၀ ကျပ်မှာ ဈေးမာနေ ကာ ပစ္စည်းအဝင် အနည်းငယ်လျော့ လာတဲ့အတွက် တစ်ရက် အိတ် ၅၀၀ ခန့်သာ အရောင်းအဝယ် ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ယခုတစ်ပတ် နှစ်ဆန်းဈေး ကွက်မှာ ထောပတ်ပဲတစ်တင်း ၁၅၀၀၀ ကျပ်မှ ၁၆၀၀၀ ကျပ်ထိ တက်ခဲ့သလို ပဲကြီးဈေးလည်း ပဲပြားအကြီးအသေး အလိုက် တစ်တင်း ၂၉၅၀၀ ကျပ်နဲ့ ၃၁၀၀၀ ကျပ်ထိ ဈေးမာခဲ့ကာ ပဲပြား အကြီးက ဈေးပိုရ တယ်လို့ ဆိုပါတယ်။ ပြည်တွင်းလုပ်ငန်းသုံးနဲ့ ရန်ကုန်လက်၊ တရုတ်လက်တွေဝယ်လိုအားကောင်းပေမဲ့ ဒီနှစ်ပဲကြီးအထွက်လျော့လို့ ဈေးကွက် မှာ ပဲဈေးအတက် မြန်ခြင်းဖြစ်တယ်လို့ ကုန်သည်လိုင်းက ဆိုပါတယ်။ နှစ်ဆန်း ပဲ ဈေးကွက်မှာ အခြားပဲမျိုးစုံ တက်ဈေး ဖြစ်နေပေမဲ့ ထူးထူးခြားခြား ကျဈေးဖြစ် ခဲ့ရတာက ပဲစင်းငုံပါ။ နှစ်ဟောင်းက ဈေးကွက်ပိတ်ချိန်မှာ တစ်တင်း ၂၁၃၀၀ ကျပ်ရှိခဲ့ပေမဲ့ အခုအပတ်မှာ ငုံနီအသစ် တစ်တင်း ၂၀၉၀၀ ကျပ်နဲ့ အဟောင်း တစ်တင်း ၂၀၃၀၀ ကျပ်ထိ ကျဈေးဖြစ် ခဲ့တာ တွေ့ရပါတယ်။Export  အတွက် ရန်ကုန်က အဝယ်မလိုက်သလို လှောင် လက်ကလည်းဈေးမကြိုက်သေးလို့ ဝယ် လို အားကျဆင်းနေခြင်းကြောင့် အခုလို ဈေးကျခဲ့တာဖြစ်တယ်လို့ ကုန်သည် ရပ်ကွက်ကဆိုပါတယ်။ထွန်းလှိုင်-မုံရွာ