Main menu

Background

ရောင်းဝယ်မှု အားကောင်းလာတဲ့ မန္တလေးကုန်စည်ဒိုင်မှ မြေထောက်ပဲနဲ့ ထောပတ်ပဲ

Mon, 04/29/2013 - 12:09 -- ydnar

မန္တလေးကုန်စည်ဒိုင်(ပွဲစား၊ ကုန်သည်၊ စက်ပိုင်များကထိန်တော်အသင်း)ဟာ နှစ်စဉ်မြေထောက်ပဲ တန်ချိန် ၈၀၀၀ ကျော်နဲ့ ထောပတ်ပဲတန်ချိန် ၂၀၀၀၀ ကျော်ဝယ်ယူရောင်းချလျက်ရှိပါတယ်။ မြေထောက်ပဲကို ဟုမ္မလင်း၊ မုံရွာ၊ ကလေးဝ၊ ဗန်းမော်၊ ကသာ၊ ရွှေဘို၊ ဝက်လက်ဒေသများမှ ဝယ်ယူရရှိပြီး၊ ထောပတ်ပဲကို မတ္တရာ၊ ပုသိမ်ကြီး၊ တံတားဦး၊ ချောင်းဦး၊ မုံရွာ၊ ဂန့်ဂေါ၊ ကလေး၊ မကွေး၊ ချောက်၊ ရေနံချောင်း၊ ပခုက္ကူဒေသများမှ ဝယ်ယူရရှိပါတယ်။

ယခု ၂၀၁၃ ခုနှစ်၊ ဧပြီလ စတုတ္ထပတ်မှာ မြေထောက်ပဲ တစ်ပိဿာ ၁၆၆၇ ကျပ် (တစ်တန် ၁၀၂၀၈၅ ကျပ်)နဲ့ နေ့စဉ်သုံးတင်းအိတ် ၅၀၀ ကျော် အရောင်း အဝယ်ဖြစ်ပြီး၊ ယခင်လနဲ့ ဈေးနှုန်းနှိုင်းယှဉ်ပါက အမြင့်ဈေးကို ရောက်နေသလို ထောပတ်ပဲလည်း အမြင့်ဈေးကို ရောက်နေပါတယ်။ ထောပတ်ပဲတစ်ပိဿာ ၉၉၆ ကျပ် (တစ်တန် ၆၀၉၉၄၀ ကျပ်)နဲ့ နေ့စဉ် သုံးတင်းအိတ် ၄၀၀ မှ ၅၀၀ အကြား အရောင်းအဝယ်ဖြစ်နေပါတယ်။ ပြည်တွင်းဝယ်လက်များသာ ပုံမှန်ဝယ်ယူမှုရှိတဲ့ ထောပတ်ပဲနဲ့ မြေထောက်ပဲ များမှာ ဈေးမြင့်လာမှုရှိပေမယ့် သိသိသာသာမြင့်တက်ခြင်းတော့မရှိပါဘူး။ ပြည်ပကို မြေထောက်ပဲအနည်းငယ်သာ အထွက်ရှိပေမယ့် ပြောပ လောက် တဲ့ အတိုင်း အတာတော့ မရှိသေးကြောင်း၊ စိုက်ပျိုးမှုလည်း နည်းပါးနေသေးကြောင်း၊ ထောပတ်ပဲ မှာ ပြည်ပ (တရုတ်)နိုင်ငံမှ ထွက်ရှိတဲ့ ပဲရဲ့အရည်အသွေးအရွယ်အစားကို မမီလို့ ပြည်ပကို တင်ပို့နိုင်ဖို့ ခက်ခဲနေေ သး ကြောင်း၊ ပြည်ပကို ပဲအမယ်သစ် တင်ပို့နိုင်ဖို့အတွက် ဈေးကွက်ရော ပဲရဲ့အရည်အသွေးပါ စံချိန်မီပြီးကောင်းမွန်ဖို့ လိုအပ်ကြောင်း၊ မြေထောက်ပဲနဲ့ ထောပတ်ပဲများမှာ ပြည်ပကို တင်ပို့ရောင်းချဖို့ အတွက် အလားအလာကောင်းတဲ့ ပဲများ ဖြစ်ကြောင်း ကုန်သည်ပွဲစားတစ်ဦးက ပြောပါတယ်။ စိုးအောင် - မန္တလေး