Main menu

Background

ကူးသန်းရောင်းဝယ်ရေးစခန်းများမှ ပရဆေးကုန်ကြမ်း ၆၄၄ တန်ကျော် တင်ပို့

Mon, 04/29/2013 - 12:18 -- ydnar

ဧပြီလ ၁၇ ရက်မှ ၂၃ ရက်နေ့ထိ ကာလအတွင်းမှာ မူဆယ် ၁၀၅ မိုင် ကူး သန်းရောင်းဝယ်ရေးစခန်းနှင့် တာချီလိတ် ကူးသန်းရောင်းဝယ်ရေးစခန်းများမှ ကန် ဒေါ်လာ သုည ဒသမ ၃၀၅ သန်း တန်ဖိုးရှိ ပရဆေးကုန်ကြမ်း  ၆၄၄ တန် ကျော်တင်ပို့ခဲ့ပါတယ်။ ယခင်အပတ်က တန်ချိန် ၁၁၆၀ ကျော်တင်ပို့နိုင်ခဲ့လို့ ယခုအပတ်မှာ ၅၁၅ တန် ကျော်တင်ပို့မှု လျော့ခဲ့ပါတယ်။ မူဆယ် ၁၀၅ မိုင် ကူးသန်းရောင်းဝယ်ရေးဇုန်မှ ယခု အပတ်မှာ ကွမ်းစားဂမုန်း တစ်မျိုးတည်း သာပိုမိုတင်ပို့နိုင်ခဲ့ပြီး မန်ကျည်းမှည့် (အစေ့ပါ)၊ ဝဥခြောက်၊ ဆီးသီးခြောက်၊ မိကျောင်းကွမ်းဖတ်စေ့၊ ကြက်ဆူစေ့၊ စကားပန်းပွင့်ခြောက်၊ ကွမ်းသီးခွံ၊ ဖန် ခါးသီးခြောက်တို့မှာ ယခင်အပတ်က ထက်တင် ပို့မှု လျော့နည်းခဲ့ပါတယ်။ ယခင်အပတ်က တင်ပို့မှုမရှိတဲ့ တော ချင်းနဲ့တောင်လုံးကျော်တို့ကိုလည်း ယခုအပတ်မှာ တင်ပို့ခဲ့ပါတယ်။ ယခု အပတ်မှာ တာချီလိတ်စခန်းမှ ကန် ဒေါ်လာ သုည ဒသမ ၀၀၅ သန်းတန်ဖိုး ရှိ အုံတုံခေါက် ၁၆ တန် ကိုစတင် တင်ပို့နိုင် ခဲ့ပါတယ်။ ယခုအပတ်မှာ မြန်မာ-အိန္ဒိယနယ်စပ်ရှိ တမူးကူးသန်း ရောင်းဝယ်ရေးစခန်းမှ ကန်ဒေါ်လာ သုညဒသမ ၀၀၁ သန်းတန်ဖိုးရှိ တောင် လုံးကျော် ၁ တန်ကျော်တင်သွင်းမှု ရှိခဲ့ပါတယ်။ခင်ကလျာဦးMIRT (DCCA)