Main menu

Background

ဧပြီလအတွင်း ပင်လယ်ရေကြောင်းလမ်းမှ ဓါတ်ဆီ/ဒီဇယ် တန်ချိန် ငါးထောင့်ငါးရာ ကျော်သာဝင်

Mon, 04/29/2013 - 12:23 -- ydnar

ဧပြီလ ၇ ရက် မှ   ၁၃ ရက် အတွင်း ဓာတ်ဆီ တန်ချိန် သုံးထောင့်ငါးရာ၊ ဒီဇယ် တန်ချိန် နှစ်ထောင်၊ စုစုပေါင်း တန်ချိန် ငါးထောင့်ငါးရာကို တင်သွင်းခွင့် လိုင်စင် လျှောက်ထားခဲ့တယ်လို့ သိရပါတယ်။ ဧပြီလပထမအပတ် အတွင်းမှာ ဓါတ်ဆီအဝင်မှာ တန်ချိန် တစ်သောင်းတစ်ထောင်ကျော်ရှိခဲ့ပြီး ဒီဇယ်အဝင်မှာ တန်ချိန် နှစ်သောင်း ခုနှစ်ကျော် စုစုပေါင်း ဓါတ်ဆီ၊ ဒီဇယ် အဝင်တန်ချိန်မှာ တန်ချိန် သုံးသောင်းရှစ်ေ ထာင်ကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ တန်ချိန် သုံးသောင်း နှစ်ထောင်ကျော် အဝင်လျော့ခဲ့ တယ်လို့ သိရပါတယ်။

ပြည်တွင်းပုဂ္ဂလိက စက်သုံးဆီဆိုင်များမှာ ဧပြီလ ၁ ရက်နေ့မှ ၅ ရက်နေ့  အတွင်း ပြင်ပမှာ လက်လီရောင်းချနေတဲ့ ဒီဇယ်ဈေးများက တောင်ကြီး၊ မော်လမြိုင်၊ မန္တလေး၊ ရန်ကုန်မှာ ဈေးငြိမ်နေပါတယ်။  ဒီဇယ် ဈေးငြိမ်နေသော်လည်း ဓါတ်ဆီ မှာ ရန်ကုန်၊ မန္တလေး၊ တောင်ကြီးတို့မှာ ဈေးအနည်းငယ်မြင့်လာကြောင်း  စုံစမ်းရ ပါတယ်။ စက်သုံးဆီဆိုင်ဈေးများမှာ ရန်ကုန် မန္တလေး ၊ တောင်ကြီး ၊ မော်လမြိုင် တို့မှာ ဈေးငြိမ်ေ နကြောင်း သိရပါတယ်။ ဒီတစ်ပတ် ဓါတ်ဆီ/ဒီဇယ်အရောင်းအဝယ်အခြေအနေများမှာ- ရန်ကုန်ဈေးကွက်မှာ ပုဂ္ဂလိက စက်သုံးဆီဆိုင်များမှာ ရောင်းချနေတဲ့ ဓါတ်ဆီ၊ ဒီဇယ်ဈေးမှာ  ယခင်ဈေးနဲ့ဘဲ ရောင်းချတယ်လို့ သိရပါတယ်။ ဒီတစ်ပတ် ပုဂ္ဂလိက စက်သုံးဆီဆိုင်မှာ ရောင်းချနေတဲ့ ဈေးမှာ ဓါတ်ဆီ တစ်လီတာ ၈၁၄ ကျပ်၊ ဒီဇယ် ၈၆၀ ကျပ်၊ အောက်တိန်း ၈၇၀ ကျပ်နဲ့ အဆင့်မြင့်ဒီဇယ် ၈၉၀ ကျပ် နဲ့ရောင်းချတယ်လို့ သိရပါတယ်။ ပြင်ပလက်လီရောင်းချနေတဲ့ ဆိုင်များမှာ သြင်္ကန် မတိုင်မှီ ဈေးမြင့်ပြီး အရောင်းအဝယ်ဖြစ်တဲ့ ဓါတ်ဆီက ဈေးကျလာသလို ဒီဇယ်ကလည်း ဈေးကျလာတယ်လို့ သိရပါတယ်။ ဒီဇယ်က တစ်ပီပါ သုံးထောင် ကျော် ဈေးကျလာသလို ဓာတ်ဆီကတော့ တစ်ပီပါကို သုံးသောင်းကျော် ဈေးကျလာတယ်လို့ သိရပါတယ်။ ဒီတစ်ပတ် ဓာတ်ဆီဈေးက ဝယ်ဈေး တစ်ဂါလန် ၄၂၀၀ ကျပ်ဖြစ်ပြီး ရောင်းဈေး ၄၅၀၀ ကျပ်၊ ဒီဇယ်တစ်ဂါလန် ၃၂၀၀ ကျပ်ဝယ်ပြီး ၃၅၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ ဓာတ်ဆီ၊ ဒီဇယ် အရောင်းအဝယ် သမားတစ်ဦးထံမှ စုံစမ်းသိရှိခဲ့ပါတယ်။ မန္တလေးဈေးကွက်မှာ ဓာတ်ဆီ၊ ဒီဇယ်က ပုံမှန် အရောင်းအဝယ်ရှိနေတယ်။ မန္တလေးဘက်မှာ ပုဂ္ဂလိက စက်သုံးဆီဆိုင်ရဲ့ ဈေးက မပြောင်းပေမဲ့ ပြင်ပ လက်လီ ဆိုင်တွေရဲ့ ဈေးမှာတော့ ဓာတ်ဆီဈေးငြိမ်နေပေမဲ့ ဒီဇယ်ဈေးက နှစ်ရာ ဝန်းကျင် ဈေးကျလာတယ်လို့ သိရပါတယ်။ ဒီတစ်ပတ် ပုဂ္ဂလိက စက်သုံးဆီဆိုင်ရဲ့ ဈေးမှာ ယခင်တစ်ပတ်ဈေးဖြစ်တဲ့  ဓာတ်ဆီတစ်ဂါလန် ၃၈၀၀ ကျပ်၊ ဒီဇယ် တစ်ဂါလန် ၃၉၀၀ ကျပ်နဲ့ ရောင်းချနေပါတယ်။ ပြင်ပလက်လီဆိုင်များတွင် ဒီဇယ်က သြင်္ကန် မတိုင်မီနဲ့ သြင်္ကန်တွင်းမှာ ဝယ်ဈေး ၃၅၀၀ ကျပ်၊ ရောင်းဈေး ၃၇၀၀ ကျပ်ရှိရာမှ ဒီတစ်ပတ်မှာ နှစ်ရာဝန်းကျင် ဈေးကျလာတယ်လို့ သိရပါတယ်။ ဒီတစ်ပတ် လက်လီဆိုင်များရဲ့ အရောင်းအဝယ်ဖြစ်နေတဲ့ ဈေးက ဓာတ်ဆီတစ်ဂါလန် ဝယ်ဈေး ၃၈၀၀ ကျပ်  ရောင်းဈေး ၄၀၀၀ ကျပ်ဖြစ်ပြီး ဒီဇယ်က ဝယ်ဈေး ၃၃၀၀ ကျပ် ၊ ရောင်းဈေး ၃၅၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ ဓာတ်ဆီ၊ ဒီဇယ် ဝယ် ရောင်းသမား တစ်ဦးမှ ပြောပါတယ်။ တောင်ကြီးဈေးကွက်မှာ ဓာတ်ဆီ၊ ဒီဇယ်က ပုံမှန်အရောင်းအဝယ်ဖြစ် တယ်လို့ သိရပါတယ်။ ဒီတစ်ပတ် ပုဂ္ဂလိက စက်သုံးဆီဆိုင်ရဲ့ ဓာတ်ဆီ၊ ဒီဇယ် ဈေးအနည်းငယ်မြင့်လာတယ်လို့ သိရပါတယ်။ ပြင်ပလက်လီ ဆိုင်မှာတော့ ဓာတ်ဆီ ဈေးငြိမ်နေပေမဲ့ ဒီဇယ်ဈေးက တစ်ရာဝန်းကျင် ဈေးကျ လာတယ်လို့ သိရပါတယ်။  ဒီတစ်ပတ်ပုဂ္ဂလိကစက်သုံးဆီဆိုင်ရဲ့ ဈေးမှာ  ဓါတ်ဆီ ၄၀၀၀ ကျပ်၊ ဒီဇယ်၄၀၀၀ ကျပ်နဲ့ ရောင်းချပါ တယ်။ ပြင်ပလက်လီဆိုင်များမှာ အရောင်းအဝယ်ဖြစ်နေတဲ့ ဈေး များမှာ ဓါတ်ဆီ တစ်ဂါလန် ၄၁၀၀ ကျပ်၊ ဒီဇယ် ၃၉၀၀ ကျပ်၊ အောက်တိန်း ၄၀၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရှိရပါတယ်။ မော်လမြိုင်ဈေးကွက်မှာ ပုဂ္ဂလိကစက်သုံးဆီဆိုင်ရဲ့ ဓာတ်ဆီ အောက်တိန်း၊ ဈေးမှာ ဈေးငြိမ်နေပြီး ဒီဇယ်ဈေးမှာ တစ်ရာဈေးမြင့်လာတယ်လို့ သိရပါတယ်။ ပြင်ပလက်လီရောင်းဝယ်မှုမှာ ဓာတ်ဆီ၊ အောက်တိန်း၊ ဒီဇယ်ဈေးကငြိမ်နေပါတယ်။ ဒီတစ်ပတ် ပုဂ္ဂလိကဆိုင်ဈေးကဓာတ်ဆီ ၃၈၀၀ ကျပ်၊ ဒီဇယ် ၄၀၀၀ ကျပ်၊ အောက် တိန်း ၄၀၀၀ ကျပ်နဲ့ ရောင်းချပြီး ပြင်ပလက်လီဆိုင်များမှာ ဓာတ်ဆီတစ်ဂါလန် ၄၂၀၀ ကျပ်၊ ဒီဇယ် ၄၁၀၀ ကျပ်၊အောက်တိန်း ၄၁၀၀ ကျပ်နဲ့ အရောင်းအဝယ် ဖြစ်နေတယ်လို့ သိရှိရပါတယ်။