Main menu

Background

ဗဟိုဘဏ်၏ ရည်ညွှန်းငွေလဲနှုန်း မြင့်တက်လာ

Mon, 04/29/2013 - 12:27 -- ydnar

သြင်္ကန်ကာလအပြီးတွင် ပြည် ထောင်စုမြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ရည်ညွှန်းငွေလဲနှုန်းများ မြင့်တက်လာ ခဲ့ကြောင်း ဗဟိုဘဏ်၏ သတင်းထုတ် ပြန်ချက်အရ သိရသည်။

သြင်္ကန်ပွဲတော်ပြီးဆုံး၍ ရုံးများ ပြန်ဖွင့်စရက်များတွင် ဗဟိုဘဏ်၏ရည် ညွှန်းငွေလဲနှုန်းမှာ သြင်္ကန်မတိုင်မီက အတိုင်းဖြစ်ခဲ့သော်လည်း ဧပြီလ ၂၃ ရက်နေ့မှစတင်ကာ ရည်ညွှန်းငွေလဲနှုန်း ကို ကျပ် ၈၉၀ သို့ တိုးမြှင့်လိုက်ကြောင်း သိရသည်။ ယင်းကဲ့သို့ ရည်ညွှန်းငွေလဲနှုန်း များတိုးမြှင့်လိုက်ခြင်းကြောင့် ပုဂ္ဂလိက ငွေလဲစင်တာများတွင်လည်း ငွေဈေး များ မြင့်တက်လာခဲ့သည်။ သိမ်ဖြူငွေ လဲစင်တာတွင် ဧပြီလ ၂၃ရက်နေ့က ရောင်းဈေး ၈၉၅ကျပ် ဝယ်ဈေး ၈၈၅ ကျပ်ရှိခဲ့ရာမှ ဧပြီလ ၂၆ရက်နေ့တွင် ရောင်းဈေး ၈၉၆ကျပ် ဝယ်ဈေး ၈၈၆ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့သည်။သို့သော် ကမ္ဘောဇဘဏ်တွင် ဧပြီ လ ၂၅ရက်နေ့မှစတင်ကာ ရောင်းဈေး ၈၉၇ကျပ်၊ ဝယ်ဈေး ၈၈၈ကျပ် ဖြင့် ရောင်းဝယ်နေကြောင်း သိရသည်။ပြင်ပငွေဈေးကွက်တွင်မူ ဝယ် ဈေး ကျပ် ၈၉၀၊ ရောင်းဈေး ၈၉၂ကျပ် ဖြင့် ရောင်းဝယ်လျက်ရှိသည်။"ကျွန်တော်တို့ အပြင်ဈေးကွက် မှာ ဟိုတလောက အဖမ်းအဆီးတွေ ရှိခဲ့တော့ ငွေလဲတဲ့သူတွေ သိပ်မလာ တော့ဘူး။ ဒါကြောင့် ဈေးကို စင်တာ တွေထက်ပိုပြီးပေး ဝယ်နေတာပါ။ အခု ဆိုရင် ငွေလဲစင်တာတွေကလည်း နေ ရာတိုင်း လိုလိုမှာ ရှိနေတော့ ကျွန်တော် တို့ ဈေးကွက်ပျက်သလိုတောင်ဖြစ်နေ ပြီ"ဟု ပြင်ပငွေလဲဈေးကွက်အတွင်းမှ ကိုဦးက ဆိုသည်။        မယ်သီတာ