Main menu

Background

ပြည်တွင်း ရွှေဈေးကျဆင်းမှုကြောင့် ရွှေအဝယ်လိုက်နေ

Mon, 04/29/2013 - 12:30 -- ydnar

သြင်္ကန်ပြီးကာလအတွင်းတွင် ပြည်တွင်းရွှေဈေးများ ဆက်တိုက်ကျ ဆင်းနေ မှုကြောင့် ရွှေအဝယ်လိုက်နေ ကြောင်း သိရသည်။ သြင်္ကန်ပြီးဆုံးချိန် တွင် မြန်မာ့ရွှေဈေးသည် ကျပ် ၆၉၆၀၀၀အထိ ကျဆင်းခဲ့ပြီးနောက် ရုံး များပြန်ဖွင့်ချိန်တွင် မြန်မာ့ရွှေဈေးသည် ကျပ် ၇၁၄၅၀၀သို့ ပြန်လည်မြင့်တက် လာခဲ့သည်။

ယင်းကဲ့သို့ အနည်းငယ်ပြန်လည် မြင့်တက်လာခဲ့သော်လည်း မြန်မာ့ရွှေ ဈေးကွက်တွင် ဒုံးရော အထည်ပါ အ ဝယ်လိုက်နေကြောင်း သိရသည်။ ယင်း ကဲ့သို့ အဝယ်လိုက်လာမှုကြောင့် ပြည် တွင်းရွှေဈေးကွက်၏ ဈေးကွက်လိုအပ် ချက်များအာ တရုတ်နိုင်ငံမှ ရွှေများကို ဝယ်ယူ၍ ဖြေရှင်းပေးနေရကြောင်း သိ ရသည်။"ဒီနှစ်ကတော့ ထူးခြားတယ်ဆို ရမယ်။ သြင်္ကန်ပြီးတာနဲ့ ရွှေဈေးက ဝုန်း ဆို ကျသွားတာ။ ရုံးတွေ ပြန်ဖွင့်မှ နည်း နည်းလေးတက်လာတာ။ ရွှေဈေးကျ နေတော့ ရွှေဝယ်စုတဲ့သူတွေရော၊ အထည်ဝယ်တဲ့သူတွေရော အဝယ် လိုက်နေလို့ ပြည်တွင်းရွှေဈေးကွက်မှာ လိုအပ်ချက်တွေ ရှိလာတယ်။ အဲဒီလို အပ်ချက်တွေကို ပြည်ပကနေတင်သွင်း ပြီးတော့ ဖြေရှင်းပေးနေရတယ်"ဟု ရွှေ လုပ်ငန်းရှင်တစ်ဦးက ပြောသည်။ထို့ပြင် ပြည်တွင်းမှ ရွှေထုတ်လုပ် သူများအနေဖြင့်လည်း ပြည်တွင်းထုတ် လုပ်မှုစရိတ်မှာ ကျဆင်းသွားခြင်း မရှိဘဲ ရွှေဈေးကျဆင်းသွားသဖြင့် ထုတ်လုပ် ပြီးသမျှ ရွှေများကို ထုတ်ရောင်းခြင်းမရှိ သဖြင့် ပြည်တွင်းဝယ် လိုအားကို ဖြည့် ဆည်းရန် ယခုကဲ့သို့ ပြည်ပမှရွှေတင် သွင်း၍ဖြေရှင်းပေးနေရခြင်းဖြစ်ကြောင်း  ၎င်း က ထပ်မံပြောကြားခဲ့သည်။ထို့ပြင် ဆိုက်ပရပ်စ်နိုင်ငံ၏ ဘဏ္ဍာရေး အကျပ်အတည်းကြောင့် အရန်ရွှေများကို ထုတ်ရောင်းချခဲ့သဖြင့် လည်း ကမ္ဘာ့ရွှေဈေးမှာ ကျဆင်းခဲ့ရ သဖြင့် မြန်မာ့ရွှေဈေးမှာလည်းကျဆင်း ခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။မြန်မာ့ရွှေဈေးသည် ဧပြီလ ၂၂ ရက်နေ့တွင် ကျပ် ၇၁၄၅၀၀ ရှိခဲ့ရာမှ ဧပြီလ ၂၃ရက်နေ့တွင်ကျပ် ၇၀၅၀၀၀ သို့ နေ့ချင်း ကျပ်တစ်သောင်းကျော် ကျ ဆင်းခဲ့သည်။ ဧပြီလ ၂၄ရက်နေ့တွင် ကျပ် ၇၀၄၃၀၀၊ ဧပြီလ ၂၅ရက်နေ့တွင် ကျပ် ၇၀၅၅၀၀ ဖြစ်လာကာ ဧပြီလ ၂၆ ရက်နေ့တွင် ကျပ် ၇၁၁၅၀၀ သို့ တစ်ရက်အတွင်း ကျပ် ၆၀၀၀ကျော် ပြန်လည်မြင့်တက်လာခဲ့သည်။ကမ္ဘာ့ရွှေဈေးသည်လည်း ဧပြီလ ၂၂ရက်နေ့တွင် ၁၄၂၃ဒေါ်လာရှိခဲ့ရာမှ ဧပြီလ ၂၃ရက်နေ့တွင် ၁၄၁၁ဒေါ်လာ၊ ဧပြီလ ၂၄ရက်နေ့တွင် ၁၄၂၅ဒေါ်လာ၊ ဧပြီလ ၂၅ရက်နေ့တွင် ၁၄၄၅ဒေါ်လာ ရှိခဲ့ရာမှ ဧပြီလ ၂၆ရက်နေ့တွင် ၁၄၆၂ ဒေါ်လာသို့ ပြန်တက်လာခဲ့သည်။မယ်သီတာ