ထိုင်း၊ မလေး၊ စင်ကာပူမှ ဘိလပ်မြေများဝင် ပြည်တွင်းကို ပင်လယ်ရေကြောင်းလမ်းမှ ဧပြီ ပထမ သီတင်းပတ်အတွင်းမှာ တန်ချိန် သုံးသောင်းခြောက်ေ ထာင်ကျော် တင်သွင်းလာခဲ့ပြီး ဧပြီဒုတိယပတ် အတွင်းမှာ ကန်ဒေါ်လာ တစ်ဆယ့်ခုနှစ်သိန်း ကျော်တန်ဘိုးရှိ ဘိလပ်မြေ ၂၀၄၄၂ ဒသမ ၆၄ တန်ကို တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ် ဝင်လာခဲ့တဲ့ ဘိလပ်မြေများမှာ ထိုင်းနိုင်ငံမှ ဘိလပ်မြေ ၂၀၃၅၂ တန်၊ မလေးရှားနိုင်ငံမှ ၂၅ ဒသမ ၆၀တန်၊ စင်ကာပူနိုင်ငံမှ ဘိလပ်မြေ ၆၅ ဒသမ ၀၄ တန်ဝင်လာခဲ့တယ်လို့ သိရပါတယ်။ယခင်သီတင်းပတ်မှာ ဘိလပ်မြေအဝင်က တန်ချိန် သုံးသောင်းခြောက်ေ ထာင် ကျော်ရှိတာကြောင့် ဒီတစ်ပတ်အဝင် တန်ချိန်နဲ့ ယှဉ်ရင် တန်ချိန် တစ်သောင်း ခြောက်ေ ထာင်ကျော် အဝင်လျော့ခဲ့ပါတယ်။
ပွဲတော်သြင်္ကန်ရက်အတွင်း အရောင်းအဝယ်နဲနဲသွက်လာတဲ့ ဘိလပ်မြေဧပြီလ ပထမ သီတင်းတစ်ပတ်တွင် ပြည်တွင်းကို ရေလမ်းမှ ဘိလပ်မြေ တန်ချိန် သုံးသောင်း ခြောက်ထောင်ေ ကျာ်နဲ့ ဧပြီလ ဒုတိယပတ် အတွင်းမှာ တန်ချိန် နှစ်သောင်းကျော်ဝင် လာခဲ့တယ်လို့ သိရပါတယ်။ သြင်္ကန်ပိတ်ရက် အမီ ပြည်တွင်း ဈေးကွက်ကို ဘိလပ်မြေများ အင်တိုက် အားတိုက်တင်သွင်းလာခဲ့တာ တွေ့ရပါ တယ်။ ရေကြောင်းလမ်းမှ ဘိလပ်မြေများဝင်ခဲ့သလို နယ်စပ်လမ်းများမှ လည်း အဝင်ပိုခဲ့တယ်လို့ သိရပါတယ်။ ဒီတစ်ပတ်မှာလည်း ရန်ကုန်၊ ပဲခူး၊ တောင်ကြီး၊ မော်လမြိုင်မှာ အရောင်းပုံမှန်ရှိတယ်လို့ သိရပါတယ်။ဒီတစ်ပတ် ဘိလပ်မြေဈေးကွက်အခြေအနေများမှာ- တောင်ကြီးဈေးကွက်မှာ ဘိလပ်မြေက ဒီတစ်ပတ်မှာ အရောင်းအဝယ် သွက်တယ်လို့ သိရပါတယ်။ အရောင်းအဝယ်ဖြစ်ပေမဲ့ဈေးက သြင်္ကန်မတိုင်မီ ဖြစ်နေတဲ့ဈေးအတိုင်းဘဲ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ဒီတစ်ပတ် ဈေးကွက်ထဲ ဆင်ဘိလပ်မြေနဲ့ နဂါးဘိလပ်မြေက ရောင်းအားရှိတယ်လို့ သိရပါ တယ်။ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ်နေတဲ့ ဈေးတွေက စိန်(ယိုးဒယား) ၇၇၀၀ ကျပ်၊ ခြင်္သေ့ဘိလပ်မြေက ၅၁၀၀ ကျပ်၊ မြို့တော် ဘိလပ်မြေက ၄၇၀၀ ကျပ်၊ ကျားခေါင်းဘိလပ်မြေက ၅၅၀၀ ကျပ်၊ နဂါးဘိလပ်မြေက ၅၈၀၀ ကျပ်၊ ဆင် (ယိုးဒယား)ဘိလပ်မြေက ၇၈၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ အနောက်မြို့ ပတ်လမ်းမှာရှိတဲ့ ဘိလပ်မြေအရောင်းဆိုင်မှ စုံစမ်းသိရှိခဲ့ပါတယ်။မော်လမြိုင်ဘိလပ်မြေဈေးကွက်မှာ ဘိလပ်မြေက ဒီတစ်ပတ်မှာ ရောင်း အားရှိတယ်လို့ သိရပါတယ်။ သြင်္ကန်မတိုင်မီ ဈေးမြင့်ခဲ့ပေမဲ့ ဒီတစ်ပတ်မှာတော့ ဈေးကျလာတာတွေ့ရပါတယ်။ ဆောက်လုပ်ရေး လုပ်ငန်းများေ ကြာင့် ရောင်းအား ရှိပေမဲ့ ပစ္စည်းအဝင်များလာတာကြောင့် ဈေးကကျလာတယ်လို့ ဆိုပါတယ်။ ဈေးကွက်ထဲ ဆင်(ထိုင်း) ဘိလပ်မြေက ကိုးရာငါးဆယ်ကျပ်၊ ကြံ့(မြိုင်ကလေး) ဘိလပ်မြေ ရှစ်ရာကျပ်ဈေးကျလာပြီး မြင်းခေါင်း ဘိလပ်မြေက ဈေးငြိမ်နေတယ်လို့ သိရပါတယ်။ ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ်တဲ့ဈေးက ဆင် (ထိုင်း) ဘိလပ်မြေ ၅၅၅၀ ကျပ်၊ မြင်းခေါင်း ဘိလပ်မြေ ၄၁၀၀ ကျပ်၊ ကြံ့(မြိုင်ကလေး)ဘိလပ်မြေ ၄၇၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ရန်ကုန်ဈေးကွက်မှာ ဘိလပ်မြေက အရောင်းအဝယ်ပုံမှန်ရှိတယ်လို့ သိရ ပါတယ်။ ဈေးကွက်ထဲပစ္စည်းတွေက ဆက်တိုက်ဆိုသလို အဝင်ရှိခဲ့တယ်။အရောင်း အဝယ်ကောင်းတယ်။ ပစ္စည်းလည်းအဝင်ရှိနေတာကြောင့် ဒီတစ်ပတ်မှာ ဘိလပ်မြေ ဈေးကကျလာပါတယ်။ မောင်းတိန်းဘိလပ်မြေက ဈေးကွက်ထဲပစ္စည်းပြတ်နေ တယ်လို့ သိရပါတယ်။ ဒီတစ်ပတ် ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်နေတဲ့ ဘိလပ်မြေဈေးနှုန်းတွေက ဆင်ဘိလပ်မြေ ၅၇၀၀ ကျပ်၊ စိန်ဘိလပ်မြေ ၅၅၀၀ ကျပ်၊ ကျောက်ဆူးဘိလပ်မြေ ၅၀၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ ဘုရင့် နောင်မှာရှိတဲ့ ဘိလပ်မြေ အရောင်းဆိုင်မှ စုံစမ်းသိရပါတယ်။
