Main menu

Background

ဓာတ်မြေသြဇာဈေးနှုန်းများ (29-4-13)

Mon, 04/29/2013 - 12:41 -- ydnar

နိုင်ငံစုံမှ မြေသြဇာများအဝင်ပို ပြည်တွင်းမှာအသုံးပြုရန် ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှ ဧပြီလ ၇ ရက် မှ ၁၃ ရက်နေ့အတွင်း ကန်ဒေါ်လာ ရှစ်သိန်း နှစ်သောင်းကျော်တန်ဖိုးရှိ မြေသြဇာ ၂၅၀၇ ဒသမ ၁၅ တန်  တင်သွင်းခဲ့တယ်လို့ သိရပါတယ်။ ဒီသီတင်းပတ် ဝင်ခဲ့တဲ့ မြေသြဇာများက မလေးရှားနိုင်ငံမှ ကွန်ပေါင်းမြေသြဇာတန်ချိန် ၉၄၀ ၊ ထိုင်းနိုင်ငံမှ မြေသြဇာ ၄၁၈ ဒသမ ၇၅ တန်၊ ရုရှားနိုင်ငံမှ မြေသြဇာ ၅၃၅ ဒသမ ၄၀တန် ၊ စင်ကာပူနိုင်ငံမှ မြေသြဇာ တန်ချိန်၂၅၀၊ အီရန်နိုင်ငံမှ ပိုတက် ဆီယမ်နိုက်တြိတ်မြေ သြဇာ ၃ တန်၊ တရုတ်နိုင်ငံမှ နိုက်တြိုဂျင်အမျိုးအစား မြေသြဇာတန်ချိန် ၁၀၀ နဲ့ ကောမတ် မြေသြဇာတန်ချိန်၂၆၀ တင်သွင်းလာ တယ်လို့  သိရ ပါတယ်။ ဧပြီလ လဆန်းပိုင်း မြေသြဇာတင်သွင်းမှုမှာ တန်ချိန်တစ်ထောင့်နှစ်ရာ ကျော်ရှိတာကြောင့် ဒီတစ်ပတ်မှာ တန်ချိန် တစ်ထောင်ကျော် အဝင်ပိုခဲ့ပါတယ်။ MIRT (DOT)

 
သြင်္ကန်ပွဲတော်ကြောင့် ပုံမှန်ဈေးနဲ့ပဲ ရှိနေတဲ့ မြေသြဇာ
ယခုသီတင်းပတ်တွင် ပြည်တွင်းကို ရေလမ်းမှ မြေသြဇာအဝင်က ဧပြီလ ပထမပတ်အတွင်း တန်ချိန် တစ်ထောင့်နှစ်ရာကျော်ဝင်ခဲ့သလို ဧပြီ ဒုတိယပတ် အတွင်းမှာ တန်ချိန် နှစ်ထောင့် ငါးရာကျော်ဝင်ခဲ့တယ်လို့ သိ ရပါတယ်။ ဒီတစ်ပတ် မြေသြဇာ အရောင်းအဝယ်အေးတယ်လို့ သိရပါတယ်။ပြည်တွင်း ဈေးကွက်များဖြစ်တဲ့ မော်လမြိုင်မှာ ဈေးငြိမ်ပြီး အရောင်း အဝယ် ဖြစ်ပေမဲ့ ရန်ကုန်၊ တောင်ကြီး၊ မကွေးဈေးကွက်တွေမှာ ဈေးအနည်း ငယ်မြင့်လာ တယ်လို့ို့ သိရပါတယ်။    ရန်ကုန်ဈေးကွက်မှာလည်း ဒီတစ်ပတ်မြေသြဇာ အရောင်းအဝယ်  ပုံမှန်ရှိတယ်လို့ သိရပါတယ်။ ဖေဖော်ဝါရီလကုန် ပိုင်းကစပြီး အရောင်းပါးပြီး  ဈေးငြိမ်နေတာ အခုအထိပါဘဲ။ ဒီတစ်ပတ်မှာတော့ ယူရီးယားက ဈေးငြိမ်နေ ပေမဲ့ အသုံးများတဲ့ တီစူပါနဲ့ ပိုတက်က ဈေးအနည်းငယ်မြင့်လာပါတယ်။ပိုတက်(ထိုင်း) ကငါးရာကျပ်ဈေးမြင့်ပြီး (အိန္ဒိယ)က သုံးရာကျပ်သာ ဈေးမြင့် လာတယ်လို့ သိရပါတယ်။ ကွန်ပေါင်း (ယိုးဒယား) က ပစ္စည်း အဝင်နည်း နေသလို ဈေးကလည်း အနည်းငယ်မြင့်လာပါတယ်။ဒီတစ်ပတ်ဈေးကွက် ထဲအရောင်း အဝယ်ဖြစ်နေ တဲ့ ဈေးတွေက ယူရီးယား (နေရွက်လှေ၊ ရွှေတောင်) (တရုတ်) ၁၉၀၀၀ ကျပ်၊ တီစူပါ (သံကွင်း)(တရုတ်) ၂၂၀၀၀ကျပ်၊ ပိုတက် (ထိုင်း) ၃၈၅၀၀ကျပ်၊ ပိုတက်(အိန္ဒိယ) ၂၄၅၀၀ ကျပ်၊ ကွန်ပေါင်း ၁၅း၁၅း၁၅ (ထိုင်း) ၃၉၀၀၀ ကျပ်၊ ကွန်ပေါင်း၂၅းရး၇ (ထိုင်း) ၃၆၀၀၀ကျပ်နဲ့ အရောင်း အဝယ်ဖြစ်တယ်လို့ စိုက်ပျိုးရေးအရောင်းဆိုင်မှ စုံစမ်းရရှိခဲ့ပါတယ်။တောင်ကြီးဈေးကွက်မှာ မြေသြဇာက ဒီတစ်ပတ်မှာ အရောင်း အဝယ်ပါးတယ်လို့ သိရပါတယ်။ ဒီလိုအရောင်းအေး တာ သြင်္ကန်မတိုင်ခင် ကတည်းက အခုထိအောင် ပါးနေသေးတယ်။ မေလကုန်ခါနီးမှာ အရောင်း အဝယ်ပြန်ေ ကာင်းမယ်လို့တော့မှန်းကျပါတယ်။ ယူရီးယားက ဈေးငြိမ်နေပေ မဲ့ တီစူပါ ၁၂% က ငါးရာကျပ် ဈေးကျလာ ပါတယ်။ တီစူပါ ၁၀း၁၀း၅၊ ဓါတ်ဆား၊ မြှားကမ္ဘာတို့က တစ်ထောင်ကျပ် ဈေးမြင့်လာပါတယ်။ ဒီတစ်ပတ် ဈေးကွက် ထဲ အရောင်းအဝယ်ဖြစ်တဲ့ဈေးမှာ ယူရီးယား-ပုလဲ (ကမ္ဘာလုံး၊ ပန်းဖူး၊ရွှေတောင်) (တရုတ်) ၂၀၀၀၀ ကျပ်၊ တီစူပါ ၁၂% (တရုတ်) ၇၅၀၀ ကျပ်၊ တီစူပါ ၁၆%(တရုတ်) ၈၅၀၀ ကျပ်၊တီစူပါ ၁၅း၁၅း၁၅ (တရုတ်) ၃၅၀၀၀ ကျပ်၊ တီစူပါ ၁၀း၁၀း၅ (တရုတ်) ၁၃၅၀၀ ကျပ်၊ ဓါတ်ဆား(တရုတ်) ၁၄၅၀၀ ကျပ်၊ ပိုတက်(တရုတ်) ၂၄၅၀၀ ကျပ်၊ ယူရီးယား(ယူအေအီး) ၁၈၅၀၀ ကျပ်၊ မြှားကမ္ဘာ ၁၃၅၀၀ ကျပ်ဈေးရှိတယ်လို့  အရှေ့မြို့ပတ်လမ်းမှာ ရှိတဲ့ မြေသြဇာအရောင်းဆိုင်မှ စုံစမ်းသိရှိရပါတယ်။မော်လမြိုင်မြေသြဇာဈေးကွက်မှာ မြေသြဇာက အရောင်းအဝယ် ပုံမှန်ရှိတယ်လို့ ဆိုပါတယ်။ အရောင်းအဝယ် ပုံမှန်ရှိပေမဲ့ မြေသြဇာ ဈေးက တော့ အပြောင်းအလဲမရှိဘဲ ယခင်တစ်ပတ်ဈေးအတိုင်း ငြိမ်နေတယ်လို့ သိရပါတယ် ။ ဒီတစ်ပတ်ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ်နေတဲ့ ဈေးကပုလဲ-အသေး (ရွှေတောင်၊ ရွှေပျား၊ ရွှေတုံး) (တရုတ်) ၂၀၀၀၀ ကျပ်၊ ကွန်ပေါင်း  ၁၅း၁၅း၁၅(ထိုင်း) (အစိမ်း) ၃၅၀၀၀ကျပ်၊ ကွန်ပေါင်း(ပန်းရောင်-ထိုင်း) ၃၀၅၀၀ ကျပ်၊ ကွန်ပေါင်း ၁၆း၁၆း၈ (မြင်းပျံ-ထိုင်း)၂၉၅၀၀ ကျပ်၊တီစူပါ ၄၆%(သံကွင်း-တရုတ်) ၂၁၅၀၀ ကျပ်၊ တီစူပါ ၁၆%(မြှားကမ္ဘာ-တရုတ်) ၁၁၀၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ စုံစမ်းသိရှိရပါတယ်။မကွေးဈေးကွက်မှာ မြေသြဇာ က ဒီတစ်ပတ်မှာ အရောင်းပါးတယ်လို့ မြေသြဇာရောင်းဝယ်ရေးလုပ်ငန်းရှင် တစ်ဦးက ပြောပါတယ်။ ဒီအချိန်က ရာသီချိန်လည်း မဟုတ်တာကြောင့် အရောင်းပါးတယ်။ အရောင်းပါးပေ မဲ့ မြေသြဇာဈေးက အနည်းငယ်တက် လာတာ တွေ့ရပါတယ်။ ဒီလိုဈေးတက် ရတာကလည်း ဝယ်ရင်းဈေး အနည်းငယ် တက်တာကြောင့်လို့ သိရပါတယ်။ ဒီတစ် ပတ်ဈေးကွက်ထဲ အရောင်းအဝယ် ဖြစ်နေ တဲ့ ဈေးကမြှားကမ္ဘာ (တရုတ်) (အစိမ်း) ၁၃၈၀၀ကျပ်၊ မြှားကမ္ဘာ (တရုတ်)(အပြာ) ၁၄၁၀၀ကျပ်၊ ဆင် ၁၀း၁၀း၅ ၁၃၇၀၀ ကျပ်၊ အာမို ၁၀း၁၀း၅ ၁၄၅၀၀ ကျပ်၊  အာမို ၁၅း၁၅း၁၅ ၃၅၀၀၀ ကျပ်၊ အာမို ၁၆း၁၆း၈ ၃၃၅၀၀ ကျပ်၊ ယူရီးယား-ပုလဲ  (ပန်းဖူး-တရုတ်) ၂၀၆၀၀ ကျပ်၊ ယူရီးယား-ပုလဲ (ရွှေတောင်  -တရုတ်) ၂၀၀၀၀ ကျပ်၊ အောင်ကမ္ဘာ ၁၀း၁၀း၅ ၁၅၈၀၀ ကျပ်နဲ့ အရောင်း အဝယ် ဖြစ်တယ်လို့ သိရပါတယ်။ MIRT (DOT)