သီတင်းတစ်ပတ်ဖြစ်တဲ့ ဧပြီလ ၇ရက်မှ ၁၃ ရက်နေ့တာ ကာလအတွင်း နို့ဆီ ၅၀၀ ဒသမ ၉၄၀ တန်၊တန်ဖိုး အားဖြင့် ကန်ဒေါ်လာ ငါးသိန်းကျော် ဖိုးကို တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ် မှာ စင်ကာပူနိုင်ငံမှ နို့ဆီများသာ တင် သွင်းလာတယ်လို့ သိရပါတယ်။ ယခင် သီတင်းပတ်ဖြစ်တဲ့ ဧပြီလပထမပတ် အတွင်းမှာ နို့ဆီအဝင်က တန်ချိန်သုံး ရာကိုးဆယ်ကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ နို့ဆီတန်ချိန် တစ်ရာ့ကိုး ဆယ်ကျော်အဝင်ပိုခဲ့ပါတယ်။ သြင်္ကန် ပိတ်ရက်ရှည်များကြောင့် နို့ဆီ၊ နို့စိမ်း များကို အင်တိုက်အားတိုက် သွင်းလာ တာ တွေ့ရပါတယ်။
နို့မှုန့်က စင်ကာပူနိုင်ငံမှ ၁၀၈ ဒသမ ၀၉၉ တန်၊ နယူးဇီလန်မှ ၁၆ တန်နဲ့ သြစတြေးလျနိုင်ငံမှ သုံည ဒသမ ၁၀၈ တန် တင်သွင်းခဲ့တယ်လို့ သိရပါတယ်။ ဧပြီလ ပထမသီတင်းပတ်အတွင်း နို့မှုန့် အဝင်တန်ချိန်မှာ တစ်ရာ့ငါး ဆယ် ကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ်အဝင်နဲ့ ယှဉ်ရင် တန်ချိန်သုံးဆယ်ကျော် အဝင် လျော့ခဲ့တယ်လို့ သိရပါတယ်။MIRT (DOT)