Main menu

Background

ဝယ်လိုအား မြင့်လာလို့ မလေးရှားစားအုန်းဆီဈေးကွက်မြင့်တက်

Mon, 04/29/2013 - 13:04 -- ydnar

စောစောပိုင်းက ကျဆင်းခဲ့တဲ့ စားအုန်းဆီဈေးဟာ ဝယ်လိုအားမြင့်တက်လာ တဲ့အတွက် ဧပြီ ၂၄ ရက်မှာ မလေးရှား စားအုန်းဆီကြိုရောင်းကြိုဝယ်ဈေးများ မြင့်တက်လာပါတယ်။ ကမ္ဘာပေါ်မှာ စားအုန်းဆီ ဒုတိယအများဆုံး ထုတ်လုပ်တဲ့ မလေးရှားနိုင်ငံ၏ ထုတ်လုပ်မှုတန့်နေခြင်းကြောင့်လည်း သိုလှောင်မှုလက်ကျန်များ ကျဆင်းကာ စားအုန်းဆီဈေးကွက်အပေါ် သဘောထားများပြောင်းလဲလာပါတယ်။ သို့သော်လည်း စားအုန်းဆီကုန်စည်များရဲ့ ကမ္ဘာ့ဝယ်လိုအားနှေးကွေးကျဆင်းမှု အပေါ် စိုးရိမ်မှုများကြောင့် ဈေးနှုန်းမြင့်တက်မှုကို အထိန်းအချုပ်ဖြစ်စေ ခဲ့ပါတယ်။

" ဈေးကွက်ထဲမှာ ထူးထူးခြားခြားပြောင်းလဲတာမရှိပါဘူး။ ဒါကြောင့် ဒီရက် တွေထဲမှာ အတက်အကျနည်းနေပါ တယ်။ အားလုံးခြုံကြည့်ရင် မက်ခရိုအဆင့် ဈေးကွက်တွေမှာ ဖိအားပေးမှုခံရတာတွေရှိနေပါတယ်။ တရုတ်နဲ့ ဂျာမနီနိုင်ငံတွေရဲ့ စီးပွားရေးကိန်းဂဏန်းတွေကလည်း ကောင်းလှတာမဟုတ်ပါဘူး " လို့ မလေးရှား နိုင်ငံခြား ကုန်စည်လုပ်ငန်း ဆောင်ရွက်နေသူ ကုန်သည်တစ်ဦးကပြောပါတယ်။ မလေးရှားရဲ့ မတ်လသိုလှောင်မှုလက်ကျန်မှာ တန်ချိန် ၂ ဒသမ ၁၇ သန်းရှိခဲ့ပါ တယ်။ ဘူဆာမလေးရှားကုန်စည်ဒိုင်မှာ စားအုန်းဆီဈေးဟာ သုညဒသမ ၈ ရာခိုင်နှုန်းမြင့်တက်ပြီး၊ တစ်တန်ကို ၂၂၉၀ ရင်းဂစ်(၇၅၁ ဒေါ်လာ)ရှိခဲ့ပါတယ်။ ကုန်စည်ဒိုင်မှာ စားအုန်းဆီရောင်းဈေးမှာ တစ်တန်ကို ၂၂၆၀ ရင်းဂစ်နဲ့ ၂၃၀၄ ရင်းဂစ်ကြားမှာရှိနေပါတယ်။ စုစုပေါင်းရောင်းချမှု ပမာဏမှာ တစ်တွဲကို ၂၅ တန်ရှိ သောအတွဲပေါင်း ၂၄၆၃၅ တွဲရှိခဲ့ပါတယ်။ ပျမ်းမျှရောင်းချရတဲ့ ၃၅၀၀၀ တွဲ အောက်ကို ကျဆင်းခဲ့ခြင်းဖြစ်ပါတယ်။ စားအုန်းဆီဝယ်လက်များအနက် ဒုတိယ နေရာမှာ ရှိနေတဲ့ တရုတ်နိုင်ငံရဲ့ စီးပွားရေး ကိန်းဂဏန်းများကျဆင်းမှုက လည်း စားအုန်းဆီဈေးနှုန်းများကို အဟန့်အတားဖြစ်စေ ခဲ့ ကြောင်း၊ လေ့လာဆန်းစစ်သူ တို့က ပြောပါတယ်။ မတ်လနဲ့ နှိုင်းယှဉ်ပါက ဧပြီပထမရက် ၂၀ တွင် တရုတ်နိုင်ငံရဲ့ တင်သွင်းမှု ကျဆင်းခဲ့ကြောင်း၊ ကုန်စည်စစ်တမ်းကောက်ယူရေးအဖွဲ့စာရင်း များအရ သိရပါတယ်။ အခြားဟင်းသီးဟင်းရွက်ဆီဈေးကွက်မှာ အမေရိကန်ပြည်ထောင်စုပဲပုပ်ဆီ ဇူလိုင်ကြိုရောင်းဈေးမှာ အာရှ ဈေးကွက်မှာ သုည ဒသမ ၃ ရာခိုင်နှုန်းမြင့်တက် ခဲ့ပါတယ်။ တရုတ်နိုင်ငံဒါလီယံကုန်စည်ဒိုင်မှာ စက်တင်ဘာအတွက် စားအုန်းဆီ ဈေးမှာ ၁ ဒသမ ၃ ရာခိုင်နှုန်းကျဆင်းခဲ့တယ်လို့ ဘမနခသမိနမ.ခသာ  မှာ ဖော်ပြ ထားပါတယ်။ UNT