Main menu

Background

မူဆယ်ဈေးကွက်မှာ သြင်္ကန်အပြီး ပြောင်းအရောင်းအဝယ်ဖြစ်မှုနည်းလာ

Mon, 04/29/2013 - 13:26 -- ydnar

မူဆယ်ဈေးကွက်မှာ သြင်္ကန်အပြီး ဈေးကွက်သို့ပြောင်းအရောင်း အဝယ်ပြုလုပ်လိုသော ကုန်သည်ကြီးများလာရောက်မှုမှာ ပုံမှန်ထက် စာရင် နည်းသွားတယ်လို့ ဈေးကွက်အတွင်းမှသိရပါတယ်။ ဈေးကွက်  စဖွင့်တဲ့ရက်မှာ ပြောင်းအရောင်းအဝယ်အေးနေပေမယ့် ဈေးကွက် ပိတ်ခါနီးမှာတော့ တရုတ်ယွမ်ငွေဈေးမြင့်လာလို့ ဝယ်လက်တွေက အဝယ်ပြန်လိုက်လာတယ်လို့ ပွဲရုံပိုင်ရှင်တစ်ဦးကဆိုပါတယ်။ အရောင်း အဝယ်အနေနဲ့ တစ်ပတ်လုံးမှ မက်တန် ၁၉၀၀ ခန့်သာ အရောင်းအ ဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။