ကုန်စည်ဒိုင်အသီးသီး၏ လက်ရှိအရောင်းအဝယ်ဖြစ်နေသော ဈေးနှုန်းများနှင့် ဈေးကွက်အခြေအနေ (၈-၄-၂၀၁၃)

*    မတ်ပဲကို ဈေးကောင်းရတဲ့လှောင်လက်တွေ ဝယ်ယူစုဆောင်းတာရယ်၊ ဒေါ်လာဈေးမြင့်လာတာရယ်၊ အိန္ဒိယဘက်ကလည်း သြင်္ကန်အပြီးမှာ ဝယ်အားများတာရယ်ကြောင့် ဘုရင့်နောင်၊ ဟင်္သာတ၊ ပြည်နဲ့ မန္တလေးမှာ ဈေးမြင့်လာ *    ပဲစင်းငုံနီကို ပြည်ပအဆွဲပုံမှန်ရှိတာကြောင့် ပြည်တွင်းဈေးကွက်တိုင်းမှာ ဈေးမြင့်လာ *    ပဲတီစိမ်း(အညာ)ကို တရုတ်ဈေးပေးအဝယ်ရှိလို့ ဈေးမြောက်လာ *    ကုလားပဲဖြူလုံးကြီးနဲ့ ကုလားပဲ(ထိုင်ဝမ်)ကို သြင်္ကန်အပြီးမှာ ပဲခွဲစက်တွေ ဝယ်အားများလို့ ဈေးစွာလာ *    ပြောင်းကို သြင်္ကန်အပြီးမှာ တရုတ်နဲ့ ဒေသတွင်းအစာစပ်များ ဝယ်အား ပါးလာ *    နှမ်းမျိုးစုံကို ပြည်ပဝယ်လက်နဲ့ ပြည်တွင်းဆီစက်တွေဝယ်အားပုံမှန်ရှိပေ မယ့် ရောင်းသူကုန်သည်တွေထံမှာ ပစ္စည်းလက်ကျန်လျော့လာ