ပခုက္ကူဈေးကွက်မှာ ဒီတစ်ပတ်ပဲစင်းငုံနီကို ရန်ကုန်ဝယ်လက် ဝယ်အားပုံမှန်ရှိပေမယ့် ရောင်းလက်များက ဈေးကွက်မျှော်လင့်ချက် နဲ့ အရောင်းကိုထိန်းပြီး ရောင်းနေတယ်လို့ ဈေးကွက်အတွင်းမှသိရပါ တယ်။ အရောင်းအဝယ်အနေနဲ့ တစ်ပိဿာကို ၁၀၆၅ ကျပ်(တစ် တန်ကို ၆၅၂၁၉၅ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၅၀၀ ခန့်ဖြစ်ခဲ့ ကြောင်း သိရပါတယ်။ ကုလားပဲဖြူလုံးကြီးက ဈေးကွက်သို့ ဝင် ရောက်မှုပုံမှန်ရှိသလို ရန်ကုန်ဝယ်လက်နဲ့ မြို့ခံပဲခွဲစက်တွေကလည်း ဝယ်အားပုံမှန်ရှိခဲ့တယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်အနေနဲ့ တစ် ပိဿာ ၁၀၀၀ ကျပ်(တစ်တန်ကို ၆၁၂၃၉၀ ကျပ်)ဈေးနဲ့ နေ့စဉ်အိတ် ၂၀၀ ခန့်ဖြစ်ခဲ့ကြောင်း သိရပါတယ်။
Background