Main menu

Background

မန္တလေးဈေးကွက်မှာ သြင်္ကန်အပြီး ပဲမျိုးစုံဈေးစွာပြီး နှမ်းမျိုးစုံပုံမှန်အရောင်း အဝယ်ဖြစ်

Mon, 04/29/2013 - 13:40 -- ydnar

မန္တလေးဈေးကွက်မှာ သြင်္ကန်ပွဲတော်အပြီး ပဲမျိုးစုံကို အိတ် စပို့ဝယ်လက်နဲ့ ဒေသတွင်းခွဲစက်တွေ အဝယ်ဆုံလို့ ဈေးမြောက်လာ ကြောင်း ပွဲရုံရပ်ကွက်ကဆိုပါတယ်။ သြင်္ကန်မတိုင်မီက တစ်ပိဿာ ကို ၈၅၀ ကျပ်(တစ်တန်ကို ၅၂၀၅၃၁ ကျပ်)ဈေးနဲ့ အရောင်းအဝယ် ဖြစ်ခဲ့တဲ့ မတ်ပဲက ဒီတစ်ပတ်မှာ ရန်ကုန်ဝယ်လက်နဲ့ မြို့ခံပဲခွဲစက် တွေအဝယ်ဆုံလို့ ဈေးမြောက်လာပြီး တစ်ပိဿာကို ၉၀၈ ကျပ်(တစ် တန်ကို ၅၅၆၀၅၀ ကျပ်) ဈေးနဲ့ တစ်ရက်ကို အိတ် ၄၀၀ နဲ့ ၅၀၀ ကြား အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ဈေးကွက်မှာ လှုပ် လှုပ်ရှားရှားနဲ့ အရောင်းရော အဝယ်ပါသွက်ခဲ့တဲ့ ပဲစင်းငုံနီကို ဒီတစ် ပတ်မှာလည်း ရန်ကုန်အဆွဲများတာကြောင့် ဈေးမြင့်လာပြီး တစ်ပိ ဿာကို ၁၀၆၇ ကျပ်(တစ်တန်ကို ၆၅၃၄၂၀ ကျပ်)ဈေးနဲ့ တစ်ရက် ကို အိတ် ၁၀၀၀ မှ ၁၅၀၀ ကြား အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ကုလားပဲဖြူလုံးကြီးကိုလည်း ရန်ုကုန်ဝယ်လက် တချို့နဲ့ မြို့ခံခွဲစက်တွေက အရည်အသွေးပေါ်မူတည်ပြီး ဈေးပေး အဝယ်ရှိတာကြောင့် ဈေးမြင့်လာပြီး တစ်ပိဿာကို ၁၀၂၂ ကျပ် (တစ်တန်ကို ၆၂၅၈၆၂ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၈၀၀ ခန့်အ ရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ပဲတီစိမ်းကြီးကိုလည်း တရုတ်ဝယ်လက်က သြင်္ကန်အပြီးမှာ အဝယ်ပြန်လိုက်လာသလို ဈေး ပိုပေးပြီး အဝယ်ရှိတာကြောင့် ဈေးသိသာစွာမြင့်လာပြီး တစ်ပိဿာ ကို ၁၅၁၁ ကျပ်(တစ်တန်ကို ၉၂၅၃၁၂ ကျပ်)ဈေးနဲ့ အရောင်းအဝယ် ဖြစ်မှုများခဲ့တယ်လို့ ဆိုပါတယ်။ နှမ်းမျိုးစုံကို တရုတ်ဝယ်လက်နဲ့ ဒေ သတွင်းဆီစက်တွေ ဝယ်အားက ပုံမှန်ထက် စာရင် လျော့သွားသလို ရောင်းသူကုန်သည်တွေထံမှာ ပစ္စည်းလက်ကျန်နည်းသွားပြီလို့ ဈေးကွက်အတွင်းမှသိရပါတယ်။ အရောင်းအဝယ်အနေနဲ့ နှမ်းဖြူ တစ်ပိဿာ ၂၇၁၁ ကျပ်၊ နှမ်းနက်တစ်ပိဿာ ၃၂၂၂ ကျပ်၊ နှမ်းညို တစ်ပိဿာ ၂၄၄၄ ကျပ်၊ နှမ်းကြားတစ်ပိဿာ ၂၂၂၂ ကျပ်ဈေး နဲ့ နှမ်းမျိုးစုံတစ်ရက်ကို အိတ် ၇၀၀ ခန့်သာဖြစ်ခဲ့ကြောင်း သိရပါတယ်။