Main menu

Background

ဟင်္သာတဈေးကွက်မှာ မတ်ပဲဈေးဆက်မြောက်

Mon, 04/29/2013 - 13:50 -- ydnar

ဟင်္သာတဈေးကွက်သို့ မတ်ပဲကို ရန်ကုန်ဝယ်လက်က ဈေးပေး အဝယ်ရှိသလို ဝယ်အားပါများလာတာကြောင့် သြင်္ကန်မတိုင်ခင်က နဲ့စာရင် တစ်ပိဿာ ကို ၅၀ ကျပ်ခန့်ဈေးမြင့်လာတယ်လို့ မြို့ခံကုန် သည်တစ်ဦးကဆိုပါတယ်။ ဒီရက်ပိုင်းမှာ မတ်ပဲကို ရန်ကုန်ဝယ်လက် က အိန္ဒိယဈေးကွက်ရဲ့ ဝယ်လိုအား အပေါ်မူတည်ပြီး အဝယ်ရှိနေ တယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၈၉၅ ကျပ်(တစ်တန်ကို ၅၄၈၀၈၉ ကျပ်)ဈေးနဲ့ တစ်ရက်ကို အိတ် ၁၀၀၀ ခန့်ဖြစ်ခဲ့ကြောင်း သိရပါတယ်။