စားသုံးသူအကာအကွယ်ပေးရေးနဲ့ တရားမဝင်ကုန်သွယ်မှုတားဆီးထိန်းချုပ်ရေးအဖွဲ့ Mobile Team နှစ်ဖွဲ့ကို မူဆယ်-မန္တလေးကုန်သွယ်မှုလမ်းကြောင်းနဲ့ မြဝတီ-ရန်ကုန် ကုန်သွယ်မှုလမ်းကြောင်းများမှာ တာဝန်ပေး ဆောင်ရွက် ထားစေသလို စခန်းအလိုက်ထုတ်နုတ်အင်အားများနဲ့ ပညာပေးကာလ၊ အရေးယူကာလများရယ်လို့ ခွဲခြားပြီးတရား မဝင် ကုန်သွယ်မှုများကိုတားဆီးလုပ်ဆောင်လျက်ရှိနေပါတယ်။
စတင်ထမ်းဆောင်တဲ့ ပညာပေးကာလမှဧပြီ ၁၈ ရက်အထိ အမှုတွဲပေါင်း ၁၂၇၆ မှု၊ တန်ဖိုးအားဖြင့် ကျပ် ၃၁၆၁ သန်း ကျော်ဖိုးဆောင်ရွက်ခဲ့ရကြောင်းနဲ့ ပညာပေးကာလမှာအမှုတွဲပေါင်း ၉၁ မှု၊ အရေးယူကာလမှာ အမှုတွဲပေါင်း ၁၁၈၅ မှုရှိတယ်လို့သိရပါတယ်။ မူဆယ်-မန္တလေးလမ်းကြောင်းမှာ အမှုတွဲ ၃၆၂ မှု၊ တန်ဖိုးကျပ် ၁၆၁၀ သန်း၊ မြဝတီ-ရန်ကုန် လမ်းကြောင်းမှာ အမှုတွဲ ၆၉၃ မှု၊ တန်ဖိုးကျပ်သန်း ၁၀၁၈ သန်းကျော်၊ မူဆယ်ထုတ်နုတ်အင်အား ၁၈၆ မှု ၊ ကျပ် ၄၉၅ သန်းကျော်၊ တာချီလိတ်ထုတ်နုတ်အင်အားတွင် ၁၇ မှု ၊ကျပ် ၇ သန်းကျော်၊ တမူးထုတ်နုတ် အင်အားတွင်အမှုတွဲ ၁၈ မှု၊ ကျပ် ၃၁ သန်းကျော် အမှုဖွင့်အရေးယူဆောင်ရွက်ခဲ့ရကြောင်းသိရှိရပါတယ်။ MTNS