သြော်-ဗီယက်နမ် ငယ်စဉ်အခါက ကြည့်ခဲ့ရသည့် ဗီယက်နမ်စစ်ပွဲ ရုပ်ရှင်များကြောင့် ဗီယက်နမ်ဆိုသည်မှာ ထိုကဲ့သို့ဖြစ် သည်၊ ထိုကဲ့သို့သောအခြေအနေရှိသည် စသဖြင့် ဗီယက်နမ်ဆိုသည့်အရာနှင့် ပတ်သက်သည်တို့ကို စတင်သိရှိခဲ့ ရခြင်း ဖြစ်သည်။ စစ်၏ အနိဌာရုံ များရှိသော၊ ခမောက်များဆောင်းတတ်သည့် လူများ လယ်ယာစိုက်ပျိုးရေး လုပ်ငန်းများဖြင့် အသက်မွေးဝမ်းကြောင်းပြုနေသော၊ လူဆင်းရဲ အများအပြားရှိသည့် နိုင်ငံ တစ်နိုင်ငံဟူသာ နားလည်ထားခဲ့၏။ လူမှန်းသိတတ်စအရွယ် အချိန်မှစ၍ အရွယ်ရလာသည့်ကာလတစ်လျှောက် ဗီယက်နမ်နှင့် ပတ်သက်သည့် ဗဟုသုတ များမှာ တိုး၍သာတိုး၍ သိရှိလာခဲ့ရ သည်။ မိမိတို့၏ ဇာတိချက်ကြွေ အမိ မြန်မာနိုင် ငံနှင့် ရေမြေအနေအထား၊ နိုင်ငံ ရေး၊ စီးပွားရေး အခြေအနေ တူ၊ဘဝတူ နိုင်ငံ တစ်နိုင်ငံဖြစ်မှန်း၊ နောက်ပိုင်းတွင် စီအယ်လ်အမ်ဗွီ (CLMV) ဟုခေါ်သည့် အာဆီယံနိုင်ငံသစ်လေးနိုင်ငံထဲတွင် အတူတကွ ပါဝင်လာရသည့် အဆင့် အတန်းတူနိုင်ငံ၊ မဲခေါင်မြစ်ကြော တစ် လျှောက်က အိမ်နီးချင်းမိတ်ဆွေနိုင်ငံ တစ်နိုင်ငံ စသဖြင့် စသဖြင့် ဗီယက်နမ် အကြောင်းသည်ကားပို၍ပို၍ပင်သိရှိခွင့် ရလာခဲ့၏။
၂၀ ရာစုကုန်ခါနီးကာလများတွင် ဗီယက်နမ်သည် အခြေအနေဟောင်း များကို အတိတ်တွင် ချန်ထားရစ်ခဲ့ကာ Doi Moi ပြုပြင်ပြောင်းလဲမှုများဖြင့် နိုင်ငံကို အသွင်သဏ္ဍန် အသစ်တစ်ရပ် ပြောင်းလဲနိုင်ရေး စတင်ခဲ့ပြီဖြစ်ကြောင်း ကမ္ဘာကို လက်တွေ့ကျကျ ပြသနိုင်ခဲ့ သည်။ ပြုပြင်ပြောင်းလဲမှု ခရီးဆယ်စုနှစ် တစ်စု၊ နှစ်စု စသဖြင့် ဖြတ်ကျော် လာခဲ့ ပြီးသောအခါ “ဗီယက်နမ်ဟာ နိုင်ငံရဲ့ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်အခြေအနေ တွေ တစ်ခုနဲ့ တစ်ခု မတူအောင်အား ထုတ်နိုင်ခဲ့ပြီဟု ပြောနိုင်သည့် အနေ အထားရှိသွား၏။ အမှန်ပင် ဗီယက်နမ် နိုင်ငံ သည် ဖွံ့ဖြိုးတိုးတက်မှု အခွင့်အလမ်း များကို တဖြည်းဖြည်း ရယူနေခဲ့ပြီဖြစ် သည်။ အတိတ်ကာလ၏ ချို့တဲ့နွမ်းပါး မှုများကို ချန်ထားနိုင်ခဲ့ပြီး ၊ လက်ရှိပစ္စု ပ္ပန်အခြေအနေတွင် ဖွံ့ဖြိုးလမ်းကြောင်း ပေါ် ရောက်ရှိရေးအတွက် ကျားကုပ် ကျားခဲအားထုတ်လျက်ရှိသည် ဟု ကောက်ချက်ချရ သည်။ ဤသို့ဆိုနိုင် သောကြောင့် အနာဂတ်တွင် ဖွံ့ဖြိုးတိုး တက်မှုအခြေအနေတစ်ရပ်ကို ရယူပိုင် ဆိုင်နိုင်မည်မှာ အသေအချာပင်ဖြစ် ပေလိမ့်မည်။
သူတို့ ကျွန်တော်တို့ ကျွန်တော်တို့ မြန်မာနိုင်ငံနှင့် သူတို့ ဗီယက်နမ်နိုင်ငံ ပတ်သက်စရာတွေ တဖြည်းဖြည်း များလာသည်။ အာဆီယံ အဖွဲ့ရေးရာများအပါအဝင် ဒေသတွင်း ရေးရာများတွင် ပူးပေါင်းလုပ်ကိုင်နိုင် ရေး၊ အပြန်အလှန်ဆက်သွယ် ဆောင် ရွက်နိုင်ရေးအကြောင်း အရာစုံလင်လှ သည်။ ၂၀၁၁ ခုနှစ် မြန်မာနိုင်ငံ၏ နိုင်ငံ ရေး၊ စီးပွားရေး ပြောင်းလဲမှုများ သက်ဝင် လာချိန်တွင် ဗီယက်နမ်နိုင်ငံ၏ မြန်မာ နိုင်ငံအပေါ် အကြည့်အမြင်များ၊ စိတ် ဝင်စားမှုများမှာ ဘေးတိုက် တန်းတူ ရည်တူ သဘောထက် အပေါ်စီးမှ အောက်ဘက်သို့ ရှုမြင်လှုပ်ရှားသည့် အခြေအနေများရှိလာသည်။ သူတို့ကြိုး စားခဲ့ကြ၏။ ရရှိလာသော ဖြစ်ထွန်းမှုများ ကို တိုးတက်ပွားများရေးအတွက် တစ် ဆင့် တက်အား ထုတ်ကြ၏။ အပြင်သို့ ထွက်၍ စီးပွားရေး ခွင်ချဲ့လာသည်။ ဈေးကွက်နယ်ချဲ့လာ၏။ သူတို့သည် မြန်မာစီး ပွားရေးအဖွင့်တွင် ၎င်း တို့အကျိုး စီးပွားမည်သို့ရှာဖွေနိုင်မည်ကိုပါ လက် တွေ့ကျကျ စူးစမ်းလာကြ၏။ သတင်း စကားကြားရရုံအဆင့်၊ ဆွေးနွေးမှုညှိနှိုင်း မှု အဆင့်များပင် မဟုတ်တော့ဘဲ လက်တွေ့ကျ ကျလာရောက်ခြေကုပ်ယူ လာသည်အထိပင်ရှိလာခဲ့၏။ မြန်မာ နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုနယ်ပယ်များ ၊ ဝန်ဆောင်မှုလုပ်ငန်း နယ်ပယ်များတွင် သူတို့ဝင်ရောက်နေကြပြီဖြစ်လေသည်။ယခုအချိန်သည်ကိုယ်တိုင်ကိုယ်ကျ လာ ရောက်ရင်းနှီးမြှုပ်နှံလုပ်ကိုင်ရသည့် တိုက် ရိုက် ရင်းနှီးမြှုပ်နှံမှုများ လုပ်ကိုင်နိုင်ရေး အတွက် အမေရိက၊ ဥရောပနှင့် အာရှ ဒေသများမှ စီးပွားရေးအင်အား ကြီး နိုင်ငံ များ၊ နိုင်ငံစုံ ကုမ္ပဏီကြီးများ ခြေ လှမ်း ခပ်စိပ်စိပ်ဖြင့် မြန်မာနိုင်ငံသို့ ချဉ်း ကပ်နေသည့် အချိန်အခါဖြစ်နေသည်။ ဤကဲ့သို့အချိန်တွင် မဝေးသော ကာလ များက မြန်မာနိုင်ငံနှင့် စီးပွားရေးအား ဖြင့် တန်းတူသာသာသာ အခြေအနေ ဖြင့် ရပ်တည်နေခဲ့ရသော ဗီယက်နမ် နိုင်ငံသည် ထိုနိုင်ငံများနှင့် ယှဉ်၍ မြန်မာနိုင်ငံသို့ဝင်ရောက် လာနေခဲ့ပြီဖြစ် သည်။ သူတို့၏ အားထုတ်မှုများကို သိရှိနေခဲ့ပြီဖြစ်သောကြောင့် ထို့အ တွက် မည်သို့မျှစဉ်းစားေ တွးတော အံ့သြမှုမရှိ ။ ယခုအခြေအနေကဲ့သို့ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများ မဝင် ရောက်လာကတည်းက ဗီယက်နမ် လုပ် ထုတ်ကုန်များသည် မြန်မာ့ဈေးကွက် ထဲသို့ ဝင်ရောက်နေခဲ့ပြီးဖြစ်သည်။တစ်စစ၊ တစ်စစဖြင့်....... မြန်မာ့စားသောက်ကုန်၊ လူသုံး ကုန်ဈေးကွက်များထဲတွင် ဗီယက်နမ် ထုတ်ကုန်များ ဟိုတစ်နေရာ သည်တစ် နေရာဟိုတစ်ဖျောက်သည်တစ်ဖျောက် တွေ့နေရာမှ တဖြည်းဖြည်း နေရာ တကာ အတွေ့ရများလာခဲ့ပြီ ဖြစ်သည်။ နယ်မြေချင်းထိစပ်သည့် တရုတ်လုပ်၊ ထိုင်းနိုင်ငံ လုပ်ကုန်ပစ္စည်းများ တရား ဝင်သာမက တရားမဝင် တင်သွင်း မှုများကြောင့် အလုံးအရင်းဖြင့် ဝင် ရောက်နေသည့်ကြားမှပင် ၊ နယ်မြေ အကွာအဝေးအားဖြင့် ထိုင်းနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ လာအိုတို့ခြားနား နေသည့်တိုင် ဗီယက်နမ်နိုင်ငံမှ ထုတ် ကုန်များ မြန်မာနိုင်ငံဈေးကွက်များ ထဲ့သို့ ဝင်ရောက်လာနိုင်နေသည်မှာ ဗီယက်နမ်တို့ မြန်မာ့ဈေးကွက်သို့ ထိုး ဖောက်နိုင်စွမ်းကြိုးစားအားထုတ်မှုများ ခြင်းနှင့် မြန်မာတို့ မိမိတို့ဈေးကွက်ကို မိမိတို့ ကာကွယ်နိုင်စွမ်း အားထုတ်မှု နည်းခြင်းတို့ကြောင့်ဟုသာ ကောက် ချက်ချရတော့မည်ဖြစ်သည်။ ဤနေရာ တွင် မိမိတို့ဈေးကွက်ကို အကာအကွယ် ပြုခြင်းကို တိုင်းတပါးထုတ်ကုန်များ မိမိ နိုင်ငံဈေးကွက်အတွင်းသို့ ၎င်းင်းဝင် ရောက်လာနိုင်ခြင်း မရှိစေရန် သမ ရိုးကျအိုင်ဒီယာများကို အခြေခံသည့် အခွန်အကောက်များ၊ အခြားသော အတားအဆီးများဖြင့် ဟန့်တားမှုများ ပြုလုပ်ခြင်းဟုမထင်စေလိုပေ။ မိမိနိုင်ငံ ထွက်ကုန်များ၏ အရည်အသွေးဆိုင် ရာ၊ ဈေးနှုန်းဆိုင်ရာ ယှဉ်ပြိုင်နိုင်စွမ်း များကိုမြှင့်တင်ခြင်းဖြင့် အခြားနိုင်ငံ ထွက်ကုန်များ၏အခြေအနေကို ကျော် လွှားယှဉ်ပြိုင်ရောင်း ချနိုင်စွမ်းရှိအောင် ပြုလုပ်ခြင်း ကိုဆိုလိုသည်။ ထိုးဖောက်ခံရသည့် ဈေးကွက်၏ အကျိုးဆက်များ ရုံးအားရက်တစ်ရက် ၏ ညနေစောင်း၌ ဇနီးဖြစ်သူက စက္ကူ မုန့်ဗူးတစ်ဗူး ဝယ်လာရင်း "ဘာမိတ် (made) လဲ ကြည့်ပေးပါအုံး" ဟု ဆို လာသောအခါ ယိုးဒယားနဲ့ တရုတ်ပဲ ဖြစ်မှာပေါ့ဟု ပြောရင်းစက္ကူဗူးကို ကြည့်လိုက်သည်။ ကွတ်ကီး (Cookie) စာသား အင်္ဂလိပ်လိုရေး ထား၏။ ဆက် ဖတ်ကြည့်လိုက်သောအခါ ကျွန်တော့ ခန့်မှန်းချက်လွဲသွား သည်ကို ချက်ခြင်း သိလိုက်သည်။ ဗီယက်နမ် အက္ခရာများ ဖြင့်ရေးထားသည်ကို တွေ့ရသော ကြောင့်ဖြစ်သည်။ သေချာစေရန် စက္ကူ ဗူးတစ်ဗူးလုံး ကြည့်လိုက်သောအခါ မုန့်နှင့်ပတ်သက်သည့် အကြောင်းများ ကို ဗီယက်နမ်နှင့် အင်္ဂလိပ် ဘာသာ နှစ်မျိုးနှင့် ရေးထားသည်ကိုပါ တွေ့ရ ၏။ ဟနွိုင်း (Ha Noi ) ကဲ့သို့စာလုံးများ၊ အီးမေးလိပ်စာတို့တွင် အင်္ဂလိပ်စာလုံး vnn တို့ကို တွေ့ရသောအခါ ပို၍ သေချာသွားခဲ့ပြီဖြစ်သည်။ မည်သည့်နေရာမှ ထုတ်လုပ် သည်ဖြစ်စေ ဗီယက်နမ်တံဆိပ်နှင့် ဗီယက်နမ်နိုင်ငံထုတ်အဖြစ် ကိုယ်စား ပြုသည့် ထုတ်ကုန်သာဖြစ်သည်။ မုန့်ဗူး ကိုဖွင့်၍ အထဲရှိ ထစ်ထုပ်ချင်း ထုပ် ထားသော အထုပ်လေးများထဲမှ တစ် ထုပ်ကို ဖောက်၍ စားကြည့်လိုက် သောအခါ လွန်ခဲ့သော ၅နှစ် ၆ နှစ်ခန့် က စက်မှု(၁) အရောင်းဆိုင်များမှ ဝယ် စားခဲ့ဖူးသည့် ဘီစကစ်နှင့် ကွတ်ကီးမုန့် အရသာတို့ကို သတိရလိုက်မိတော့ သည်။ ထုပ်ပိုးပစ္စည်း ခန့်ခန့်ထည် ထည် မရှိ၊ လှလှပပပြုလုပ်ထားခြင်းမရှိဘဲ ရောင်းချတတ်ပြီး လူနည်းနည်းအဝယ် လိုက်သည်နှင့် အရောင်းစာေ ရးမများ ထံမှ ကုန်ပြီဟု အသံကြားရတတ်သည့် (လောက်လောက်ငင မထုတ်လုပ်နိုင် သည့်) မြန်မာ့ စားသောက်ကုန်လုပ် ငန်းမှ ထုတ်လုပ်သည့် ထိုကွတ်ကီး၊ ဘီစကစ်မုန့်တို့သည် အရသာ ကောင်း မွန်၍ လူကြိုက်များခဲ့ဖူး၏။ သို့သော် ဈေးကွက်ဝင်အောင် ကြိုးစားခဲ့ခြင်း မရှိ၊ ဈေးကွက်ဝယ်လိုအားကိုပြည့်မီအောင် လည်း ထုတ်လုပ်မှု မြှင့်တင်မှုလည်း မလုပ်နိုင်ခဲ့ပေ။ လက်ထဲရှိမုန့်ကို တစ် ကိုက်ကိုက်ပြီးနောက် ကျန်သည့် အပိုင်း ကို ဆက်မစားတော့ဘဲ ဆုပ်ကိုင်ထား လိုက်ရင်း အတွေးများသည်ကား ..... -ကျွန်တော်တို့၏ စိုက်ပျိုးရေး ထုတ်ကုန်များအတွက် ပြည်တွင်း ပြည်ပ ဈေးကွက်များ -ကျွန်တော်တို့၏ စိုက်ပျိုးရေး ထွက် ကုန်များကို အခြေခံထုတ်လုပ် မည့် စားသောက်ကုန်များ ဈေးကွက် များ -ကျွန်တော်တို့နိုင်ငံ၏ စိုက်ပျိုး ရေးကဏ္ဍ၊ စားသောက်ကုန် ထုတ်လုပ်မှု ကဏ္ဍအနာဂတ် -အခြေခံလူတန်းစားတို့၏ အလုပ် အကိုင်အခွင့်အလမ်းများ စသဖြင့် စသဖြင့် ပျံ့နှံ့သွားခဲ့သည်။ ကျွန်တော်သည် တောင်သူလယ် သမားမဟုတ် ၊ စားသောက်ကုန် လုပ် ငန်းရှင်လည်း မဟုတ်၊ သက်ဆိုင်ရာ ကဏ္ဍ၏တာဝန်ရှိသူလည်း မဟုတ်ပေ။သို့သော်စိုက်ပျိုးရေး ကဏ္ဍ၊ ကုန်ထုတ် လုပ်မှုကဏ္ဍတို့နှင့် ဆက်စပ်ပတ် သက် နေသည့် အခြေခံလူတန်းစားတို့ အနာ ဂတ် အလုပ်အကိုင်အခွင့်အလမ်း တို့အတွက် တွေးနေမိသောကြောင့် မဆီမဆိုင် အလုပ်မရှိ အလုပ်ရှာနေသူ ဟု ဆိုရလောက်အောင် ဦးနှောက်ကို အလုပ်ပေးနေမိသည်။ မည်သို့ပင်ဆို စေကာမူ ရှိနေပြီးသား နိုင်ငံ့ချစ်စိတ် တွင် အမျိုးသား အကျိုးစီးပွား အမြင် ထပ်ဖြည့်လျက်တွေး ပူနေမိလေ သ တည်း။ (မှတ်ချက် ။ လက်ရှိမြန်မာ့စားသောက် ကုန် ဈေးကွက်ထဲတွင် နိုင်ငံစုံ ထုတ် မုန်မျိုးစုံ ရရှိနိုင်ပါသည်၊)