Main menu

Background

တံတားဦး ဟိုတယ်ဇုန် စီမံကိန်းရက်ပိုင်းအတွင်း အကောင်အထည်ဖော်၊ ရှယ်ယာများရောင်းချပေးမယ်

Tue, 04/30/2013 - 12:34 -- ydnar

တံတားဦး ဟိုတယ်ဇုန်စီမံကိန်းကို တံတားဦးမြို့နယ် ကတိုးဆိပ်ကျေးရွာ အနီးမှာ ရက်ပိုင်းအတွင်း အကောင် အထည်ဖော်ဖို့ စီစဉ်လျက်ရှိကြောင်း သိရပါတယ်။ မြန်မာနိုင်ငံဟိုတယ်ဆိုင် ရာ လုပ်ငန်းရှင်များအသင်း (မန္တလေး ဇုန်) ဥက္ကဋ္ဌဦးမြင့်အောင်က "အများပိုင် ကုမ္ပဏီဖွဲ့စည်းခွင့်ရရှိပြီး အစုရှယ်ယာ ခေါ်ဖို့ စီစဉ်နေပါတယ်။ ဟိုတယ်ဇုန်စီမံ ကိန်းကို ရက်ပိုင်းအတွင်း အကောင် အထည်ဖော်မယ်။ အသင်းက ရေ၊ မီး၊ လမ်းအတွက် တာဝန်ယူပေးမယ်။ အစုရှယ်ယာ ဝင်တဲ့သူတွေက စီမံကိန်း မှာပါဝင်လို့ရပါတယ်။ ဘယ်သူမဆို ရှယ်ယာဝယ်ယူလို့လည်း ရပါတယ်။ ဟိုတယ်ဇုန် စီမံကိန်းအတွင်းမှာ အများ ပြည်သူတည်းခိုနိုင်တဲ့ တည်းခိုခန်း အဆင့်ကနေ နိုင်ငံခြားသားတည်းခိုနိုင် မယ့် 5 Star အဆင့်ရှိ ဟိုတယ်ပါတည် ဆောက်သွားမယ်" လို့ ပြောပါတယ်။

အစုရှယ်ယာများကို အစုတစ်စုကို အနည်းဆုံးကျပ်တစ်သောင်းမှ အများ ဆုံး ကျပ်သိန်းပေါင်းတစ်သောင်း ထိရောင်းချပေးမှာဖြစ်ပါတယ်။ ဟိုတယ် ဇုန်စီမံကိန်းမှာ ပြည်ပနိုင်ငံများမှ ရင်းနှီး မြှုပ်နှံမှုပြုလုပ်ဖို့ ကမ်းလှမ်း ထားကြောင်း သိရပါတယ်။       ဇူးဇူး - မန္တလေး