Main menu

Background

ကြက်သားဈေးအတက်အကျမရှိဖို့ ကြက်မွေးမြူထုတ်လုပ်ရောင်းချနိုင်မယ့် အဆင့်မြင့် စက်ရုံတည်ဆောက်မယ်

Tue, 04/30/2013 - 12:36 -- ydnar

စားသုံးသူတိုက်ရိုက်ရောင်းချနိုင် ပြီး ဈေးအတက်အကျမကြမ်းစေဖို့ ကြက်မွေးမြူထုတ်လုပ်ရောင်းချနိုင်မယ့် စက်ရုံ တည် ဆောက်မှာဖြစ်ကြောင်း သိရပါတယ်။ မြန်မာနိုင်ငံမွေးမြူရေး လုပ်ငန်းအဖွဲ့ချုပ် ဘဏ္ဍာရေး မှူး ဒေါက်တာနေသူရိန်က " ပြည်တွင်းမှာ ကြက်သားထုတ်လုပ်မှုက တစ်နှစ်ထက် တစ်နှစ် တက်လာတယ်။ ထုတ်လုပ်မှု တက်လာပေမယ့် ကြက်သားဈေးက စားသုံးသူအတွက် ဈေးမြင့်နေတယ်။ ကြက်တစ်ပိဿာကို ခြံဖမ်းဈေး ၂၂၀၀ ကျပ်နဲ့ ၃၅၀၀ ကျပ်ကြားရောင်းတယ်။ စားသုံးသူဈေးကွက် မှာက ကြက်သား တစ်ပိဿာကို ၆၀၀၀ ကျပ်ဈေးရှိတယ်။ ဈေးတက်တက် ကျကျဒီဈေးနဲ့ ဝယ်စား ရတယ်။ ဒါကကြက်သတ်စက်ရုံ မရှိလို့ ဖြစ်ရတာ။ ဒါကြောင့် ကြက်သတ်စက်ရုံ တည်ဆောက်ဖို့ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ထံ တင်ပြထားပါတယ်။ စက်ရုံ တည်ဆောက်ပြီးရင် ကြက်သား တစ်ပိဿာကို ၄၀၀၀ ကျပ်ဈေးနဲ့ တစ်နှစ်ပတ်လုံး ရောင်းချနိုင်ေ အာင် ဆောင်ရွက်သွားမယ်" လို့ ပြောပါတယ်။

စက်ရုံအတွက် စက်ပစ္စည်းများကို အိန္ဒိယနိုင်ငံမှ ဝယ်ယူမှာဖြစ်ပြီး စက်ရုံမှ သန့်ရှင်းတဲ့ ကြက်သားများကို ထုတ် လုပ်ပြီး၊ မန္တလေးမြို့မှာ အရောင်းဆိုင် ၃ ဆိုင်ဖွင့်လှစ်ပြီး စားသုံးသူကို တိုက် ရိုက် ရောင်းချပေးမှာ ဖြစ်ပါတယ်။ အဆိုပါ စက်ရုံကို မန္တလေးတိုင်းဒေသ  ကြီး၊ မတ္တရာမြို့နယ်၊ ကဘိုင်ကျေးရွာမှာ မြေ ၃ ဧကပေါ်မှာ တည်ဆောက်ပြီး၊ မန္တလေးမွေးမြူရေးဖွံ့ဖြိုး တိုးတက်မှု ကုမ္ပဏီလီမိတက်မှ ယခုနှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်မယ်လို့ သိရပါတယ်။      ဇူးဇူး - မန္တလေး