Main menu

Background

အစာကုန်ကြမ်းရှား၍ ငါးထုတ်လုပ်မှု ၇၀ ရာခိုင်နှုန်းနီးပါးလျော့ကျ

Tue, 04/30/2013 - 12:37 -- ydnar

ပြည်တွင်းမှာ ငါးအစာကုန်ကြမ်း ရှားပါးကာ ငါးထုတ်လုပ်မှုစရိတ်မြင့် တက်ပြီး တွက်ခြေမကိုက်ခြင်းကြောင့် ငါးမွေးမြူမှုလုပ်ငန်းများမှာ တစ်နိုင်ငံ လုံးအတိုင်းအတာနဲ့ ၇၀ ရာခိုင်နှုန်းနီးပါး ကျဆင်းလာကြောင်း သိရပါတယ်။ ပြည်တွင်းမှာ ငါးမွေးမြူမှု ဧရိယာ ၂၂၀၀၀၀ ဧကရှိရာ လက်ရှိ ထုတ်လုပ် မှုမှာ ၃၀ ရာခိုင်နှုန်းနီးပါးသာ ငါးမွေးမြူ ထုတ်လုပ်မှုရှိကြောင်းသိရပါတယ်။

မြန်မာနိုင်ငံငါးလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးသန်းလွင်က "ငါး ထုတ်လုပ်မှုအတွက် အစာကုန်ကြမ်းက တဖြည်းဖြည်းရှားလာတယ်။ အဓိက က ပဲဖတ်၊ နှမ်းဖတ်ကို အားထားပြီး အစာ ထုတ်တယ်။ ဝါဖတ်၊ နေကြာဖတ်၊ ပန်း နှမ်းဖတ်ကလည်း မလုံလောက်ဘူး။ ဒီလထဲမှာ ဦးလေးတို့ ကုမ္ပဏီကနေ အိန္ဒိယနိုင်ငံက ပဲပုပ်ဖတ်ဝယ်သုံးရ တယ်။ ဆီထွက်သီးနှံမကြိတ်ရတော့ အစာဈေးမြင့်ပြီး ကုန်ထုတ်လုပ်မှု လည်း မြင့်တယ်။ ဒေါ်လာငွေလဲနှုန်းက လည်း အရင်တုန်းကထက် ဈေးကျနေ တော့ ငါးထုတ်လုပ်မှုမြင့်ပြီး ရတဲ့နှုန်း ကကျတဲ့အတွက် တွက်ချေမကိုက်လို့ ကုန်ထုတ် လုပ်မှုလျော့ကျလာတာ။ ငါး တစ်ပိဿာကို ၂ ဒေါ်လာရရင် အရင် ကငွေလဲနှုန်းနဲ့ဆို ၂၂၀၀ ကျပ်ရတယ်။ ခုကျတော့ ငါးဈေးက ၂ ဒေါ်လာပဲရ ပြီး၊ ငွေလဲနှုန်းကြောင့် ၁၆၀၀ ကျပ်ပဲရ တော့ မကိုက်တော့ဘူး။ ငါးမွေးမြူတဲ့ သူ တွေလည်း ရှုံးတော့ ရင်းနှီးမြှုပ်နှံမှု ပျောက်သွားတယ်။ ငါးမွေးမြူမှု ဧရိယာ လုံလောက်ပေမယ့် ရင်းနှီးမြှုပ်နှံမှုနည်း တဲ့အ တွက် နောက်ဆို ငါးထုတ်လုပ်မှုပို ပြီး နည်းလာနိုင်တယ်။ ခုတောင်ငါးဈေး မြင့်တက်နေတာ အစာဈေးလည်းထပ် ပြီး တက်လာနိုင်တယ်" လို့ ပြောပါတယ်။ မြန်မာတစ်နိုင်ငံလုံးမှာ ငါးမွေးမြူ မှုဧရိယာ ၂၂၀၀၀၀ ဧကမှာ လွန်ခဲ့တဲ့ ၂ နှစ်၊ ၃ နှစ်က ၈၀ ရာခိုင်နှုန်းသာ မွေးမြူမှုရှိပြီး၊ ယခုနှစ်မှာ ၃၀ ရာခိုင်နှုန်းနီးပါးသာ မွေးမြူမှုရှိကြောင်း၊ ပြည်တွင်းမှာ ငါးစားသုံးမှု ၆၅ ရာခိုင် နှုန်းရှိပြီး၊ ပြည်တွင်းစားသုံးမှု မလုံ လောက်နိုင်ကြောင်း ၎င်းင်းကဆက်လက် ပြောပါတယ်။ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီးမှ မွေးမြူတဲ့ ငါးများကို အရှေ့ အလယ်ပိုင်းနိုင်ငံ များကို တင်ပို့မှုရှိ ကြောင်း၊ ယခုနှစ်မှာ ငွေလဲနှုန်းအရ ငါး ဈေးနှုန်းထိုးကျလာ ကြောင်း၊ တစ်နှစ် ထက် တစ်နှစ် ငါးမွေးမြူ မှု လျော့ကျ လာပြီး၊ ယခင်နှစ်က မွေးမြူမှု ဧရိယာရဲ့ ၇၀ ရာခိုင်နှုန်းသာ မွေးမြူမှုရှိရာမှ ယခု နှစ်မှာ ၃၀ ရာခိုင်နှုန်း နီးပါးသာ မွေးမြူမှု ရှိတော့ကြောင်း သိရပါတယ်။ဇူးဇူး - မန္တလေး