Main menu

Background

မန္တလေးစက်မှုဇုန်မှာ မြေကွက်နဲ့ ဂိုဒေါင်ငှားရမ်းမှုများပြား

Tue, 04/30/2013 - 12:38 -- ydnar

မန္တလေးစက်မှုဇုန်ရှိ စက်မှုလုပ်ငန်း များအလုပ်မဖြစ်လို့ မြေကွက်နဲ့ ဂိုဒေါင် များငှားရမ်းမှုများ လာပြီး မြေငှား ခဈေး နှုန်းများမြင့်တက်လာ ကြောင်းသိရပါ တယ်။

စက်မှုဇုန်မြေကွက်များ ဝါရင့်မြေ အကျိုးဆောင် အန်တီဆွေက "စက်မှု ဇုန်က ကားထုတ်လုပ်မှုလုပ်ငန်း လုပ် တာများတယ်။ ခုကျတော့ ကားထုတ် လုပ်မှုလုပ်ငန်းတွေ အဆင်မပြေတဲ့ အတွက် ဂိုဒေါင်နဲ့ မြေငှားရမ်းမှုများ တယ်။ ရှေ့လကစပြီး ကုန်စည်ဂိတ် တွေဖွင့်တော့ စက်မှုဇုန်မှာ မြေငှားရမ်းမှု များလာတာ။ မြေဈေးလည်း မြင့်တက် လာတယ်။ အရင်တုန်းကဆို ငှားရမ်းမှု နည်းပေမယ့် ခုကျတော့ မြေတစ်ဧကကို ကျပ် သိန်း ၂၀ တန်တာ ရှာယူရတယ်။ စက်မှုဇုန်မှာ အလတ်စားလုပ်ငန်းတွေ လည်း မြေငှားရမ်းမှုများတယ်။ မြေငှား တဲ့သူအများစုက စက်မှုလုပ်ငန်းလုပ် ဖို့ထက် ဓါတ်မြေသြဇာအိတ်၊ ဆောက် လုပ်ရေးပစ္စည်းတို့ ပစ္စည်းတွေထားဖု့ိ ငှားကြတယ်။ စက်မှုဇုန် (၁) က ဇုန် (၂) ထက် အငှားပိုသွက်တယ်။ ဇုန် (၁) ထဲမှာကျပ်(၃) (၄) သိန်းတန် ငှားလို့မရ တော့ဘူး။ (၃) (၄) သိန်းတန်လိုချင်ရင် ဇုန်(၂)မှာ ငှားမှရတယ်လို့"လို့ ပြောပါ တယ်။ စက်မှုဇုန်မြေကွက်များကို ရန်ကုန် - မန္တလေးလမ်းမကြီးနဲ့ အနီးအဝေး လမ်းဖြစ်ခြင်း၊ ဂိုဒေါင်အဆောက် အအုံကောင်း၊ ပါဝါမီတာထရန်စဖာ ပေါ်မူတည်ပြီး ဈေးနှုန်းကွာခြား ကြောင်း၊ သြင်္ကန်မတိုင်ခင်က မြေငှား ရမ်းမှုသွက်ခဲ့ရာ စက်မှုဇုန် (၁)မှာ ပေ ၄၀ x ၆၀ တစ်ကွက်ကို အနည်းဆုံး ကျပ် ၅ သိန်းနဲ့ ဧကကွက် ဂိုဒေါင် အဆောက်အအုံကောင်း ပါဝါမီတာပါ ကျပ်သိန်း ၄၀ ရှိပြီး ငှားရမ်းခအများဆုံး နဲ့ ငှားရမ်းမှုရှိခဲ့ကြောင်းသိရပါတယ်။ စက်မှုဇုန်မြေကွက်များတွင် ကျပ် သိန်း ၁၀၀၀ အောက်ရှိ မြေကွက်များ လည်း အရောင်းအဝယ်ရှိခဲ့ကြောင်း အဆိုပါ မြေကွက်များကို မြေဝယ်ထိန်း သူများမှ ဝယ်ယူထိန်းသိမ်းမှုပြုလုပ်ပြီး တစ်ဆင့်ပြန်လည် ရောင်းချမှုရှိတယ်လို့ သိရပါတယ်။ဇူးဇူး - မန္တလေး