Main menu

Background

ဗီယက်နမ် ပြည်တွင်းကုန်အမှတ်တံဆိပ်တွေကို အကာအကွယ်ပေးဖို့လို

Tue, 04/30/2013 - 13:40 -- ydnar

ဗီယက်နမ်ရဲ့ ထင်ရှားတဲ့ ထုတ်ကုန်တွေရဲ့ ကုန်ထုတ်လုပ်မှုနဲ့ ရောင်းချမှု ကိုအကာအကွယ်ပေးဖို့အတွက် ရည်မှန်းချက်ထားပြီး ဗီယက်နမ်ရဲ့ နာမည် ကျော်ရိုးရာ ထုတ်ကုန်တွေရဲ့ မူပိုင်ခွင့်ကို အကာအကွယ်ပေးနိုင်ဖို့အတွက် ဗီယက်နမ်နိုင်ငံက ပထဝီဝင်အရ ရည်ညွှန်းချက်စနစ် (Geographical Indi cation System)  ကို ဖော်ထုတ် ဆောင် ရွက်နေပါတယ်။

ဗီယက်နမ်မှာ ထူးခြားတဲ့ GI  စနစ် ၃၅ ခုရှိကြောင်း၊ GI  နဲ့ပတ်သက်ပြီး ဧပြီ ၂၃ ရက်ကပြုလုပ်တဲ့ ဥရောပသမဂ္ဂ နှီးနှောဖလှယ်ပွဲမှာ အမျိုးသားဉာဏ ပစ္စည်းပိုင်ဆိုင်မှုရုံး ဒုတိယ ဦးဆောင်ညွှန်ကြားရေးမှူးချုပ် ထရန်ဟူးနမ် က ပြောပါတယ်။ GI  ဆိုတာက ကုန်ပစ္စည်းထုပ်ပိုးမှုပေါ်မှာရှိတဲ့ အမည် သို့မဟုတ် အမှတ် အသားတစ်ခုဖြစ်ပါတယ်။ ပထဝီဝင်မူလ ရင်းမြစ်နဲ့ဖန်တီးထုတ်လုပ်ရာမှာ အသုံး ပြုတဲ့သမားရိုးကျနည်းစနစ်တွေအရ တည်ရှိနေတဲ့ အရည်အသွေးအာ မခံချက် ကို ညွှန်းဆိုဖော်ပြတဲ့ အမှတ်အသားဖြစ်ပါတယ်။GI  အမှတ်အသား တွေပါတဲ့ ထုတ်ကုန်တွေက ဝယ်သူတွေ ကို ထူးထူးခြားခြားဆွဲဆောင်နိုင်ပါ တယ်။ ဗီယက် နမ်မှာ ရိုးရာလယ်ယာ ထွက်ကုန်ပစ္စည်း ၁၀၀ ကျော်ရှိပြီး အရည် အသွေးနဲ့ ပတ်သက်ပြီး နာမည် ရပြီးဖြစ်ကြောင်းနဲ့ ဒေသတစ်ခုချင်း အလိုက်ဆက်နွှယ်မှု ရှိနေကြောင်း နမ်ကပြောပါ တယ်။ မကြာတော့မဲ့ကာလ အတွင်းမှာ ဒီပစ္စည်း တွေကို GI  သတ် မှတ်ချက်တွေပေးတော့မှာ ဖြစ်ကြောင်း သူကပြောပါတယ်။ ခိုင်မာတဲ့ ထုတ်ကုန်တွေရှာဖွေတွေ့ရှိနိုင်အောင် GI  ကဖောက်သည်တွေကို အကူအညီ ပေးပါတယ်။ ဒါကြောင့် အစဉ်အလာရှိတဲ့ ထုတ်ကုန်တွေကို တိုး မြှင့်ပြီးထုတ်လုပ်ရောင်းချနိုင်ဖို့ အခွင့်အလမ်းတွေ ပေးပါတယ်။ လယ်ယာစိုက် ပျိုးရေး၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးနဲ့ ဒေသတွင်းထုတ်ကုန်တွေအရည်အသွေး ပြည့်ဝရေးအတွက်သူတို့က အရေးပါတဲ့ အခန်းကဏ္ဍမှပါဝင်ပါတယ်"လို့ သူက ပြောပါတယ်။ GI အဖြစ် ထင်ထင်ရှားရှား သတ်မှတ်ခံရတဲ့ ဗီယက်နမ်ထုတ်ကုန်တွေထဲ မှာ Phu Quoc Fishsauce, Shan Tuyet Moc Chaw  လက်ဖက် ခြောက်၊ Buon Ma Thuat ကော်ဖီ၊ Doan Hung  စပျစ်သီး၊ Binh Thuan နဂါးမောက်သီးတို့ ပါဝင်ပါတယ်။ GI  သတ်မှတ်ချက်က ဥရောပသမဂ္ဂဈေး ကွက်မှာဗီယက်နမ် လယ်ယာထွက်ကုန် ပစ္စည်းတွေရဲ့ အရည် အသွေးကိုအာမခံ ချက်ပေးနိုင်လိမ့်မယ်လို့ အီးယူ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ဖရန်ဂျက် ဆင်းကပြောပါတယ်။