Main menu

Background

မြန်မာ့ကုန်သွယ်ဖက်နိုင်ငံများရဲ့ ငွေကြေး ရက်သတ္တပတ်

Tue, 04/30/2013 - 13:40 -- ydnar

တောင်ကိုရီးယားကစပြီး ဗြိတိန် နိုင်ငံအထိတစ်နံတစ်လျားဒေသအများမှ ထွက်ပေါ်လာတဲ့ အစီရင်ခံစာတွေအရ ကမ္ဘာ့စီးပွားရေးနာလန်ထူတာအရှိန်ရ လာပြီဆိုတဲ့ အကောင်းမြင်စိတ်ကို မြှင့်တင်ပေးနိုင်ခဲ့ပါတယ်။ ဒါကြောင့် အာရှငွေကြေးတွေရဲ့ တန်ဖိုးကတတိယ ရက်သတ္တပတ်အဖြစ်မြင့်တက်ခဲ့ပါတယ်။ ယခုတစ်ကြိမ်မြင့်တက်တာက သုံးလ အတွင်း အရှည်ကြာဆုံး မြင့်တက်ခဲ့တာ ဖြစ်ပါတယ်။

 
တောင်ကိုရီးယားနိုင်ငံရဲ့ စုစုပေါင်း ပြည်တွင်းကုန်ထုတ်လုပ်မှုကပြီးခဲ့တဲ့ သုံးလပတ်က သုည ဒသမ ၉ ရာခိုင် နှုန်းမြင့်တက်ခဲ့ကြောင်းနဲ့ ယခုတိုးတက် နှုန်းက ယခင်သုံးလပတ်တိုးတက်နှုန်း ထက် သုည ဒသမ ၃ ရာခိုင်နှုန်းပိုမိုခဲ့ သလိုဘလွမ်းဘတ်ကခန့်မှန်းထားတဲ့ သုည ဒသမ ၇ ရာခိုင်နှုန်းထက်ပိုမို ခဲ့ ကြောင်း တောင် ကိုရီးယားအစိုးရက ကြေညာခဲ့ပြီးနောက် ဝမ်ငွေကြေးတန် ဖိုးကအာရှငွေကြေးတွေကို ဦးဆောင် ပြီးမြင့်တက်ခဲ့ ပါတယ်။ တခြားထုတ်ပြန် ထားတဲ့ကိန်းဂဏန်းအချက်အလက်တွေ မှာလည်း ဗြိတိန်နိုင်ငံက တတိယအ ကြိမ်မြောက်စီးပွားဆုတ်ကပ်ကိုရှောင် ရှားနိုင်ခဲ့တဲ့အပြင် အမေရိကန်အလုပ် လက်မဲ့နှုန်းကလည်း ယခင်ရက်သတ္တ ပတ်ကကျဆင်းခဲ့တာတွေ့ရပါတယ်။ တရုတ်ယွမ်ငွေတန်ဖိုးကလည်း နဝမ အကြိမ်မြောက်ရက် သတ္တပတ် အဖြစ် မြင့်တက်ခဲ့ပါတယ်။
တရုတ်ယွမ် တရုတ်ယွမ်ငွေတန်ဖိုးက ဧပြီ ၂၆ ရက်မှာ နောက်ထပ်တစ်ကြိမ်စံချိန်တင် မြင့်တက်ခဲ့ပါတယ်။ တရုတ်ဗဟိုဘဏ် က ဘဏ်အတိုးနှုန်းကို တစ်ဟုန်ထိုး မြှင့်တင်လိုက်တဲ့ အတွက်  ယခုလို မြင့်တက်ခဲ့တာ ဖြစ်ပါတယ်။ အတိုးနှုန်း ခွင်ကိုတိုးချဲ့ပေးလိုက်တဲ့အခါ တစ်ဘက် သက်အတိုးနှုန်းမြှင့်တက်လာမှာရှောင် ရှားနိုင်ဖို့အတွက် ဗဟိုဘဏ်က သတ် မှတ်ထားတဲ့ ဗဟိုဘဏ် အတိုးနှုန်းနဲ့ လက်ငင်းဈေးကွက်မှာ ဖြစ်ပေါ်နေတဲ့ ဈေးနှုန်းတွေ ကွာဟချက် ကျဉ်းမြောင်း သွားအောင် တရုတ်အာဏာပိုင်တွေ က ဆောင်ရွက်လိုတဲ့သဘောရှိကြောင်း ကုန်သည်တွေ က ပြောပါတယ်။ လက် ငင်းဈေးကွက်မှာ ယွမ်ငွေကြေးရဲ့တန်ဖိုး က ဧပြီ ၂၆ ရက်အတွက် ဗဟိုဘဏ် က သတ်မှတ်ပေးတဲ့ တစ်ဒေါ်လာ ၆ ဒသမ ၁၅၈၆ ထက်တန်ဖိုး နိမ့်ကျပြီး တစ်ဒေါ်လာကို ၆ ဒသမ ၁၆၄၀ ယွမ် နှုန်းရှိခဲ့ပါတယ်။
အိန္ဒိယရူပီး အိန္ဒိယ ပို့ကုန်လုပ်ငန်းရှင်တို့က အမေရိကန်ဒေါ်လာတိုးမြှင့်ရောင်းချ  လာတဲ့အတွက် ရူပီးငွေကြေးတန်ဖိုးက ဘဏ်အချင်းချင်းနိုင်ငံခြားငွေရောင်း ဝယ်ရာမှာ ဧပြီ ၂၆ ရက်က သုည ဒသမ ၀၄ ရူပီးနှုန်းကျဆင်းပြီးတစ်ဒေါ် လာကို ၅၄ ဒသမ ၁၈ ရူပီးနှုန်းရှိခဲ့ပါ တယ်။ အိန္ဒိယနိုင်ငံပြည်ပမှာ ဒေါ်လာနဲ့ ဖလှယ်ရာမှာ ယူရိုငွေကြေးတန်ဖိုးမြင့် တက်လာတာကလည်း ရူပီးတန်ဖိုးမြင့် တက်မှုကိုအထောက်အကူဖြစ်စေခဲ့ ပါတယ်။ ရူပီးတန်ဖိုးကဒေါ်လာနဲ့ဖ လှယ်ရာမှာ ဧပြီ ၂၅ ရက်ဈေးပိတ်ချိန် မှာရှိခဲ့တဲ့တစ်ဒေါ်လာ ၅၄ ဒသမ ၂၂ ရူပီးနှုန်းထက် သုည ဒသမ ၁၆ ရူပီး နှုန်းမြင့်တက်ခဲ့ပါတယ်။
ဂျပန်ယန်း ဆီရီးယားတပ်ဖွဲ့တွေက သူပုန် တပ်ဖွဲ့တွေကို ဓါတုလက်နက်တွေ အသုံးပြုတိုက်ခိုက်နေတာဖြစ်နိုင်ကြောင်း အမေရိကန်ပြည်ထောင်စုက ကြေညာ ချက်ထုတ်ပြန်ပြီးနောက်ဒေါ်လာတန် ဖိုးမြင့်တက်ခဲ့ပြီး ယူရိုတန်ဖိုးမြင့် တက်မှု အရှိန်ကျလာခဲ့ပါတယ်။ ဒီလိုကြေညာ ချက်မထုတ်ပြန်ခင်က ယူရိုတန်ဖိုးက တစ်ယူရိုကို ၁ ဒသမ ၃၁ ဒေါ်လာနှုန်း နီးပါးရှိခဲ့ပါတယ်။ ဒါပေမဲ့ ဧပြီ ၂၅ ရက် ဂရင်းနစ်စံတော်ချိန် ၂၁ ဒသမ ၀၀ နာရီမှ တစ်ယူရိုကို ၁ ဒသမ ၃၀၀၉ ဒေါ်လာနှုန်းရှိခဲ့တဲ့အတွက် ဧပြီ ၂၄ ရက်ကရှိခဲ့တဲ့ တစ်ယူရိုကို ၁ ဒသမ ၃၀၁၄ ဒေါ်လာနှုန်းအောက်ကျဆင်း ခဲ့ပါတယ်။ ယန်းငွေတန်ဖိုး ဧပြီ ၂၄ ရက်က ဒေါ်လာနဲ့ဖလှယ်ရာမှာ တစ် ဒေါ်လာကို ၉၉ ဒသမ ၅၃ ယန်းနဲ့တစ် ယူရိုကို ၁၂၉ ဒသမ ၅၃ ယန်းနှုန်းရှိခဲ့ ရာမှ ဧပြီ ၂၅ ရက်မှာ တစ်ဒေါ်လာကို ၉၉ ဒသမ ၂၉ ယန်းနှုန်းနဲ့တစ်ယူရိုကို ၁၂၉ ဒသမ ၁၆ ယန်းနှုန်းရှိခဲ့ပါတယ်။မလေးရှားရင်းဂစ် ပြည်တွင်းငွေကြေးကို ဝယ်လိုတဲ့ ဆန္ဒအနည်းငယ်ရှိလာတဲ့အတွက် ဧပြီ ၂၆ ရက်မနက်ပိုင်းဈေးကွက်မှာ ရင်းဂစ် တန်ဖိုးကဒေါ်လာနဲ့ဖလှယ်တဲ့အခါ အနည်းငယ်မြင့်တက်ခဲ့ကြောင်း ဝယ် ရောင်းသမားတွေက ပြောပါတယ်။ ရင်း ဂစ်တန်ဖိုးက ဧပြီ ၂၅ ရက်မှာတစ်ဒေါ် လာကို ၃ ဒသမ ၀၃၆၅ ရင်းဂစ်နှုန်းရှိ ရာမှ ၂၆ ရက်မနက် ၉ နာရီမှာ တစ် ဒေါ်လာကို ၃ ဒသမ ၀၃၀၀ ရင်းဂစ် နှုန်းထိတန်ဖိုးမြင့်တက်ခဲ့ပါတယ်။ မလေးရှားနိုင်ငံက စားအုန်းဆီ အများ ဆုံးတင်ပို့တဲ့နိုင်ငံဖြစ်တဲ့အတွက် စား အုန်းဆီတန်ဖိုးမြင့်တက်လာရာကရတဲ့ အကျိုးကိုခံစားရကြောင်း ဝယ်ရောင်း သမားတစ်ဦးက ပြောပါတယ်။ ရင်းဂစ်တန်ဖိုးက တခြားအဓိက ငွေကြေးတွေနဲ့ဖလှယ်ရာမှာလည်း တန် ဖိုးမြင့်တက်ခဲ့ပါတယ်။
တောင်ကိုရီးယားဝမ် ဖုန်းကုမ္ပဏီဆမ်ဆောင်းအီလက် ထရွန်းနစ်နဲ့ ကားထုတ်လုပ်ရေးကုမ္ပဏီ ဟွန်ဒိုင်းတို့က စီးပွားရေးပညာ ရှင်တွေ ခန့်မှန်းထားတာထက် အမြတ်တွေပိုမို တိုးတက်လာတဲ့အတွက် တောင်ကိုရီး ယားစတော့ဒိုင် (Kospi) ရဲ့တန်ဖိုး ၂ ဒသမ ၁ ရာခိုင်နှုန်းပိုမိုမြင့်တက်လာ သလိုတောင်ကိုရီးယားနိုင်ငံသုံးငွေကြေး ကလည်းဦးမော့လာ ပါတယ်။ ဒါကြောင့် ရက်သတ္တပတ်သုံးပတ်ကြာကျဆင်းမှု အဆုံးသတ်ခဲ့ပါတယ်။ ဝမ်ငွေကြေးတန် ဖိုးက ဧပြီ ၂၆ ရက်မှာ သုည ဒသမ ၆ ရာခိုင်နှုန်းမြင့်တက်ပြီး တစ်ဒေါ်လာကို ၁၁၀၉ ဒသမ ၄၅ ဝမ်နှုန်းရှိခဲ့ပါတယ်။
ထိုင်းဘတ် ထိုင်းငွေကြေးအာဏာပိုင်တွေ ကငွေကြေးဈေးကွက်ထဲကို ဝင်ရောက် စွက် ဖက်လာနိုင်တဲ့အပြင် ပို့ကုန်လုပ် ငန်းတွေကိုထိခိုက်စေတဲ့ ငွေကြေး တန်ဖိုးမြင့်တက်တာကိုနှေးကွေးစေမဲ့ အစီအမံတွေဆောင်ရွက်လာလိမ့်မယ် ဆိုတဲ့ စိုးရိမ်မှုကြောင့် ဧပြီ ၂၆ ရက် ကဘတ်ငွေတန်ဖိုးကျဆင်းခဲ့ပါတယ်။ ယခုကျဆင်းနှုန်း ၂၀၀၈ ခုနှစ်နောက် ပိုင်းရက်သတ္တပတ်အလိုက်ကျဆင်းနှုန်း အများဆုံး ဖြစ်ခဲ့ပါတယ်။ ထိုင်းဘွန်း ဈေးကွက်နဲ့ ရှယ်ယာဈေးကွက်နှစ်ခုစ လုံးက ငွေတွေကိုပြန်ထုတ်တဲ့အတွက် ဧပြီ ၂၅ ရက် ဘတ်တန်ဖိုးက တစ်ဒေါ် လာကို ၂၉ ဘတ်အထက် ရှိခဲ့ပါတယ်။ ဘတ်ငွေတန်ဖိုးက ဧပြီ ၂၄ ရက်က တစ်ဒေါ်လာကို ၂၈ ဒသမ ၉၁ ဘတ် နှုန်းမှ ဧပြီ ၂၅ ရက်မှာ တစ်ဒေါ်လာ ကို ၂၉ ဒသမ ၁၈ ဘတ်နှုန်း ရှိခဲ့ပါ တယ်။