Main menu

Background

ယန်းငွေတန်ဖိုးကျတာကို ဂျီ-၂၀က အပြည့်အဝထောက်ခဲ့တယ်ဆိုတဲ့ သတင်းများကို တောင်ကိုရီးယားက ငြင်းဆို

Tue, 04/30/2013 - 14:09 -- ydnar

ယန်းငွေ တန်ဖိုးကျဆင်းတာနဲ့ အာဘေးဘောဂဗေဒ (Abenomics)  လို့ခေါ်တဲ့အယူအဆကို ဂျီ-၂၀ နိုင်ငံတွေက အပြည့်အဝထောက်ခံတယ်ဆိုတဲ့ မီဒီယာသတင်းတွေကို တောင်ကိုရီးယားဘဏ္ဍာရေးဝန်ကြီးဌာနက ဧပြီ ၂၂ ရက်က ငြင်းဆိုခဲ့ပါတယ်။ငွေကြေးမူဝါဒလျှော့ချတာကနေမရည်ရွယ်ဘဲ ဖြစ်ပေါ် လာတဲ့ အနုတ်လက္ခဏာ ဘေးထွက် ဆိုးကျိုးတွေကို သူတို့လည်းစိုးရိမ်မိကြောင်း ပြောကြားခဲ့ပါတယ်။ ဂျီ-၂၀ နိုင်ငံတွေက ဘဏ္ဍာရေးဝန်ကြီးတွေနဲ့ ဗဟိုဘဏ် အုပ်ချုပ်ရေးမှူးတွေ ဝါရှင်တန်မှာ လွန်ခဲ့တဲ့ရက်သတ္တပတ်က တွေ့ဆုံခဲ့ကြပါ တယ်။ အစည်းအဝေး အပြီးမှာ ကြေညာချက်ထုတ်ပြန်တဲ့အခါ ဂျပန်နိုင်ငံရဲ့ မကြာသေးမီက ဆောင်ရွက်ခဲ့တဲ့ မူဝါဒဆိုင်ရာအရေး ယူ ဆောင်ရွက်မှုတွေက ငွေကျုံ့မှုကို ရပ်တန့်စေပြီး ပြည်တွင်းဝယ်လိုအားကိုထောက်ပံ့ပေးဖို့ ရည်ရွယ် ကြော င်းဖော်ပြခဲ့ပါတယ်။ ဒီဖော်ပြချက်ကို ကိုးကားပြီး ဂျပန်ယန်းတန်ဖိုးချတာကို ဂျီ-၂၀ က ထောက် ခဲ့တဲ့အကြောင်း မီဒီယာသတင်းတချို့မှာ ဖော်ပြခဲ့ပါတယ်။

ဒါပေမဲ့ ငွေကြေးမူဝါဒလျှော့ချမှု ဆောင်ရွက်တဲ့ကာလ တိုးချဲ့ရာမှတစ် ဆင့်ဖြစ်ပေါ်လာတဲ့ အနုတ်သဘော ဘေး ထွက်ဆိုးကျိုးတွေကို သတိထားရ မှာ ဖြစ်ကြောင်းနဲ့ ဒီဖော်ပြချက်က ငွေကြေးမူဝါဒနဲ့ ပတ်သက်ပြီး သတိထား ရမဲ့ အချက်ဖြစ်ကြောင်း မဟာဗျူဟာနဲ့ဘဏ္ဍာရေးဝန်ကြီးဌာနက ထောက်ပြခဲ့ပါ တယ်။ အပြိုင်အဆိုင် ငွေကြေးတန်ဖိုး ချတာကို ရှောင်ကြဉ် ဖို့ ကြေညာချက်မှာ ကတိပြုထားပြီး ငွေကြေးဖလှယ်နှုန်းကို ပြိုင်ဆိုင်မှုအတွက် ရည်ရွယ် ပြီး ဆောင် ရွက်မှာ မဟုတ်ကြောင်း ဝန်ကြီးဌာနက ပြောပါတယ်။ ဂျပန်နိုင်ငံအပါအဝင် ဖွံ့ဖြိုးပြီး နိုင်ငံတွေမှာ လှည့်လည် ငွေကြေးတိုးတက် အောင်ဆောင်ရွက်ရာမှ အနုတ်သဘော ဖိတ်လျှံအကျိုးသက်ရောက်မှုနဲ့ ပတ် သက်ပြီး ထွန်းသစ်စ စီးပွားရေးတွေမှာ စိုးရိမ်မှုကြီးထွားနေချိန်မှာ တောင် ကိုရီးယားရဲ့ တုံ့ပြန်မှု ပေါ်ခဲ့တာ ဖြစ်ပါတယ်။