Main menu

Background

ထိုင်းဘတ်တန်ဖိုးမြင့်တက်မှုက ထိုင်းစီးပွားရေးလုပ်ငန်းကို ခြိမ်းခြောက်

Tue, 04/30/2013 - 14:09 -- ydnar

လွန်ခဲ့တဲ့ လအနည်းငယ်အတွင်း ဘတ်ငွေတန်ဖိုးတရိပ်ရိပ်တက်နေတဲ့ အတွက် ထိုင်းစီးပွားရေးလုပ်ငန်းအသိုက် အဝန်းက စိုးရိမ်သံတွေထွက်ပေါ် နေပြီး ကြားဝင် ဆောင်ရွက်ပေးဖို့ အစိုးရကို တိုက်တွန်းကြပါတယ်။ နိုင် ငံ ခြားငွေတွေလှိမ့်ဝင်လာတာကို ထိန်းချုပ် ဖို့နဲ့ ဘတ်ငွေ တန်ဖိုးတက်နေတာကို သက်သာအောင်ေ ဆာင်ရွက်ဖို့ အစိုးရ ကအစီအမံတွေထပ်မံဆောင်ရွက်ပေးစေ လိုကြောင်း ထိုင်းစက်မှုလုပ်ငန်းဖက်ဒ ရေးရှင်း (FTI)  က ဧပြီ ၂၂ ရက်က တိုက်တွန်းခဲ့ပါတယ်။

ယခုနှစ်စပိုင်းကစပြီး ဘတ်ငွေတန် ဖိုးက ၇ ရာခိုင်နှုန်းကနေ ၈ ရာခိုင်နှုန်း ထိမြင့်တက်ခဲ့ပါတယ်။ ဒေါ်လာနဲ့  ဖလှယ်ရာမှာဘတ်ငွေတန်ဖိုးက တစ် ဒေါ်လာကို ၂၈ ဘတ်နဲ့ ၂၉ ဘတ်ထိ တန်ဖိုးမြင့်တက်နေပါတယ်။ ဘတ်ငွေ တန်ဖိုးမြင့်တက်နေတဲ့အတွက် အထူး သဖြင့်ပြည်တွင်းကုန်ကြမ်းကိုသုံးနေရ တဲ့ အသေးစားနဲ့အလတ်စားစက်မှုလုပ် ငန်းတွေအပြင်လယ်ယာစိုက်ပျိုးရေး အခြေပြုတဲ့ စက်မှုကဏ္ဍတွေကိုထိခိုက် မှုရှိခဲ့ကြောင်း (FTI) ရဲ့ အထွေထွေအုပ် ချုပ်ရေးမှူးနဲ့ ယာယီဥက္ကဌ သာနစ်ဆို ရက် ကပြောပါတယ်။ တစ်နေ့ လုပ်ခဘတ် ၃၀၀ (၁၀ ဒေါ်လာ) မူဝါဒဆက်လက်တည်ရှိနေ တဲ့ဂယက်ကြောင့် ဘတ်ငွေတန်ဖိုးဆက် လက်မြင့်တက်နေတာကိုတွေ့ရကြောင်း သူကပြောပါတယ်။ ယခုအခါ တစ်ဒေါ် လာကို ၂၈ ဒသမ ၆၇ ဘတ်နှုန်းရှိနေ တဲ့ပြည်တွင်းငွေကြေးရဲ့ တန်ဖိုးကိုတည် ငြိမ်သွားအောင် ထိုင်းဗဟိုဘဏ်နဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနတို့ ပူးပေါင်း ဆောင်ရွက်ပေးဖို့(FTI) က တိုက်တွန်း ပြောကြားလျက်ရှိပါတယ်။ ငွေကြေး စီးဝင်မှုတွေကိုထိန်းချုပ်နိုင်မဲ့ အစီအမံ တွေဆောင်ရွက်ပေးဖို့ စီးပွားရေးလုပ် ငန်းတွေကို ကွပ်ကဲနေတဲ့ ဒုတိယဝန်ကြီး ချုပ်နဲ့ ဗဟိုဘဏ် အုပ်ချုပ်ရေးမှူးကို သူ တရားဝင် စာရေးမယ်လို့ သာနစ်က ပြောပါတယ်။ ဒေါ်လာနဲ့ ဖလှယ်ရာမှာတစ်ဒေါ် လာကို ၂၇ ဘတ်နဲ့ ၂၇ ဒသမ ၉၀ ဘတ်နှုန်းထိ ဘတ်တန်ဖိုး တက်လာရင် အလုပ်သမားတွေ ထုတ်ပစ်ရမှာကို ထိုင်း လုပ်ငန်းရှင်တွေက စိုးရိမ်နေ ကြောင်းထိုင်းကုန်သည်ကြီးများ အသင်း တက္ကသိုလ်က ပြုလုပ်တဲ့ စစ်တမ်းမှာ တွေ့ရပါတယ်။ စစ်တမ်းအရ ယခုနှုန်း ထားကသင့်တော်တယ်လို့ ပြောသူ ၃၈ ဒသမ ၁ ရာခိုင်နှုန်းရှိပြီး သင့်တင့်မျှတမှု မရှိဘူးလို့ပြောသူက သုံး ပုံတစ်ပုံရှိပါ တယ်။ သူတို့ လုပ်ငန်းနဲ့ ပို့ ကုန်တွေရဲ့ ယှဉ်ပြိုင်နိုင်မှုစွမ်းရည် ကျဆင်းစေမယ် လို့ ပြောသူက ၄၂ ဒသမ ၁ ရာခိုင်နှုန်း ရှိပါတယ်။ ၂၇ ဒသမ ၈ ရာခိုင်နှုန်းက ပို့ကုန်ကျဆင်းမယ်လို့ သဘောထား ပေးပါတယ်။