Main menu

Background

ရက်သတ္တပတ် စီးပွားရေး.သတင်းတိုများ

Tue, 04/30/2013 - 14:37 -- ydnar

လန်ဒန် ၂၀၁၂ ခုနှစ် နောက်ဆုံးသုံးနဲ့ နှိုင်းယှဉ်ရင် ယခုနှစ်ပထမသုံးလပတ် မှာ ဗြိတိန်နိုင်ငံရဲ့ စီးပွားရေးက မျှော် မှန်းထားတာထက် ကျော်လွန်ပြီး သုည ဒသမ ၃ ရာခိုင်နှုန်း တိုးတက်ခဲ့ တဲ့အတွက်၂၀၀၈ ခုနှစ် ကမ္ဘာ့ဘဏ္ဍာ ရေး အကျပ်အတည်း ဖြစ်ပွားပြီး နောက်ပိုင်း သုံးကြိမ်မြောက် စီးပွား ရေး ဆုတ်ကပ်ဖြစ်မဲ့ ဘေးမှ ရှောင် ကျဉ်နိုင် ခဲ့ကြောင်းအမျိုးသား စာရင်း ရုံး (ONS)  ရဲ့ ပဏာမ ခန့်မှန်းချက် တွင် ဖော်ပြထားပါတယ်။ ပညာရပ် ပိုင်းဆိုင်ရာအရ စီးပွားရေးက သုံးလ ပတ် နှစ်ပတ်ဆက်တိုက် ကျပါက စီးပွားရေး ဆုတ်ကပ် အဖြစ် သတ် မှတ်ပါတယ်။

 
တိုကျို အမေရိကန်ပြည်ထောင်စုက ဘိုးရင်း ၇၈၇ တို့ကိုပျံသန်းခွင့် ပြုပြီး နောက်ပိုင်း ဂျပန်နိုင်ငံကလည်း ခရီး စဉ်များကို ပြန်လည် စတင်ပျံသန်းခွင့် ပြုခဲ့ ကြောင်း ဂျပန် လေကြောင်း အာဏာပိုင်အဖွဲ့က ဧပြီ ၂၆ ရက် က ကြေညာခဲ့ပါတယ်။
မက်ဒရစ် စပိန်နိုင်ငံက စီးပွားရေးစီမံကိန်း သစ်များကို ဧပြီ ၂၉ ရက်မှာ ထုတ် ပြန်တော့မည်ဖြစ်ရာ ထိုစီးပွားရေးစီ မံကိန်းများအရ စီးပွားရေး ဖွံ့ဖြိုးမှုနဲ့ ခြိုးခြံချွေတာမှုတို့ရဲ့ ဆက်နွှယ်မှု ကောင်းမွန်လာပြီကို ပြသလျက်ရှိ ကြောင်း အစိုးရ အရာရှိများက ပြော ပါတယ်။ စပိန်ဝန်ကြီးချုပ် မာရီယာ နိုရာဂျွိုင်းက ၂၀၁၅ ခုနှစ်မှာ အကောင် အထည် ဖော်ရ မယ့် ပြုပြင် ပြောင်းလဲရေးများကို တင်သွင်း တော့မှာ ဖြစ်ပါတယ်။
ဂျနီဗာ ပြင်သစ်လူမျိုး ပါစကယ်လာမီ ကို ဆက်ခံရန်အတွက် နောက်ဆုံးအ ကျော့အဖြစ်ဘရာဇီးနဲ့ မက္ကဆီကိုမှ ကိုယ်စား လှယ်တို့က ယှဉ်ပြိုင်တော့ မှာ ဖြစ်ပါတယ်။ဒါကြောင့်ကမ္ဘာ့ ကုန် သွယ်ရေးအဖွဲ့က ပထမဆုံး ရာထူး သက်တမ်းအဖြစ် ထွန်းသစ်စနိုင်ငံ တွေက ရွေးချယ်တော့မှာ ဖြစ် ကြောင်း သတင်းရပ်ကွက်တစ်ခုမှ ဧပြီ ၂၅ ရက် က AFP သတင်းဌာန မှ ပြောပါတယ်။