ဗီယက်နမ်ဆန်ဈေးနှုန်းများ နှစ်နှစ်ကျော်ကာလအတွင်း အနိမ့်ဆုံးသို့ ရောက်ရှိလာ

ဧပြီလ ၂၄ နှောင်းပိုင်း ဗီယက်နမ် ဆန်ဈေးနှုန်းများ နှစ်နှစ်ကျော်ကာလအတွင်း အနိမ့်ဆုံးကို ရောက်ရှိခဲ့ တယ်။ ပြည်ပမှ ဝယ်လိုအားနည်းနေတဲ့အပြင် အာရှဒေသတွင်း နိုင်ငံ များစွာမှ ဆန်ရောင်းလိုအားများ လာခြင်း၊ ဈေးနှုန်း အပြိုင် အဆိုင်လျှော့ချခြင်းတို့ကြောင့် ဗီယက်နမ်ရဲ့ FOB ဆန်ဈေး နှုန်းများလည်း လျော့ကျ လာတယ်။ဗီယက်နမ် ၅ မှတ်ဆန်ဖြူ က တစ်တန်ကို ၃၈၀ ဒေါ်လာသာရှိတော့ရာ ၂၀၁၀ ခုနှစ် သြဂုတ်လ ၄ ရက်နောက်ပိုင်း အနိမ့်ဆုံးဈေးနှုန်းဖြစ်တယ်။ ဒါ့အပြင် အိန္ဒိယ ၂၅ မှတ်ဆန်ဖြူ ဈေးနှုန်း (၃၉၀ ဒေါ်လာ) အောက်ေ ဈးနိမ့်နေတယ်။

ဗီယက်နမ်နိုင်ငံမဲခေါင်မြစ်ဝှမ်းဒေသမှာ စပါးရိတ်သိမ်း တော့မှာ ဖြစ်ပြီး၊ စပါးတန်ချိန် ၁၃ သန်း ဝန်းကျင် ထွက်မယ် ရည်မှန်း ကြောင်း၊ မကြာမီဈေးကွက်အတွင်း စပါးအသစ်များ ဝင်ရောက်တော့မှာဖြစ်ရာ ရောင်းလိုအား များလာမှာဖြစ်တာ ကြောင့် ဈေးနှုန်းအပေါ်ဖိအားဖြစ်စေကြောင်း ကုန်သည်များ က ဆိုကြတယ်။                  ပပ