Main menu

Background

ထိုင်းနိုင်ငံတွင် ဆန်သိုလှောင်မှု ပမာဏမြင့်မားနေသော်လည်း ပြည်တွင်းဆန်တင်ပို့သူများလက်တွင် ဆန်နည်းပါးနေသဖြင့် ပြည်ပမှ ဝယ်ယူရောင်းချနေရ

Tue, 05/07/2013 - 10:02 -- ydnar

ထိုင်းပြည်တွင်း ဆန်တင်ပို့သူများ လက်ဝယ် ဆန်သို လှောင်ထားရှိမှု လျော့နည်းနေရာ ပြည်ပနိုင်ငံများမှ ဆန် တစ်လ အနည်းဆုံးတန်ချိန် ၃ သိန်းခန့်ဝယ်ယူကာ ပြန်လည် တင်ပို့ရောင်းချနေတယ်လို့ သိရတယ်။ အစိုးရက ဈေးကွက်ပေါက်ဈေးထက် အမြင့်ဈေးပေးပြီး စပါးများ ဝယ်ယူသိုလှောင်ထားခြင်းကြောင့် ပြည်တွင်းကုန် သည်များနဲ့ ဈေးကွက်အတွင်း ကုန်ပြတ်လပ်လာခြင်းကလည်း ထိုင်းနိုင်ငံရဲ့ ဆန်တင်ပို့မှုကို ကျဆင်းစေခြင်း အကြောင်းရင်း တစ်ရပ်ဖြစ်တယ်လို့ ကုန်သည်များက ဆိုကြတယ်။

ဒါကြောင့် ထိုင်းဆန်တင်ပို့သူများက ကမ္ဘောဒီးယား၊ ဗီယက်နမ်နဲ့ ပါကစ္စတန်နိုင်ငံများမှ ဆန်ကို ဝယ်ယူရောင်းချ နေကြကြောင်း၊ ဒါပေမဲ့ ထိုင်းမှ ဆန်ဝယ်ယူတင်သွင်းသူ များက ၎င်းင်းဈေးသက်သာတဲ့ နိုင်ငံများမှ ဆန်ကို တိုက်ရိုက် ဝယ်ယူတင်သွင်းမယ်ဆိုပါက ထိုင်းနိုင်ငံရဲ့ ဆန်တင်ပို့မှုပိုပြီး အားနည်းသွားဖွယ်ရှိကြောင်း ကုန်သည်များက ဆိုကြတယ်။ အစိုးရလက်ဝယ်သိုလှောင်ထားတဲ့ ဆန်မှာ တန်ချိန် ၁၄ သန်း ဝန်းကျင်ရှိနေကြောင်း သိရတယ်။    ပပ