မန္တလေးဈေးကွက်ကို ပုသိမ်ဆန်သစ်အမြင့်ဈေးဖြင့် ဝင်ရောက်ပြီး တရုတ်ဈေးကွက်ကို ဆန်တင်ပိ့ုမှုနည်း

မန္တလေးဈေးကွက်ကို ပုသိမ် ဆန်သစ်များ အမြင့်ဈေးနဲ့ ဈေးဖွင့်ပြီး၊ ဝင်ရောက်လာကြောင်း သိရပါတယ်။ သြင်္ကန် မတိုင်ခင်က တစ်တင်းခွဲ ဆန် တစ်ပိုင်းကို ၁၄၈၀၀ ကျပ်ဈေးနဲ့ဝင်ပြီး၊ သြင်္ကန်ပြီးစကာလမှာ ၁၅၀၀၀ ကျပ် - ၁၅၅၀၀ ကျပ်ဈေးနဲ့ ဝင်လာကြောင်း၊ ယခုတစ်ပတ်မှာ ၁၆၂၀၀ ကျပ် - ၁၆၅၀၀ကျပ်ဈေးထိရှိလာကြောင်း သိရ ပါတယ်။ မန္တလေးမြို့ရှိ ဆန်ပွဲရုံ လုပ် ငန်းရှင် တစ်ဦးက "ဒီဘက်က ဆန်သစ် က မထွက်သေးဘူး။ အောက်ဖက်က ဆန်သစ်တွေပဲ ဝင်နေတာ။ လတ် တလော အသုံးများလို့ ဆန်ဈေးမြင့်လာ တယ်။ ဆန်သစ်က သြင်္ကန်မတိုင်ခင်က ထက် ဈေးမြင့်ပြီး၊ ဝင်လာတာ။ ဒီ တစ်ပတ်မှာ တစ်ပိုင်းကို ၁၆၂၀၀ ကျပ် - ၁၆၅၀၀ ကျပ်ဈေးနဲ့ ဈေး ဖွင့်ပေမယ့် ရောင်းတဲ့သူလည်းရောင်းတယ်။မရောင်းတဲ့သူလည်း မရောင်းသေးဘူး။ မန္တလေးဈေးကွက်ကနေ တရုတ်ဈေးကွက် ကို ဆန်တင်ပို့ဖို့ ဆန်ဈေးနှုန်းက သူတို့ ပေးတဲ့ ဈေးနဲ့မကွာလို့ ဆန် တင်ပို့တာ နည်းသွားတယ်။ ပုသိမ်ဆန်က ဆန်သား ၉၀ ရာခိုင်နှုန်းရှိတော့ ဆန်သားလှ တယ်။ ပုသိမ်ဆန် ကို တရုတ်ဘက်က ၁၄၈ ယွမ်ပေးဝယ်တော့ ပြည်တွင်းဈေး ကွက်နဲ့ သိပ်မကွာလို့ ဆန်တင်ပို့သူ နည်းသွားတယ်လို့ " ပြောပါတယ်။

တရုတ်ဈေးကွက်ကို ရန်ကုန်၊ ပခုက္ကူ၊ မကွေး၊ ပြည်မြို့များမှ ဆန် အများဆုံးတင်ပို့မှုရှိသော်လည်း ယခု ဆန်ဈေးနှုန်းမှာ ဈေးမကွာခြင်းနဲ့ ငွေ အကျေမခြေဘဲဝယ်ယူခြင်းကြောင့်တင် ပို့မှု နည်းလာကြောင်း သိရပါတယ်။ဇူးဇူး - မန္တလေး