Main menu

Background

ဈေးငြိမ်သော်လည်း အရောင်းအဝယ်အေးတဲ့ မန်းမတ်ပဲ

Tue, 05/07/2013 - 10:18 -- ydnar

မန္တလေးမြို့ပေါ်ရှိ ကုန်သည်ပွဲစား များမှ မတ်ပဲကို မန္တလေးတိုင်းဒေသကြီး အတွင်းရှိ လယ်ဝေး၊ ပျဉ်းမနား၊ တပ် ကုန်း၊ စဉ့်ကူး၊ မတ္တရာ၊ သပိတ်ကျင်းနဲ့ စစ်ကိုင်းတိုင်းဒေသကြီးရှိ ချောင်းဦး၊ မုံရွာစတဲ့ ဒေသများမှ အဓိက ဝယ်ယူ ရရှိ ပြီး၊ နှစ်စဉ် မတ်ပဲတန်ချိန် ၇၀၀၀ ကျော်ဝယ်ယူသိုလှောင်ဖြန့်ဖြူးရောင်းဝယ် လျက်ရှိကြောင်း သိရပါတယ်။

ယခင်က(ဧပြီ) ပထမအပတ်မှာ မတ်ပဲတစ်ပိဿာ ၈၁၇ ကျပ်(တစ်တန် ၅၀၀၃၂၃ ကျပ်)နဲ့ နေ့စဉ် သုံးတင်း ဝင်အိတ် ၈၀၀ ခန့်(၇၈ ဒသမ ၃၈၁ တန်ခန့်) အရောင်းအဝယ်ဖြစ်ခဲ့ပြီး၊ ယခုလ(မေလ) ပထမအပတ်မှာ မတ်ပဲ တစ်ပိဿာ ၈၃၃ ကျပ်(တစ်တန် ၅၁၀၁၂၁ ကျပ်)နဲ့ နေ့စဉ် သုံးတင်း ဝင်အိတ် ၅၀၀ ခန့်သာ (၄၈ ဒသမ ၉၈၈ တန်ခန့်) အရောင်းအဝယ်ဖြစ်လို့ ဈေးမာပေမယ့်အရောင်းအဝယ် အနည်းငယ် အေးကြောင်းသိရပါတယ်။ ဒေသတွင်းပဲခွဲ စက်များနဲ့ ရန်ကုန် ဝယ်လက်များမှ ဝယ်လိုအားပုံမှန်ရှိ ပေမယ့် အရောင်းအဝယ် သွက်လက်မှု မရှိကြောင်း သိရပါ တယ်။ မတ်ပဲအဓိက စိုက်ပျိုးတဲ့ မန္တလေးတိုင်းဒေသကြီး အတွင်းရှိ စဉ့်ကူးမြို့နယ်နဲ့ သပိတ် ကျင်းမြို့ နယ်ဖြစ်ပြီး ၊ တောင်သူများထံမှ မတ်ပဲလက်ကျန်အနည်းငယ်သာရှိသဖြင့် အရောင်းအဝယ်ပါးကြောင်း၊ ရာသီဥတု ဖောက်ပြန်ခြင်း၊ သဘာဝဘေးအန္တရာယ် (ငလျင်လှုပ်ခြင်း)ကြောင့် သီးနှံ အထွက် နှုန်းများစွာ ထိခိုက်ကြောင်း၊ ယခုအချိန် အထိ တစ်ပတ်ကို နှစ်ကြိမ်၊ သုံးကြိမ်ခန့် ပြင်းအားအနည်းငယ်ရှိတဲ့ ငလျင်လှုပ် ခတ်မှု ရှိနေသေးကြောင်း၊ ဒေသခံ တောင်သူ တစ်ဦးက ပြောကြားပါ တယ်။ အခြားဒေသခံတောင်သူ တစ်ဦး မှ မိမိတို့ မှန်းချက်နဲ့ မတ်ပဲ အထွက်နှုန်း မကိုက်လို့ အချိန်၊ လုပ်အားခနဲ့ရရှိမယ့် အခွင့်အရေး(မတ်ပဲဈေးအမြင့်မှာရှိသဖြင့် ငွေကြေးဆုံးရှုံးမှု) ဆုံးရှုံးနစ်နာ ရကြောင်း ပြောကြားပါတယ်။ ပြည်ပ(အိန္ဒိယ)အဆွဲမရှိပေမယ့် ရန်ကုန်ဝယ်လက်နဲ့ ဒေသတွင်း ပဲခွဲစက် တွေရဲ့ ပုံမှန်အဆွဲရှိတာကြောင့် မတ်ပဲ ဈေး ရုတ်တရက်ပြုတ်မကျဘဲ ဈေးငြိမ်နဲ့ အရောင်းအဝယ်ပုံမှန်ရှိနိုင်ကြောင်း ကုန်သည်ပွဲစားကြီး တစ်ဦးမှ သုံးသပ် ပြောကြားပါတယ်။စိုးအောင် - မန္တလေး