Main menu

Background

သောက်ရေသန့်ဈေးကွက်

Tue, 05/07/2013 - 10:22 -- ydnar

အညာနွေသည် ခါတိုင်း ထက်ပူသည်။ပြင်းသည်၊အရိပ်အောက် ခိုလှုံရသော အခြေအနေရှိသည်။နွေနေ ကြောင့် ကန်တွေ၊ဆည်တွေခန်းခြောက် စပြုနေသည်။ဆည်ရေအချို့ရေနည်း နေသည်။ရေမရှိသော ကန်ကများသည် ဟုဆို သည်။

နွေနေပူလေ သောက်ရေ လိုလာလေဖြစ်သည်။  နွားထိုးကြီး မြို့နယ်တွင်ယခုနှစ်သောက်ရေ သန့် ဈေးကွက်ဝင်နေသည်။ မြင်းခြံမှ ရွှေ မြန်မာ၊ တိုက်ချို၊ အိုကေ သောက် ရေသန့်တွေ ကားထော်လာ ဂျီပေါ်တင် ၍ ဖြန့်ဖြူးလျက်ရှိသည်။ မန္တလေးမှ လပ်ကီး၊  မြကန်သာ၊  မိတ္ထီလာမှ အယ်လ်ပိုင်း စသည့် သောက်ရေ သန့် တွေအပြိုင်အဆိုင်ဝင်သည်။ ယခင်ခေတ်ကလို ရေငန် သောက် မြက်ခြောက်မစားတော့ပေ။ဒေသရေတွင်းမှ ရေကိုမသုံးဘဲ သောက်ရေသန့်တွေကို သုံးလာကြ သည်။(၂၀)ကီလိုဝင်ရေတစ်ဘူး ၄၀၀၊၅၀၀၊၆၀၀၊၇၀၀ ဈေးရှိပြီး ၁၀၀၀ အထက်မရှိဘဲဈေးချိုချိုနှင့် အညာမှာ သောက်ရေသန့်သုံးနိုင်သည်။ နွေကာလအခါ ရေရှား သောအညာမှာသောက်ရေသန့်ကို လှိုင် လှိုင်သုံးနိုင်သည်။ဆေးရုံ၊ကျောင်း၊ ဘာသာရေးဘုရားကျောင်းကန်တွင် အကြီးစားသောက်ရေသန့်လှောင်အိုးနှင့် အလှူဒါနရှိသည်။သောက်ရေသန့်ဈေး ကွက်အညာမှာ ယခုထက်ပိုကောင်းရန် ရှိနေကြောင်းသိရသည်။ဌေးမြင့်မောင်