Main menu

Background

အဝင်များ အရောင်းသွက်နေတဲ့ အောင်ပန်းချင်းဈေးကွက်

Tue, 05/07/2013 - 10:41 -- ydnar

ဒီတစ်ပတ်တော့ အောင်ပန်းဈေးကွက်မှာ ချင်းအဝင်များလာပါတယ်။ အရင်အပတ်ကတော့ သြင်္ကန်ပြီး ကာစ အချိန်ဖြစ်တာကြောင့် အဝင်လည်းနည်း ပါတယ်။ အခုတစ်ပတ်တော့ သြင်္ကန်ပြီး၊ အလှူပွဲပြီး၊ တောင်သူတွေ လည်း လုပ်ငန်း ခွင်ကို ပုံမှန်ပြန်ပြီးဝင်လာပြီ။ တောင်သူတွေမှာတော့ ချင်းလက်ကျန်သိပ်မရှိတော့ဘူး လို့ သိရပါတယ်။ ဒါပေမယ့် ချင်းဈေးကွက်မှာတော့ လှောင်လက်တွေက ထုတ် ရောင်းနေလို့ အဝင်များနေပြီး၊ အရောင်းကလည်း သွက်နေပါတယ်။ ဒီတစ်ပတ်မှာ နယ်စပ်လမ်းကြောင်းကနေ စီးဆင်းမှုတွေများလာပါတယ်။ စစ်တွေမှတစ်ဆင့် ဘင်္ဂလားဒေ့ရှ်၊ တမူးကတစ်ဆင့် အိန္ဒိယကို သွားနေပြီး၊ တစ်ပတ်အတွင်း တန်ချိန် ၃၀၀ တင်ပို့ ခဲ့ရတယ်လို့ သိရပါတယ်။ ချင်း(စို) ဈေးကတော့ ပယ်ချင်းဆိုရင် ၂၅၀ ကျပ် - ၃၀၀ ကျပ်၊ မြေဖြူချင်းက ၅၇၀ ကျပ် - ၆၀၀ ကျပ်၊ မြေဝါချင်းက ၆၀၀ ကျပ် - ၆၂၀ ကျပ်၊ မြေနီချင်းက ၆၃၀ ကျပ် - ၆၅၀ ကျပ်ဈေးနှုန်းရှိ ပါတယ်။ ပြည်ပဝယ်လက် တွေ အဝယ်များနေသလို ပြည်တွင်းသုံးစွဲမှုလည်းများနေတယ်လို့ သိရှိရပါတယ်။

ချင်းခြောက်လည်းအရောင်းအဝယ်ကောင်းနေပြီး၊ ပြည်တွင်းဝယ်လက် တွေက အဓိကဝယ်ယူနေကြ ပါတယ်။ ရန်ကုန်၊ မန္တလေးစတဲ့မြို့ကြီးတွေအပါအဝင် ဒေသစုံက ဝယ်ယူနေတာကြောင့် တစ်ပတ်အတွင်း တန် ၂၀၀ အရောင်းအဝယ် ဖြစ်ခဲ့ပါတယ်။ ချင်းခြောက်ပေါက်ဈေးကတော့ အရည်အသွေးပေါ်မူတည်ပြီး တစ်ပိဿာ ၇၅၀ ကျပ်မှ ၁၂၇၅ ကျပ်ဈေးထိရှိတယ်လို့ အောင်ပန်းချင်းပွဲရုံတွေက သိရှိရပါတယ်။ဧဧခိုင် - တောင်ကြီး