Main menu

Background

မန်ကျည်း တင်ပို့မှုလျော့

Tue, 05/07/2013 - 10:43 -- ydnar

ပြည်ပကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ ဧပြီလ ၂၁ ရက်မှ ၂၇ ရက်နေ့တာကာလအတွင်း မန်ကျည်း ၄၃၈ တန်ကို တင်ပို့ခဲ့ပါတယ်။ ဒီတစ်ပတ်မှာ မလေးရှားနိုင်ငံကို တန်ချိန် ၂၀၀ နဲ့ စင်ကာပူနိုင်ငံကို ၂၃၈ တန်တင်ပို့ခဲ့ပါတယ်။ ယခင်သီတင်းပတ်မန်ကျည်းတင်ပို့မှုမှာ တန်ချိန် ငါးရာ့ရှစ်ဆယ်ကျော်တင်ပို့နိုင်ခဲ့တာ ကြောင့် ဒီတစ်ပတ်တင်ပို့မှုနဲ့ ယှဉ်ရင် တန်ချိန် တစ်ရာ့လေးဆယ်ကျော်လျော့နည်း ပြီး တင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။ FOB ဈေးက တစ်တန်ကို ကန်ဒေါ်လာ ၄၁၀ ဝန်းကျင်ရရှိခဲ့ပါတယ်။ ဒီတစ်ပတ်မန်ကျည်းတင်ပို့မှုမှ ကန်ဒေါ်လာ တစ်သိန်း ခုနှစ်သောင်းကျော် ဝင်ငွေရရှိခဲ့တယ်လို့ သိရပါတယ်။                                         MIRT (DOT)