Main menu

Background

ဓာတ်ဆီ၊ဒီဇယ်ဆီဈေးနှုန်းများ (6-5-13)

Tue, 05/07/2013 - 11:06 -- ydnar

ပင်လယ်ရေကြောင်းလမ်းမှ ဓာတ်ဆီ/ဒီဇယ်  တန်ချိန် ငါးထောင့်ငါးရာ ကျော်သာဝင် ဧပြီလ ၇ ရက် မှ   ၁၃ ရက် အတွင်း ဓာတ်ဆီ တန်ချိန် သုံးထောင့်ငါးရာ၊   ဒီဇယ်တန်ချိန် နှစ်ထောင်၊ စုစုပေါင်း တန်ချိန် ငါးထောင့်ငါးရာကို တင်သွင်းခွင့် လိုင်စင် လျှောက်ထားခဲ့တယ်လို့ သိရပါတယ်။ ဧပြီလပထမအပတ် အတွင်းမှာ ဓာတ်ဆီအဝင်မှာ တန်ချိန် တစ်သောင်းတစ်ထောင်ကျော်ရှိခဲ့ပြီး ဒီဇယ်အဝင်မှာ တန်ချိန် နှစ်သောင်း ခုနှစ်ကျော် စုစုပေါင်း ဓာတ်ဆီ၊ ဒီဇယ် အဝင်တန်ချိန်မှာ တန်ချိန် သုံးသောင်းရှစ်ထောင်ကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ တန်ချိန် သုံးသောင်း နှစ်ထောင်ကျော် အဝင်လျော့ခဲ့တယ်လို့ သိရပါတယ်။
 

ဒီတစ်ပတ် ဓာတ်ဆီ/ဒီဇယ်အရောင်းအဝယ်အခြေအနေများမှာ- ရန်ကုန်ဈေးကွက်တွင် ပုဂ္ဂလိက စက်သုံးဆီဆိုင်များတွင် ရောင်းချနေသော ဓာတ်ဆီ၊ ဒီဇယ်ဈေးမှာ  ယခင်ဈေးနဲ့ဘဲ ရောင်းချနေပြီး အောက်တိန်းမှာတစ်လီတာ ၁၀ကျပ်နဲ့အဆင့်မြင့်ဒီဇယ်ဈေးမှာ တစ်လီတာ ၁၀ ကျပ် ဈေးကျလာကြောင်း သိရပါ တယ်။ ဒီတစ်ပတ် ပုဂ္ဂလိက စက်သုံးဆီဆိုင်မှာ ရောင်းချနေတဲ့ဈေးမှာ ဓါတ်ဆီ တစ်လီတာ ၈၁၄ ကျပ်၊ ဒီဇယ်၈၆၀ ကျပ်၊ အောက်တိန်း ၈၆၀ ကျပ်နဲ့ အဆင့်မြင့် ဒီဇယ် ၈၈၀ ကျပ်ဖြင့် ရောင်းချတယ်လို့ သိရပါတယ်။ ပြင်ပလက်လီ ရောင်းချနေတဲ့ ဆိုင်များမှာ ဒီဇယ်၊ ဓါတ်ဆီ က ဈေးအတက်အကျ သိပ်မရှိဘူးလို့ သိရပါတယ်။ဒီတစ်ပတ်ဓာတ်ဆီဈေးက ဝယ်ဈေး တစ်ဂါလန် ၄၂၀၀ ကျပ်ဖြစ်ပြီး ရောင်းဈေး ၄၅၀၀ ကျပ်၊ ဒီဇယ်တစ်ဂါလန် ၃၂၀၀ ကျပ်ဝယ်ပြီး ၃၅၀၀ ကျပ်ဖြင့် အရောင်း အဝယ်ဖြစ် တယ်လို့ ဓာတ်ဆီ၊ ဒီဇယ် အရောင်းအဝယ်သမားတစ်ဦးထံမှ စုံစမ်းသိရှိခဲ့ ပါတယ်။ မန္တလေးဈေးကွက်မှာ ဓာတ်ဆီ၊ ဒီဇယ်က ပုံမှန် အရောင်းအဝယ်ရှိနေတယ်။ မန္တလေးဘက်မှာ ပုဂ္ဂလိကစက်သုံးဆီဆိုင်ရဲ့ ဈေးကမပြောင်းသလို ပြင်ပ လက်လီ ဆိုင်များရဲ့ ဈေးမှာလည်း မပြောင်းလဲဘဲငြိမ်နေ တယ်လို့ သိရပါတယ်။ ဒီတစ်ပတ် ပုဂ္ဂလိက စက်သုံးဆီဆိုင်ရဲ့ ဈေးမှာ ယခင်တစ်ပတ်ဈေးဖြစ်တဲ့  ဓါတ်ဆီ တစ်ဂါလံ ၃၈၀၀ ကျပ်၊ ဒီဇယ် တစ်ဂါလန် ၃၉၀၀ ကျပ်နဲ့ ရောင်းချနေပါတယ်။ ဒီတစ်ပတ် လက်လီဆိုင်များရဲ့ အရောင်းအဝယ်ဖြစ်နေတဲ့ ဈေးက ဓာတ်ဆီ တစ်ဂါလန် ဝယ်ဈေး ၃၈၀၀ ကျပ်၊ ရောင်းဈေး ၄၀၀၀ ကျပ် ဖြစ်ပြီး ဒီဇယ်က ဝယ်ဈေး ၃၃၀၀ ကျပ် ၊ ရောင်းဈေး ၃၅၀၀ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်တယ်လို့ ဓာတ်ဆီ၊ ဒီဇယ် ဝယ်ရောင်း သမားတစ်ဦးမှ ပြောပါတယ်။ မုံရွာဈေးကွက်မှာ ဓာတ်ဆီ၊ ဒီဇယ်က ပုံမှန်အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ ဒီတစ်ပတ်ပုဂ္ဂလိက စက်သုံးဆီဆိုင်ရဲ့ ဓာတ်ဆီ၊ ဒီဇယ်ဈေးမပြောင်း လဲပေမဲ့ ပြင်ပ လက်လီဆိုင်မှာ ဓာတ်ဆီဈေးအနည်း ငယ်မြင့်လာတယ်လို့ သိရပါ တယ်။ ဒီတစ်ပတ်ပုဂ္ဂလိက စက်သုံးဆီဆိုင်ရဲ့ဈေးမှာ ဓာတ်ဆီ ၃၈၅၀ ကျပ်၊ ဒီဇယ် ၃၅၀၀ ကျပ်နဲ့ ရောင်းချပါတယ်။ ပြင်ပလက်လီဆိုင်များမှာ အရောင်းအဝယ်ဖြစ်နေ တဲ့ ဈေးများမှာ ဓာတ်ဆီ တစ်ဂါလန် ၄၄၀၀ ကျပ်၊ ဒီဇယ် ၄၀၀၀ ကျပ်နဲ့ အရောင်း အဝယ်ဖြစ်တယ်လို့ သိရှိရပါတယ်။ မကွေးဈေးကွက်မှာ ပုဂ္ဂလိကစက်သုံးဆီဆိုင်ရဲ့ ဓာတ်ဆီ၊ ဒီဇယ် ဈေးမြင့်လာ တယ်လို့သိရပါတယ်။ ဒီတစ်ပတ် ပုဂ္ဂလိကဆိုင်ဈေးကဓာတ်ဆီ ၃၉၀၀ ကျပ်၊ ဒီဇယ် ၃၉၉၅ ကျပ်နဲ့ ရောင်းချတယ်လို့ သိရပါတယ်။ ပြင်ပ လက်လီဆိုင်မှာ ဓာတ်ဆီဈေး အနည်းငယ်မြင့်လာပေမဲ့ ဒီဇယ်ဈေး အနည်းငယ်ကျလာတယ်လို့သိရပါတယ်။ ပြင်ပ လက်လီဆိုင်များမှာဓာတ်ဆီတစ်ဂါလန် ၄၄၀၀ ကျပ်၊ ဒီဇယ် ၃၆၀၀ ကျပ်နဲ့ အရောင်း အဝယ်ဖြစ်နေတယ်လို့ သိရှိရပါတယ်။