Main menu

Background

ဒေါ်လာဈေး အနည်းငယ်မြင့်တက်လာ

Tue, 05/07/2013 - 11:02 -- ydnar

ယခုတစ်ပတ်တွင် အမေရိကန် ဒေါ်လာနှင့်မြန်မာငွေလဲလှယ်နှုန်းများ မြင့်တက်လာခဲ့ကြောင်း သိရသည်။ဗဟိုဘဏ်၏ငွေလဲနှုန်းမှာ ယခင် တစ်ပတ်ကအတိုင်း မြင့်တက်ခဲ့ခြင်း မရှိ သော်လည်း ငွေလဲစင်တာများတွင် ငွေ လဲနှုန်းများ အနည်းငယ်မြင့်တက်လာ ခဲ့ကြောင်း သိရသည်။

ပြင်ပဈေးကွက်တွင်မူ စင်တာများ  တရားဝင်ဖွင့်လှစ်ထားသည့်ငွေလဲကောင် တာများတွင် လဲလှယ်ပေးသည့်နှုန်းထား ထက် အနည်းငယ်ပိုပေး၍ ဝယ်ယူနေ ကြောင်း သိရသည်။"ဒီရက်ထဲမှာ အက်ဖ်အီးစီနဲ့ ဒေါ် လာနဲ့ လဲပေးရတာတွေ များတယ်။ အဲ ဒါကြောင့် ငွေလဲနှုန်းကနည်းနည်းတက် လာတာလို့ ထင်တယ်။ သိပ်အများကြီး တော့မတက်ပါဘူး။ ဗဟိုဘဏ်က သတ်မှတ်ထားတဲ့ပမာဏအပေါ်မှာပဲ နည်းနည်းကစားပြီးတော့ ဈေးကို သတ် မှတ်ပြီး အရောင်းအဝယ်လုပ်တာပါ။ ဗဟိုဘဏ်က ၈၉၀ ပဲသတ်မှတ်ထား တယ်။ အရင်အပတ်ကလည်း ဒီပမာဏ ပဲ။ အခုလည်း ဒီအတိုင်းပဲ။ ဒါပေမယ့် အဲဒီအပေါ်မှာ ကစားကြတာပေါ့။ တစ် နေ့ကို တစ်ကျပ်တစ်ကျပ်နဲ့ တက်လာ တာ ဒီနေ့ဆိုရင် ဝယ်ဈေးက ၈၈၈ ကျပ်၊ ရောင်းဈေးက ၈၉၈ကျပ် ဖြစ်လာ တယ်။ ဝယ်ဈေးနဲ့ရောင်းဈေးက ၁၀ လောက်ကွာလာတယ်။ အပြင်ဈေးနဲ့ ဆိုရင်လည်း လေးကျပ်လောက်ကွာ တယ်။ လေးကျပ်ကွာဟတဲ့ပမာဏဟာ သိပ်မသိသာဘူးထင်ရပေမယ့် ပမာဏ များရင်တော့ အရမ်းကို သိသာသွား တယ်။ အပြင်ကဈေးက နေ့တိုင်းတက် နေတာ။ အဲဒါက ဒေါ်လာဈေးတက် တော့မယ်လို့ ပြောနေသလိုပဲ"ဟု သိမ် ဖြူငွေလဲစင်တာမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ဧပြီလ ၂၉ရက်နေ့ကအမေရိကန် တစ်ဒေါ်လာလျှင် ဝယ်ဈေး ၈၈၆ကျပ်၊ ရောင်းဈေး ၈၉၆ကျပ် ရှိခဲ့ရာမှ မေလ ၃ရက်နေ့တွင် ရောင်းဈေး ၈၉၈ကျပ်၊ ဝယ်ဈေး ၈၈၈ကျပ်ဖြစ်ခဲ့သည်။ပြင်ပငွေကြေးဈေးကွက်တွင် မေ လ ၃ရက်နေ့က ရောင်းဈေး ၈၉၄ ကျပ်၊ ဝယ်ဈေး ၈၉၂ ကျပ်ရှိခဲ့သည်။မယ်သီတာ