ယခုတစ်ပတ်အတွင်း မြန်မာ့ရွှေ ဈေးသည် ကျဆင်းနေရာမှ တက်ဈေး ဖြင့် ဈေးပိတ်ခဲ့ကြောင်း သိရသည်။မြန်မာ့ရွှေဈေးသည် ငြိမ်သက်မှု မရှိဘဲ အတက်အကျများဖြင့် ရှိနေခဲ့ရာ ယခုတစ်ပတ်တွင်လည်း အတက်အကျ များရှိနေခဲ့ပြီး တက်ဈေးဖြင့်ပိတ်ခဲ့သည်။
"ရွှေဈေးက ဒီရက်ထဲမှာ အတက် ပြလိုက် ကျသွားလိုက်နဲ့။ အထည်တွေ ကတော့ တော်တော်ရောင်းရတယ်။ ဝယ်ရောင်းသမားတွေအတွက်ကတော့ တကယ့်ကို အလုပ်မဖြစ်ဘူး။ ဈေးက တက်လိုက် ကျလိုက်နဲ့ဆိုတော့ တစ်ခါ တစ်ခါ တစ်နေ့တည်းမှာတင် မနက် အဖွင့်ဈေးနဲ့ ညနေအပိတ်ဈေးတင် မတူဘူး။ တစ်နေ့တည်း ဈေးက အတက် အကျများနေရင် ဝယ်ရောင်း သမားတွေ အလုပ်မဖြစ်ဘူးပေါ့။ အ ထည်ဝယ်တဲ့သူတွေ ကတော့ ဈေးကျ နေတယ် ဆိုပြီးတော့ ဝယ်ကြတာများ တယ်။ အထည်အဝယ်များတော့လည်း ဈေးက လိုက်တက်လာတာပဲ။ ကမ္ဘာ့ ရွှေဈေး တက်တာလည်း ပါတာပေါ့။ ကမ္ဘာ့ရွှေဈေးက မနေ့ကနဲ့ ဒီနေ့ဆိုရင် ၂၃ဒေါ်လာလောက် တက်လာတယ်။ ဒါကြောင့်လည်း မြန်မာ့ရွှေဈေးတက် လာတာပဲ"ဟု ရွှေကုန်သည်တစ်ဦးက ဆိုသည်။မြန်မာ့ရွှေဈေးသည် ဧပြီလ ၂၉ ရက်နေ့က ကျပ် ၇၁၁၅၀၀ ရှိခဲ့ရာမှ မေလ ၂ရက်နေ့တွင် ကျပ် ၇၀၈၀၀၀ သို့ ကျဆင်းသွားခဲ့ပြီး မေလ ၃ရက်နေ့ တွင် ကျပ် ၇၁၁၄၀၀ သို့ ပြန်လည်မြင့် တက်လာခဲ့သည်။ကမ္ဘာ့ရွှေဈေးသည်လည်း ဧပြီလ ၂၉ရက်နေ့က ၁၄၇၂ဒေါ်လာရှိခဲ့ပြီး မေလ ၂ရက်နေ့တွင် ၁၄၅၃ဒေါ်လာ ရှိခဲ့ရာမှ မေလ ၃ရက်နေ့တွင် ၁၄၇၆ ဒေါ်လာသို့ ပြန်လည်မြင့်တက်ခဲ့သည်။မယ်သီတာ