ဓာတ်မြေသြဇာဈေးနှုန်းများ (6-5-13)

မြေသြဇာတန်ချိန် တစ်ထောင်နီးပါးဝင်
 
သီတင်းတစ်ပတ်ဖြစ်တဲ့ ဧပြီလ ၂၁ ရက်မှ ၂၇ ရက်နေ့အတွင်းမှာ ကန် ဒေါ်လာနှစ်သိန်းလေးသောင်းကျော် တန်ဖိုးရှိ မြေသြဇာတန်ချိန် ၉၉၉ တန်ကိုတင် သွင်းလာခဲ့ပါတယ်။ ဒီတစ်ပတ်မှာ တရုတ်နိုင်ငံမှ မြေသြဇာ ၂၇၅ တန်၊ ရုရှားနိုင်ငံ မှ ကွန်ပေါင်းမြေသြဇာ ၅၀၄ တန်၊ ထိုင်းနိုင်ငံမှ မြေသြဇာတန်ချိန် ၁၂၀ ၊ ကိုရီး ယားနိုင်ငံမှ မြေသြဇာ တန်ချိန် ၁၀၀ အသီးသီးဝင်လာခဲ့ပါတယ်။ ဒီတစ်ပတ်မှာ ကွန်ပေါင်းမြေသြဇာအ အများဆုံး ဝင်လာခဲ့တယ်လို့ သိရပါတယ်။ ယခင်သီတင်း ပတ်မြေသြဇာအဝင်က တန်ချိန် နှစ်ထောင့်ငါးရာကျော် ရှိခဲ့တာေ ကြာင့် ဒီတစ်ပတ် မှာ တန်ချိန် တစ်ထောင့်ငါးရာကျော်အဝင်နည်းခဲ့တယ်လို့ သိရပါတယ်။ MIRT (DOT)

 
ဈေးကွက်အတွင်း အတက်အကျဈေးမရှိ၊ ပုံမှန်ဈေးနဲ့ မြေသြဇာ
ယခုသီတင်းပတ်တွင် ပြည်တွင်းကို ရေလမ်းမှ မြေသြဇာအဝင်က ဧပြီ လ၂၁ ရက်မှ ၂၇ ရက်အတွင်း တန်ချိန် တစ်ထောင်နီးပါးဝင်ခဲ့တာကြောင့် ဒီတစ်ပတ်ရေ လမ်းမှ မြေသြဇာအဝင်နည်းခဲ့ပါတယ်။ နယ်စပ်လမ်းမှ ဒီတစ် ပတ်မှာ မြေသြဇာ တန်ချိန် တစ်သောင်းသုံးထောင်ကျော်အဝင်ပိုခဲ့တယ်လို့ သိရပါတယ်။ ဒီတစ်ပတ် မြေသြဇာ အရောင်းအဝယ်အေးတယ်လို့  သိရပါတယ်။ပြည်တွင်းဈေးကွက်များဖြစ်တဲ့မော်လမြိုင်မှာဈေးငြိမ်ပြီးအရောင်း အဝယ်ဖြစ် ပေမဲ့ တောင်ကြီး၊ မကွေးမှာ အရောင်းအဝယ်အေးတယ်လို့ သိရပါတယ်။ မန္တလေး ဈေးကွက်မှာ ဈေးအနည်းငယ် မြင့်လာပေမဲ့ မော်လမြိုင်၊ မကွေးဘက်မှာ ဈေးငြိမ်နေ တယ်လို့ို့ သိရပါတယ်။    မန္တလေးဈေးကွက်မှာလည်း ဒီတစ်ပတ် မြေသြဇာ အရောင်းအဝယ်  ပုံမှန်ရှိတယ်လို့သိရပါတယ်။ ဒီတစ်ပတ်မှာ ယူရီးယား (ပန်းဖူး-တရုတ်)၁၁၀၀ ကျပ်၊ တီစူပါ (၄၆%-တရုတ်) ၉၀၀ ကျပ်၊ တီစူပါ (၁၆%-တရုတ်) ၉၀၀ ကျပ်၊အာမို (၁၀း၁၀း၅) ၉၀၀ ကျပ် ဈေးမြင့်လာတယ်လို့ သိရပါတယ်။ဒီလို ဈေးမြင့်ရတာကလည်း သယ်ယူတဲ့ ကားခဈေးနည်းနည်းတက်လို့ ဈေးတက်ရ တာလို့သိရပါတယ်။ ဈေးကွက်အတွင်းအရောင်းအဝယ်ဖြစ်နေတဲ့ ဈေးမှာ ယူရီးယား (ရွှေတောင်-တရုတ်) ၁၈၇၀၀ ကျပ်၊ ယူရီးယား(ပန်းဖူး-တရုတ်) ၁၉၆၀၀ ကျပ်၊ တီစူပါ (GTSP ၄၆%-တရုတ်) ၁၉၂၀၀ ကျပ်၊ တီစူပါ (GSSP ၁၆%-တရုတ်) ၈၁၀၀ ကျပ်၊ တီစူပါ (GSSP ၁၂%-တရုတ်) ၇၀၀၀ ကျပ်၊ အာမို (၁၀း၁၀း၅) ၁၃၁၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ ၃၂ လမ်း ၈၆-၈၇ ကြားမှာရှိတဲ့ ပွဲရုံတန်းစိုက်ပျိုးရေးအရောင်းဆိုင်မှ စုံစမ်းရရှိခဲ့ ပါတယ်။တောင်ကြီးဈေးကွက်မှာ မြေသြဇာက ဒီတစ်ပတ်မှာလည်း အရောင်း အဝယ်ပါးတယ်လို့ သိရပါတယ်။ အရောင်းအဝယ်အေးပေမဲ့ ဒီတစ်ပတ်မှာ တီစူပါမြေသြဇာက ဈေးအနည်းငယ်မြင့်လာပြီး ယူရီးယားမြေသြဇာ၊ ဓါတ် ဆား၊ ပိုတက်စတဲ့ မြေသြဇာတွေက ဈေးကျလာပါတယ်။ ဒီတစ်ပတ်ဈေး ကွက်ထဲ အရောင်းအဝယ်ဖြစ်တဲ့ဈေးမှာ ယူရီးယား-ပုလဲ (ကမ္ဘာလုံး၊ပန်းဖူး၊ ရွှေတောင်) (တရုတ်) ၁၉၀၀၀ ကျပ်၊ တီစူပါ ၁၂%(တရုတ်) ၉၀၀၀ ကျပ်၊ တီစူပါ ၁၆%(တရုတ်) ၉၅၀၀ ကျပ်၊ တီစူပါ ၁၅း၁၅း၁၅ (တရုတ်) ၃၅၀၀၀ ကျပ်၊ တီစူပါ ၁၀း၁၀း၅ (တရုတ်) ၁၃၅၀၀ ကျပ်၊ ဓါတ်ဆား(တရုတ်) ၁၃၅၀၀ ကျပ်၊ ပိုတက်(တရုတ်) ၂၄၀၀၀ ကျပ်၊ ယူရီးယား(ယူအေအီး) ၁၉၂၀၀ ကျပ်၊ မြှားကမ္ဘာ ၁၃၅၀၀ ကျပ်ဈေးရှိတယ်လို့  အရှေ့မြို့ပတ်လမ်းမှာရှိတဲ့ မြေသြဇာ အရောင်းဆိုင်မှ စုံစမ်းသိရှိရပါတယ်။မော်လမြိုင်မြေသြဇာဈေးကွက်မှာ မြေသြဇာကအရောင်းအဝယ် ပုံမှန်ရှိတယ်လို့ဆိုပါတယ်။ အရောင်းအဝယ် ပုံမှန်ရှိပေမဲ့ မြေသြဇာ ဈေးက တော့ အပြောင်းအလဲမရှိဘဲ ယခင်တစ်ပတ်ဈေးအတိုင်း ငြိမ်နေတယ်လို့ သိရ ပါတယ်။ မတ်လလဆန်းကတည်းက ဈေးငြိမ်နေခဲ့တာ အခုထိအောင် ဈေး ဆက်ငြိမ်နေပါတယ်။ မိုးကျလာ ရင်တော့ အရောင်းအဝယ်ကောင်းလာနိုင် တယ်လို့ခန့်မှန်းကြပါတယ်။ ဒီတစ်ပတ်ဈေးကွက်ထဲ အရောင်း အဝယ် ဖြစ်နေ တဲ့ ဈေးကပုလဲ-အသေး (ရွှေတောင်၊ ရွှေပျား၊ ရွှေတုံး) (တရုတ်) ၂၀၀၀၀ကျပ်၊ ကွန်ပေါင်း  ၁၅း၁၅း၁၅(ထိုင်း) (အစိမ်း) ၃၅၀၀၀ ကျပ်၊ ကွန်ပေါင်း(ပန်းရောင်-ထိုင်း) ၃၀၅၀၀ ကျပ်၊ ကွန်ပေါင်း ၁၆း၁၆း၈ (မြင်းပျံ-ထိုင်း)၂၉၅၀၀ ကျပ်၊တီစူပါ ၄၆%(သံကွင်း-တရုတ်) ၂၁၅၀၀ ကျပ်၊ တီစူပါ ၁၆%(မြှားကမ္ဘာ-တရုတ်) ၁၁၀၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ စုံစမ်း သိရှိရပါတယ်။မကွေးဈေးကွက်မှာ မြေသြဇာ က ဒီတစ်ပတ်မှာ အရောင်းပါးတယ် လို့ မြေသြဇာရောင်းဝယ်ရေး လုပ်ငန်းရှင် တစ်ဦးက ပြောပါတယ်။ ဒီအချိန်က ရာသီချိန်လည်းမဟုတ်တာကြောင့် အရောင်းပါးတယ်။ အရောင်းပါးပေမဲ့ ယခင်တစ်ပတ်ဈေးအနည်းငယ်မြင့်ခဲ့တဲ့ မြေသြဇာဈေးက ဒီတစ်ပတ်မှာ ဈေး ငြိမ်နေတယ်လို့ သိရပါတယ်။ ဒီတစ် ပတ် ဈေးကွက်ထဲ အရောင်း အဝယ် ဖြစ်နေတဲ့ ဈေးက ယခင်တစ်ပတ်ဈေး အတိုင်း မြှားကမ္ဘာ-တရုတ်(အစိမ်း) ၁၃၈၀၀ ကျပ်၊ (အပြာ)၁၄၁၀၀ ကျပ်၊ ဆင်၁၀း၁၀း၅ ၁၃၇၀၀ ကျပ်၊ အာမို (၁၀း၁၀း၅)၁၄၅၀၀ ကျပ်၊ အာမို (၁၅း၁၅း၁၅)၃၅၀၀၀ ကျပ်၊ အာမို (၁၆း၁၆း၈) ၃၃၅၀၀ ကျပ်၊ ယူရီးယား-ပုလဲ-(ပန်းဖူး-တရုတ်) ၂၀၆၀၀ ကျပ်၊ ယူရီးယား-ပုလဲ(ရွှေတောင်-တရုတ်) ၂၀၀၀၀ ကျပ်၊ ပိုတက် ၂၄၈၀၀ ကျပ်၊ အောင်ကမ္ဘာ ၁၀း၁၀း၅ ၁၅၈၀၀ ကျပ်နဲ့ အရောင်းအဝယ် ဖြစ်တယ်လို့ သိရပါတယ်။MIRT (DOT)