Main menu

Background

ဘိလပ်မြေဈေးနှုန်းများ(6-5-13)

Tue, 05/07/2013 - 12:21 -- ydnar

ဘိလပ်မြေတန်ချိန် သုံးသောင်းခုနှစ်ထောင်နီးပါးဝင် ပြည်တွင်းကို ပင်လယ်ရေကြောင်းလမ်း မှ ဧပြီ ၂၁ ရက်မှ ၂၇ ရက်နေ့အတွင်း ကန်ဒေါ်လာ သုံးဆယ့် တစ်သိန်းကျော်တန်ဖိုးရှိ ဘိလပ်မြေတန်ချိန် ၃၆၈၉၆ ဒသမ ၂၁ တန်ကို တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်မှာ စင်ကာပူနိုင်ငံမှ ဘိလပ်မြေ ၄၆ တန်၊ အိန္ဒိယနိုင်ငံမှ ဘိလပ်မြေတန်ချိန် ၁၈၁၅၀ နဲ့ ထိုင်းနိုင်ငံမှ ဘိလပ်မြေ ၁၈၇၀၀ တန်တင်သွင်းခဲ့တယ်လို့ သိရပါတယ်။ ဒီတစ်ပတ်မှာ ထိုင်းနိုင်ငံမှ ဘိလပ်မြေအများ ဆုံးတင်သွင်းလာတယ်လို့ သိရပါတယ်။ ယခင်သီတင်းပတ်ဘိလပ်မြေအဝင်က တန်ချိန် နှစ်သောင်းကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ တန်ချိန် တစ်သောင်း ခြောက်ထောင်ကျော်အဝင်ပိုခဲ့တယ်လို့ သိရပါတယ်။               MIRT (DOT)

 
ဈေးပုံမှန်လေးနဲ့ ရောင်းအားရှိနေဆဲ ဘိလပ်မြေ ဧပြီလ ၂၀ ရက်မှ ၂၇ ရက်သီတင်းပတ်တွင် ပြည်တွင်းကို ရေလမ်းမှ ဘိလပ် မြေ တန်ချိန် သုံးသောင်း ခြောက်ထောင်ကျော်ဝင်လာခဲ့တယ်လို့ သိရပါတယ်။ရေကြောင်းလမ်းမှ ဘိလပ်မြေအဝင်ပိုခဲ့ပေမဲ့ နယ်စပ်လမ်းများမှ ဘိလပ်မြေအဝင် တန်ချိန် နှစ်ထောင်နီးပါးလျော့ခဲ့တယ်လို့သိရပါတယ်။ ဒီတစ်ပတ်မှာလည်း မန္တလေး၊  တောင်ကြီး၊ မော်လမြိုင်မှာ အရောင်းပုံမှန်ရှိတယ်လို့ သိရပါတယ်။ဒီတစ်ပတ် ဘိလပ်မြေဈေးကွက်အခြေအနေများမှာ- တောင်ကြီးဈေးကွက်မှာ ဘိလပ်မြေက ဒီတစ်ပတ်မှာ အရောင်းအဝယ် သွက်တယ်လို့ သိရပါတယ်။ ဒီတစ်ပတ်မှာ နဂါးဘိလပ်မြေနဲ့ စိန်ဘိလပ်မြေက အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ ဈေးကွက်ထဲ ဆင်ဘိလပ်မြေက ပစ္စည်း ပြတ်နေပြီး စိန်ဘိလပ်မြေက တစ်ရာဝန်းကျင်ဈေးကျလာပါတယ်။ ကျားခေါင်း ဘိလပ်မြေက ၆၀၀ ကျပ်၊ နဂါးဘိလပ်မြေက ၉၀၀ ကျပ်ဈေးမြင့်ပြီး အရောင်းအ ဝယ်ဖြစ်တယ်လို့ သိရပါတယ်။ ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ်နေတဲ့ ဈေးတွေက စိန်(ယိုးဒယား) ၇၆၀၀ ကျပ်၊ ခြင်္သေ့ဘိလပ်မြေ က ၅၁၀၀ ကျပ်၊ မြို့တော် ဘိလပ်မြေ က ၄၇၀၀ ကျပ်၊ ကျားခေါင်းဘိလပ်မြေက ၆၁၀၀ ကျပ်၊ နဂါးဘိလပ်မြေက ၆၇၀၀ ကျပ်အရောင်းအဝယ်ဖြစ်တယ်လို့ အနောက်မြို့ပတ်လမ်းမှာရှိတဲ့ ဘိလပ်မြေ အရောင်းဆိုင်မှ စုံစမ်းသိရှိခဲ့ပါတယ်။မော်လမြိုင်ဘိလပ်မြေဈေးကွက်မှာ ဘိလပ်မြေက ဒီတစ်ပတ်မှာ အရောင်း ပုံမှန်ရှိတယ်လို့ သိရပါတယ်။ သြင်္ကန်အပြီး ဈေးကွက်ထဲ ဈေးကျလာတဲ့ ဘိလပ် မြေက ဒီတစ်ပတ်မှာလည်း ယခင်တစ်ပတ်ဈေးနဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ ဒီတစ်ပတ်ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ်တဲ့ ဈေးက ဆင် (ထိုင်း) ဘိလပ်မြေ ၅၅၅၀ ကျပ်၊ မြင်းခေါင်း ဘိလပ်မြေ ၄၁၀၀ ကျပ်၊ ကြံ့(မြိုင်ကလေး) ဘိလပ်မြေ ၄၇၀၀ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။မန္တလေးဈေးကွက်မှာ ဘိလပ်မြေက အရောင်းအဝယ်ပုံမှန်ရှိတယ်လို့  သိရ ပါတယ်။ ဈေးကွက်ထဲပစ္စည်းတွေက ဆက်တိုက်ဆိုသလို အဝင်ရှိခဲ့တယ်။အရောင်း အဝယ်ကောင်းတယ်။ ပစ္စည်းလည်းအဝင်ရှိနေပေမဲ့ လည်း အေသုံး လုံး ဘိလပ်မြေ၊ ဆင်တံဆိပ်ဘိလပ်မြေ၊ ဆင်မင်းဘိလပ်မြေနဲ့ မြင်းခေါင်းဘိလပ်မြေများက တစ်ရာ ဝန်းကျ င်ဈေးမြင့်လာပါတယ်။ ဒီတစ်ပတ် ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ် နေတဲ့ ဘိလပ်မြေဈေးနှုန်းတွေက ဆင်ဘိလပ်မြေ ၆၈၀၀ ကျပ်၊ စိန်ဘိလပ်မြေ ၆၇၀၀ ကျပ်၊ အေသုံးလုံး ဘိလပ်မြေ ၅၇၀၀ ကျပ်၊ မြန်မာဆင် ဘိလပ်မြေ ၅၂၀၀ ကျပ်၊ ဆင်မင်းဘိလပ်မြေ ၅၁၀၀ ကျပ်၊ ကျားခေါင်းဘိလပ်မြေ ၅၂၀၀ ကျပ်၊ မြင်းခေါင်း ဘိလပ်မြေ ၅၀၀၀ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ ၆၂ လမ်း၂၉-၃၀ ကြားမှာရှိတဲ့ ဘိလပ်မြေအရောင်းဆိုင်မှ စုံစမ်းသိရပါတယ်။