Main menu

Background

မလေးရှားရွေးကောက်ပွဲ နီးကပ်လာသဖြင့် စားအုန်းဆီဈေးတက်

Tue, 05/07/2013 - 12:32 -- ydnar

မလေးရှားနိုင်ငံမှာ ရွေးကောက်ပွဲနီးကပ်လာတဲ့အတွက် ရင်းနှီးမြှုပ်နှံသူအများ အပြားက ဈေးကွက်ရှာ လာချိန်နဲ့အတူ အရောင်းအဝယ်လည်း တင်းကျပ်လာတဲ့ အတွက် မလေးရှားစားအုန်းဆီကြိုရောင်းဈေး များ မြင့်တက် လာပါတယ်။ဒါပေမဲ့မြင့် တက်လာတဲ့ဈေးနှုန်းကို ပို့ကုန်ကိန်းဂဏန်း အချက်အလက်တွေ ကျဆင်းမှုက ထိန်းချုပ်ထား သလို ဖြစ်ခဲ့ပါတယ်။

 
စားအုန်းဆီထုတ်လုပ်ရာ မှာ ဒုတိယအများဆုံးဖြစ်တဲ့မလေးရှား နိုင်ငံရဲ့ အထွေ ထွေ ရွေးကောက်ပွဲကို မေ ၅ ရက်နေ့မှာကျင်းပတော့မှာဖြစ်ပါတယ်။ဒီရွေး ကောက်ပွဲက အရှေ့တောင် အာရှဒေသမှ စီးပွားရေး အရတတိယ နေရာမှာရှိနေတဲ့ မလေးရှားနိုင်ငံကို ၅၆ နှစ်ကြာအုပ်ချုပ်ခဲ့တဲ့ညွန့်ပေါင်းအစိုးရ ရဲ့အာဏာကို ပြင်းပြင်း ထန်ထန်စမ်းသပ်တော့မှာ ဖြစ်ပါတယ်။ မေ ၃ ရက်နေ့လည်က  Bursa Malaysia Derivatives Exchange မှာဇူလိုင်အတွက် အခြေခံ စာချုပ်ဈေးနှုန်းက သုည ဒသမ ၄ ရာခိုင်နှုန်းမြင့်တက်ပြီး တစ်တန်ကို ၂၂၆၉ ရင်းဂစ်(၇၄၅ဒေါ်လာ)နှုန်းရှိခဲ့ပါတယ်။ဈေးနှုန်းခွင်က ၂၂၆၁ ရင်းဂစ်နဲ့ ၂၂၈၂ ရင်းဂစ်ကြားရှိနေပါတယ်။ ဟင်းရွက်ဆီဈေးကွက်မှာ အမေရိကန်ပဲပုပ်ဆီရဲ့ ဇူလိုင်ကြိုရောင်း ဈေးက မနက်ပိုင်းအာရှဈေးကွက်မှာ သုညဒသမ ၆ ရာခိုင်နှုန်း မြင့်တက်ခဲ့ပါတယ်။တရုတ် နိုင်ငံဒါလီယန်ကုန်စည်ဒိုင်မှာ စက်တင်ဘာအတွက် ပဲပုပ်ဆီဈေးက သုည ဒသမ ၅ ရာခိုင်နှုန်းမြင့်တက်ခဲ့ပါတယ်။                                                        UNT