Main menu

Background

နှမ်းဖြူ ညို နက် ဈေးအမြင့်မှာရှိသလို မန်းနွေနှမ်းများလည်း ဈေးကွက်ကို စောဝင်နိုင်

Tue, 05/07/2013 - 12:29 -- ydnar

မန်းဆီထွက်သီးနှံ ဈေးကွက်မှာ သြင်္ကန်မတိုင်မီက နှမ်းဖြူတစ်ပိဿာ ၂၆၀၀ ကျပ်မှ ၂၆၂၂ ကျပ်(၃ တင်း တစ်အိတ်) ၁၇၀၀၀၀ ကျပ်မှ ၁၁၈၀၀၀ ကျပ်၊ နှမ်းညိုတစ်ပိဿာ ၂၃၅၆ ကျပ်မှ ၂၃၇၈ ကျပ်(၃ တင်းတစ်အိတ် ၁၀၆၀၀၀ ကျပ်မှ ၁၀၇၀၀၀ ကျပ်)၊ နှမ်းနက် တစ်ပိဿာ ၂၆၆၇ ကျပ်(၃ တင်း တစ်အိတ် ၁၂၀၀၀၀ ကျပ်)၊ ဆီ နေကြာ တစ်ပိဿာ ၈၈၉ ကျပ်မှ ၉၂၆ ကျပ်(၃ တင်းတစ်အိတ် ၂၄၀၀၀ ကျပ်မှ ၂၅၀၀၀ ကျပ်)၊ ပန်းနှမ်းတစ်ပိဿာ ၁၀၈၉ ကျပ်မှ ၁၁၁၁ ကျပ်(၃ တင်း တစ်အိတ် ၄၉၀၀၀ ကျပ်မှ ၅၀၀၀၀ ကျပ်)၊ အညာဆီဆန် တစ်ပိဿာ ၁၆၅၀ ကျပ်မှ ၁၆၇၅ ကျပ်၊ ကျွန်းဆန် ၁၆၂၅ ကျပ်မှ ၁၆၅၀ ကျပ်နဲ့ အရောင်း အဝယ်ဖြစ်ခဲ့ပါတယ်။သြင်္ကန်အပြီး ဧပြီ လနောက်ဆုံးပတ်မှာတော့ နှမ်းဖြူ တစ် ပိဿာ ၂၇၁၁ ကျပ်မှ ၂၈၄၄ ကျပ်(၃ တင်းတစ်အိတ် ၁၂၂၀၀၀ ကျပ်မှ ၁၂၈၀၀၀ ကျပ်)၊ နှမ်းညိုတစ်ပိဿာ ၂၄၀၀ ကျပ်မှ ၂၄၄၄ ကျပ်(၃ တင်း တစ်အိတ် ၁၀၈၀၀၀ ကျပ်မှ ၁၁၀၀၀၀ ကျပ်)၊ နှမ်းနက် တစ်ပိဿာ ၂၆၆၇ ကျပ် (၃ တင်းတစ်အိတ် ၁၂၀၀၀၀ ကျပ်)၊ အညာဆန် ၁၆၅၀ ကျပ်မှ ၁၇၀၀ ကျပ်၊ ကျွန်းဆန် ၁၆၀၀ ကျပ်မှ ၁၆၅၀ ကျပ်နဲ့ ဈေးမြင့်အရောင်းအဝယ် ဖြစ်လာတယ်လို့ ကုန်သည်များမှ ပြော ပါတယ်။

မန်းဆီဈေးကွက်အနေနဲ့ ဧပြီလ နောက်ဆုံးပတ်မှာ ပဲဆီတစ်ပိဿာ ၃၂၀၀ ကျပ်မှ ၄၀၀၀ ကျပ်၊ နှမ်းဆီ ၃၈၀၀ ကျပ်မှ ၄၂၀၀ ကျပ်၊ စားအုန်းဆီ ၁၅၃၅ ကျပ်မှ ၁၅၅၀ ကျပ်နဲ့ အတက် အကျ အနည်းငယ်နဲ့ ဈေးငြိမ်နေတယ် လို့ဆီကုန်သည်များမှပြောပါတယ်။ပဲဖတ် တစ်ပိဿာ ၈၇၀ ကျပ်မှ ၈၉၀ ကျပ်၊ နှမ်းဖတ်တစ်ပိဿာ ၁၀၅၀ ကျပ် မှ ၁၁၀၀ကျပ်နဲ့ အရောင်းအဝယ် သွက် ကြောင်း၊ မန်းတိုင်း ဆီဈေးကွက်ကို တစ်ပတ်အတွင်း စားအုန်းဆီ တန် ၄၅၀ မှ ၅၀၀ ကြား ဆီပိဿာချိန် ၂၅၀၀၀၀ မှ ၃၀၀၀၀၀ ပုံမှန်အဝင်ရှိတယ်လို့ ဂိတ် ဖြတ်စာရင်းများအရ သိရပါတယ်။ မန်း နှမ်း မျိုးစုံဈေးကွက်မှာ ပစ္စည်းလက် ကျန်များ နည်းနေကြောင်း၊ နွေနှမ်းနက် များ အနေနဲ့ ဧပြီနောက်ဆုံးပတ် မိုး ကြောင့် အောင်မြင်ဖြစ်ထွန်းမှုအား ကောင်းပြီး၊ အထွက်စောပြီး ဈေးကွက် ဝင်ရောက်နိုင်တယ်လို့ နှမ်းကုန်သည် များမှ သုံးသပ်နေကြပါတယ်။နိုင်ထွန်း - မန္တလေး