ဘုရင့်နောင်ဈေးကွက်မှာ မတ်ပဲနှင့် ပဲစင်းငုံနီဈေးကျပေမဲ့ အရောင်းအဝယ် ပုံမှန်ရှိနေ
ဘုရင့်နောင်ဈေးကွက်မှာ သြင်္ကန်အလွန်တွင် မတ်ပဲ (RC) နဲ့ပဲစင်းငုံ (RC) ကိုဈေးကောင်းရလိုတဲ့ လှောင်လက်တွေက ဝယ်ယူ စုဆောင်းတာ ရယ်၊ ဒေါ်လာဈေးအနည်းငယ်တက်လာတာရယ်ကြောင့် မတ်ပဲနဲ့ ပဲစင်းငုံနီ က ဈေးမြောက်ခဲ့ပေမယ့် ဒီတစ်ပတ်မှာတော့ မတ်ပဲ (RC) ကို ပြည်ပ ဝယ်လက်က ဈေးချအဝယ်ရှိသလို ဝယ်အားပါနည်း လာတာကြောင့် တစ်တန်ကို ၈၀၀၀ ကျပ်ခန့်ဈေးဆင်းသွားတယ်လို့ ဈေးကွက် အတွင်းမှသိရပါတယ်။ အရောင်းအဝယ်အနေနဲ့ တစ်တန် ကို ၅၅၇၀၀၀ ကျပ်ဝန်းကျင်နဲ့ ဒိုင်ပြင်ပဈေးကွက်မှာ အရောင်းအဝယ် ဖြစ်မှုနည်းသွားတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ပဲစင်းငုံနီ(RC) ကို လည်း အိန္ဒိယဝယ်လက်က ဝယ်လိုအားကျဆင်းသွားတာကြောင့် ဈေးသိသာစွာ ကျဆင်းလာပြီး တစ်တန်ကို ၆၆၀၀၀၀ ကျပ်ဈေးနဲ့ ဒိုင်ပြင်ပဈေးကွက်မှာ နေ့စဉ်အရောင်းအဝယ်ရှိနေကြောင်း ဈေးကွက် အတွင်းမှ သိရပါတယ်။
