Main menu

Background

မကွေးဈေးကွက်မှာ ပဲစင်းငုံနီနဲ့ ကုလားပဲ(ထိုင်ဝမ်) ဈေးကျလာ

Tue, 05/07/2013 - 12:47 -- ydnar

မကွေးဈေးကွက်မှာ ဒီတစ်ပတ် ပဲစင်းငုံနီကို အိတ်စပို့အတွက် ဝယ်ယူနေတဲ့ ရန်ကုန်ဝယ်လက်က ဈေးချအဝယ်ရှိသလို ရောင်းသူ ကုန်သည်များကလည်း ဈေးကွက်မျှော်လင့်ချက်နဲ့ အရောင်းနည်း သွားတယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၁၀၄၀ ကျပ်(တစ်တန်ကို ၆၃၆၈၈၅ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၂၀၀ ခန့်သာဖြစ်ခဲ့ကြောင်း ဈေးကွက်အတွင်းမှ သိရပါတယ်။ ကုလားပဲ(ထိုင်ဝမ်)က သြင်္ကန်အပြီးမှာ ဈေးမြောက်လာပြီး အရောင်း အဝယ်သွက်ခဲ့ပေမယ့် ဒီတစ်ပတ်မှာတော့ ရန်ကုန်ဝယ်လက်နဲ့ ပဲခွဲ စက်တွေက အဝယ်လျော့သွားတာကြောင့် ဈေးကျလာပြီး တစ်ပိဿာ ကို ၉၆၆ ကျပ်(တစ်တန်ကို ၅၉၁၅၆၈ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၃၀၀ မှ ၅၀၀ ကြားအရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။