Main menu

Background

လားရှိုးဈေးကွက်မှာ ပြောင်းကို တရုတ်အဝယ်ပါးလို့ ဈေးကျ

Tue, 05/07/2013 - 12:50 -- ydnar

လားရှိုးဈေးကွက်မှာ ပြောင်းကို တရုတ်ဝယ်လက်က တရုတ် ဘက်မှာ ကြက်ငှက်ရောဂါကြောင့် ဝယ်လိုအားပါးသွားလို့ ယခင်အ ပတ်နဲ့စာ ရင် ဈေးကကျရိပ်သန်းနေကြောင်း သိရပါတယ်။ အရင်က တရုတ်က တိရစ္ဆာန်အစားအစာအတွက် ပြောင်းကို ဝယ်လိုအားပုံမှန် ရှိခဲ့ပေမယ့် အခုကာလ မှာ ကြက်ငှက်ရောဂါကြောင့် ကြက်စာအ တွက်ဝယ်လိုအားပါးသွားလို့ အခုလိုဈေးတွေကျဆင်းလာတာလို့ ပွဲရုံ ရပ်ကွက်မှ သိရပါတယ်။ အရောင်း အဝယ်ဖြစ်မှုကတော့ တစ်ပိဿာ ၄၄၀ ကျပ်ဈေးနဲ့ တစ်ပတ်အတွင်း ပိဿာချိန် ၁၇၅၀၀၀၀ ခန့်သာ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။