Main menu

Background

ပခုက္ကူဈေးကွက်မှာ ပဲစင်းငုံနီနဲ့ ကုလားပဲဖြူလုံးကြီး အောက်ဈေးနဲ့ အရောင်းအဝယ်ဖြစ်

Tue, 05/07/2013 - 13:06 -- ydnar

ပခုက္ကူဈေးကွက်မှာ ယခင်အပတ်က တစ်ပိဿာကို ၁၀၆၅ ကျပ်(တစ်တန်ကို ၆၅၂၁၉၅ ကျပ်)ဈေးနဲ့ အရောင်းအဝယ်ဖြစ်ခဲ့တဲ့ ပဲစင်းငုံနီက ဒီတစ်ပတ်မှာတော့ ရန်ကုန်ဝယ်လက်က ဈေးလျော့အ ဝယ်ရှိသလို ဝယ်အားပါနည်းသွားတာကြောင့် ဈေးကျလာပြီး တစ် ပိဿာကို ၁၀၄၅ ကျပ်(တစ် တန်ကို ၆၃၉၉၄၇ ကျပ်)ဈေးနဲ့ တစ်ရက် ကို အိတ် ၃၀၀ ခန့်သာအရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ဒါ့အပြင် ကုလားပဲဖြူလုံးကြီးကိုလည်း မြို့ခံ ပဲခွဲစက်တွေက ဝယ်လို အားပုံမှန်ထက်စာရင် လျော့သွားတာကြောင့် ဈေးကျလာပြီး တစ် ပိဿာကို ၉၇၃ ကျပ်(တစ်တန်ကို ၅၉၅၈၅၅ ကျပ်) ဈေးနဲ့ နေ့စဉ် အိတ် ၁၅၀ မှ ၂၀၀ ကြားအရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါ တယ်။